ရိုဟင်ဂျာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 2 interwiki links, now provided by Wikidata on d:q464529 (translate me)
စာကြောင်း ၆၂ -
*[[မြန်မာအဘိဓာန်]](အကျဉ်းချုပ်) ၅-တွဲတွင် မပါရှိခြင်း။
*[[မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း]]တွင် မပါရှိခြင်း။
 
 
== မြန်မာတိုင်းရင်းသား ဖြစ်ကြောင်း ငြင်းဆိုချက်များ ==
ရိုဟင်ဂျာများမှလည်း သူတို့သည် မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသား လူမျိုးစု ဖြစ်ကြောင်း ငြင်းဆိုမှုများ ရှိသည်။ ဝန်ကြီးချုပ် ဦးနုလက်ထက်တွင် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ အပါအဝင် တိုင်းရင်းသား လူမျိုးစု ၁၄၀ ကျော် ရှိခဲ့သော်လည်း ဦးနေဝင်း လက်ထက်တွင် ပသျှူး (မလေး) ၊ ရိုဟင်ဂျာ အစရှိသည့် လူမျိုးစုများကို ပယ်ဖျက်ပြီး တိုင်းရင်းသား လူမျိုးစု ၁၃၅ စု အဖြစ် လျော့ချလိုက်ခြင်း ဟု ဆိုကြသည်။ ထို့အပြင် ရခိုင်ဒေသရှိ [[မရမာကြီး]] ဆိုသော လူမျိုးစုသည် ရိုဟင်ဂျာများနှင့် ဘာသာစကား တူညီပြီး ဟိန္ဒူဘာသာ ကိုးကွယ် သူများ ဖြစ်သည့် အတွက် တိုင်းရင်းသား လူမျိုးစုများ အဖြစ် သတ်မှတ်ခြင်းခံရသော်လည်း ရိုဟင်ဂျာများမှာ မွတ်စလင် ဘာသာ ကိုးကွယ်သူများ ဖြစ်သည့် အတွက် တိုင်းရင်းသား လူမျိုးစု အဖြစ်မှ ပယ်ဖျက်ခြင်း ခံခဲ့ရကြောင်း ပြောဆိုကြသည်။ ထို့အပြင် ဝန်ကြီးချုပ် ဦးနုလက်ထက်တွင် ရိုဟင်ဂျာ ဘာသာ အသံလွှင့်ဌာန ရှိခဲ့ခြင်း၊ မြန်မာနိုင်ငံ၏ ပထမဦးဆုံး သမ္မတ စဝ်ရွှေသိုက်က ရိုဟင်ဂျာဆိုသည်မှာ မြန်မာပြည်တွင်းမှ လူမျိုးစု ဖြစ်ကြောင်း ပြောဆိုခဲ့ဖူးခြင်း၊ မြန်မာနိုင်ငံ၏ ၁၉၇၈ ခုနှစ်ထုတ် ပထဝီ ဖတ်စာအုပ် အဟောင်းတွင် ရိုဟင်ဂျာ လူမျိုးဟု ထည့်သွင်း ဖော်ပြ ဖူးခြင်း များကို ကိုးကား ပြောဆိုကြသည်။ ထို့အပြင် ဘူးသီတောင်၊ မောင်တော အစရှိသည့် ဒေသများတွင် ရိုဟင်ဂျာများ စုရုံးနေရခြင်းမှာ ဘင်္ဂလားဒေ့ရှ်ဘက်မှ ခိုးဝင်လာခြင်း ကြောင့်မဟုတ်ပဲ ရခိုင်လူမျိုးတို့၏ တိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နယ် အခြားဒေသများမှ ထိုဒေသများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ <ref name="Kaladanpress">{{cite web|title= ရိုဟင်ဂျာ လူမျိုးနွယ်စုသည် နိုင်ငံသား တိုင်းရင်းသားနှင့် မြန်မာမျိုးနွယ်စု ဟုတ်မဟုတ် ဓာတ်ခွဲစမ်းသပ်ခြင်း |url=http://www.kaladanpress.org/burmese/index.php?option=com_content&view=article&id=130:2011-11-03-09-25-04&catid=61:2011-11-03-09-21-56&Itemid=61|date=November 3,2011|publisher=ကုလားတန်သတင်း| accessdate=November 11, 2011}}</ref>
 
<gallery>
[[File:Rohingya.jpg|thumb|Head of Rohingya Taiyintar Language Program (U Ba Tun, BA, BL)]]
</gallery>
 
== လူ့အခွင့်အရေးချိုးဖောက်ခံရမှု နှင့် ဒုက္ခသည်များ ==