ဗုဒ္ဓဘာသာ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁၃ -
 
== ထေရဝါဒနှင့်မဟာယာန ==
(၁) နှစ်ဖက်လုံးက သကျမုနိ ဗုဒ္ဓ မြတ်စွာကို အမြင့်မြတ်ဆုံးသောမြတ်စွာဘုရား အဖြစ်လက်ခံကြသည်။ (၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အဝလက်ခံကြသည်။ (၃) မဂ္ဂင်ရှစ်ပါး လမ်းစဉ်သည် နှစ်ဖက်လုံး၏ တရားဖြစ်သည်။ (၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်သည် နှစ်ဖက်လုံးတွင် အတူတူပဲဖြစ်သည်။ (၅) ဖန်ဆင်းရှင်(God) ကို နှစ်ဖက်လုံးတွင် လက်မခံကြပါ။ (၆) အနိစ္စ ၊ဒုက္ခ၊အနတ္တ နှင့် သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတဲ့ အတွက် ဗုဒ္ဓရှင်တော်၏ အဓိက တရားအနှစ်တွေသည် မကွဲပြားဘူးလို့ ဆိုရပါမည်။ အနတ္တ ကို နှစ်ဖက်လုံးတွင်လက်ခံပါသည်။ ဗုဒ္ဓဘာသာ၏ အယူဝါဒများ ဗုဒ္ဓနှင့် ဗုဒ္ဓသားတော်တို့ ဟောကြားအပ်သော “ပိဋကတ်ကျမ်းစာ”လာ အဆို အမိန့်များကိုသာ လိုက်နာ ကျင့်သုံး၏။ ဖန်ဆင်းရှင်(Creator God) ကို လက်မခံကြပါ။ ဖန်ဆင်းရှင်ကို(Buddhists do not believe in a Creator God) မယုံကြည်ကြပါ။ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ ရတနာသုံးပါးကိုသာ အသိအမှတ်ပြု ယုံကြည်ဆည်းကပ်ကိုးကွယ်၏။ သို့ရာတွင် [[ကံ ကံ၏အကျိုး]] နှင့် မိမိ ၏ ကာယကံ(ကိုယ်ဖြင့် ပြုလုပ်မှု) ၊ ဝစီကံ(နှုတ်ဖြင့် ပြောဆိုမှု) ၊ မနောကံ( စိတ်ဖြင့် ကြံစည်မှု) ကို အလေးအနက် ယုံကြည်သည်။ <ref>ဗုဒ္ဓဒေသနာတော်ဝေါဟာရ အဘိဓာန်</ref> ဗုဒ္ဓဘာသာ ကိုင်းရှိုင်းသူသည် ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ အကြံအစည်ဒုစရိုက်တို့မှ လွတ်ကင်းစင်ကြယ် ကြည်ညိုဖွယ်ရှိသော ကာယကံအမှု သမ္မာကမ္မန္တ အလုပ်မျိုးကိုသာ ပြုလုပ်မည် ဖြစ်ပါသည်။ မဟာယနသည် အတ္တဝါဒ မဟုတ်ပါ။ အဓိက ကွဲပြားချက်က တရားတော်တွေ ပေါ်မှာ မဟုတ်ပါ။ ဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း ၊ ဘုရားကျင့်စဉ် ကျင့်သူအပေါ်မှာ ထားတဲ့ သဘောထား ဖြစ်သည်။ ထေရဝါဒ က ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ကြပါ။ တချို့က ဆိုပြန်သည်။ ထေရဝါဒဆိုတာ ရဟန္တာ ဖြစ်ဖို့နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ ကျင့်တဲ့ ဝါဒဖြစ်ပြီး ၊ မဟာယာနကတော့ ဗုဒ္ဓဖြစ်မယ့် ဘုရားလောင်း ဗောဓိသတ္တကျင့်စဉ်ကို လက်ခံတဲ့ ဝါဒလို့ ဆိုကြပြန်သည်။ ထေရဝါဒ တွင် ဗောဓိသတ္တ သည် လွတ်မြောက်ရာ လမ်းကို သစ္စာတရားကို မသိသေးတဲ့ ပုထုဇဉ်မို့ မကိုးကွယ်ကြပါ။ မဟာယာန တွင် ကိုးကွယ်စရာ ဗောဓိသတ္တ တွေ များပါသည်။ ဘုရားလောင်း ၊ ဘုရား၏ မိခင်၊ ဖခင် ….အစုံပဲဖြစ်သည်။ မဟာယာန မှာ အရဟတ္တဖိုလ်ရပြီးသား ရဟန္တာပုဂ္ဂိုလ်သည် အရဟတ္တဖိုလ်ကနေ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရသေးပါ။ အရဟတ္တဖိုလ်ကနေ အနာဂမ် ၊ သကဒါဂမ် ၊ သောတာပန် အထိ ပြန် လျှောကျသွားပြီး ပုထုဇဉ်ပြန်ဖြစ်သွားရသည် ။ ပြီးမှ ဘုရားဆုပန်ပြီး ဘုရားဖြစ်ဖို့ ပြန်ကြိုးစားကြရသည်။ ထေရဝါဒနှင့် မဟာယာန အယူအဆ လွဲနေသည်။ ဘုရားဟော မူရင်းဝိနည်း+ သုတ္တန် + အဘိဓမ္မာများအတိုင်း (၁၀၀) ရာခိုင်နှုန်း လိုက်နာကျင့်ကြံပြီး နဲနဲမှ မပြင်တာက ထေရ ဝါဒ ဖြစ်သည်။ မူရင်းမှ ပြင်သည်က မဟာယာန ဝါဒ ဖြစ်သည်။ ထေရ ဝါဒ က ဗုဒ္ဓမြတ်စွာဘုရားမိန့်ကြားချမှတ်ခဲ့သော မူရင်း ဝိနည်း+ သုတ္တန် + အဘိဓမ္မာများ ၊ သိက္ခာပုဒ်များ တရားတော်များကို နဲနဲမှ မပြင်ကြပါ။
<ref>http://www.urbandharma.org/udharma3/theramaya.html</ref>
 
== မိမိ တို့၏ သီလ၊ သမာဓိ၊ ပညာ ကိုယုံကြည်သည်==
ဗုဒ္ဓဘာသာ၏ အယူဝါဒများ ဗုဒ္ဓနှင့် ဗုဒ္ဓသားတော်တို့ ဟောကြားအပ်သော “ပိဋကတ်ကျမ်းစာ”လာ အဆို အမိန့်များကိုသာ လိုက်နာ ကျင့်သုံး၏။ ဖန်ဆင်းရှင်(Creator God) ကို လက်မခံကြပါ။ ဖန်ဆင်းရှင်ကို(Buddhists do not believe in a Creator God) မယုံကြည်ကြပါ။ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ ရတနာသုံးပါးကိုသာ အသိအမှတ်ပြု ယုံကြည်ဆည်းကပ်ကိုးကွယ်၏။ သို့ရာတွင် [[ကံ ကံ၏အကျိုး]] နှင့် မိမိ တို့၏ ကာယကံ(ကိုယ်ဖြင့် ပြုလုပ်မှု) ၊ ဝစီကံ(နှုတ်ဖြင့် ပြောဆိုမှု) ၊ မနောကံ( စိတ်ဖြင့် ကြံစည်မှု) နှင့် မိမိ တို့၏ [[ သီလ၊သမာဓိ၊ပညာ]] ကို အလေးအနက် ယုံကြည်သည်။ <ref>ဗုဒ္ဓဒေသနာတော်ဝေါဟာရ အဘိဓာန်</ref> သံသရာဝဋ်ဆင်းရဲမှလွတ်ကွင်း၍ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုလိုသော ပုဂ္ဂိုလ် သည်သီလ၊ သမာဓိ၊ ပညာတည်းဟူသော သိက္ခာသုံးပါး၌ ကျင့်ကြံကြိုးကုတ် အားထုတ်ရာသည်။ ထို့ကြောင့် မြတ်စွာ ဘုရားရှင်သည်· သီလံသမာဓိပညာစ၊ ယဿဧတေသုဘာဝိတာ။ အတိက္ကမ္မမာရဓေယျံ၊ အာဓိစ္စောဝဝိရောစတိ။ ဟူ၍ ဣတိဝုတ်ပါဠိတော်၌ ဟောတော်မူသည်။အဓိပ္ပါယ်ကားအကြင်သူသည် အဓိသီလသိက္ခာဟု ဆိုအပ်သောသီလကိုလည်းကောင်း ၊အဓိစိတ္တသိက္ခာ ဟု ဆိုအပ်သော သမာဓိကိုလည်ကောင်း၊ အဓိပညာသိက္ခာဟု ဆိုအပ်သောပညာကိုလည်းကောင်း၊ ဤသုံးပါးသောတရား တို့ကိုဆုံးခန်းတိုင်အောင်ကောင်းစွာပွားများအပ်ကုန်၏။ ယင်းသို့ပွားများသောသူသည် မာရ်မင်း၏ နိုင်ငံကိုလွန်မြောက် ၍ နေမင်းကြီးကဲ့သို့ ထွန်းလင်းတင့်တယ်၏။ ထိုသီလ ၊သမာဓိ ၊ပညာသိက္ခာသုံးပါးတို့တွင် သီလဆိုသည်ကားလူတို့၌ ငါးပါး သီလ၊ အာဇီဝဋ္ဌမကသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလတို့ပေတည်း။ ပကတိလူတို့အတွက် ငါးပါးသီလနှင့်အာဇီဝဋ္ဌမက သီလဟုဆိုအပ်သော နိစ္စ သီလသည် သီလမည်၏။ ရှစ်ပါးသီလနှင့် ဆယ်ပါးသီလသည် အမွှမ်းတင်သီလမျိုးဖြစ်သည်။ နိစ္စသီလမျိုးမဟုတ်၍ တတ်နိုင်လျှင် ဆောက်တည်အပ်၏။ ရဟန်းတို့၌ကား စတုပါရိသုဒ္ဓိသီလသည်သီလမည်၏။ ဤသီလသိက္ခာပုဒ်တို့ကို ဒွါရအားဖြင့်ခြုံလိုက်သည်ရှိသော် ကိုယ်ဖြင့်မလွန် ကျူးကောင်းသော အပြစ်ဒေါသဟူသမျှသည် ကာယ ဒုစရိုက်မည်၏။ နှုတ်ဖြင့်မလွန်ကျူးအပ်၊ မလွန် ကျူးကောင်းသော အပြစ်ဒေါသဟူသမျှသည်ဝစီဒုစရိုက်မည်၏။ စိတ်ဖြင့်မလွန်ကျူးအပ်၊ မလွန်ကျူးကောင်းသောအပြစ်ဒေါသ ဟူသမျှသည် မနောဒုစရိုက်မည်၏။ ထိုကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစ ရိုက်တို့ကို မလွန်ကျူး မပြုကျင့်ဘဲ ထိမ်းသိမ်းစောင့်ရှောက်သောအားဖြင့် ကာယသုစရိုက်၊ ဝစီသုစရိုက်၊ မနောသုစရိုက် ဟူသည့် သုစရိတသီလသုံးပါးနှင့် ပြည့်စုံသောသူသည် သီလနှင့်ပြည့်စုံသောသူမည်၏။ သီလ၊ သမာဓိ၊ ပညာသိက္ခာသုံးပါးတို့တွင် သမာဓိ ဟူသည် ပျံ့လွင့်နေသော စိတ်ကိုမပျံ့လွင့်စေဘဲ တစ်ခုတည်း သောအာရုံ၌ ကောင်းစွာတည်ငြိမ်အောင် ပြုလုပ်ခြင်းဖြစ်သည်။
ဗုဒ္ဓဘာသာ ကိုင်းရှိုင်းသူသည် ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ အကြံအစည်ဒုစရိုက်တို့မှ လွတ်ကင်းစင်ကြယ် ကြည်ညိုဖွယ်ရှိသော ကာယကံအမှု သမ္မာကမ္မန္တ အလုပ်မျိုးကိုသာ ပြုလုပ်မည် ဖြစ်ပါသည်။
 
== သိဒ္ဓတ္ထမင်းသားအား (နီပေါနိုင်ငံ)လုမ္ဗိနီဥယျာဉ်တော်တွင်ဖွားမြင်တော်မူခဲ့သည် ==