မိုးစက်ဝိုင်: တည်းဖြတ်မှု မူကွဲများ

"{| border="0" cellpadding="2" style="margi..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၆:၀၂၊ ၅ အောက်တိုဘာ ၂၀၁၃ ရက်နေ့က မူ

မိုးစက်ဝိုင်
မယ်စကြာဝဠာ မြန်မာ ၂၀၁၃ ပြိုင်ပွဲတွင် ဆုရရှိစဉ်
အမည် မိုးစက်ဝိုင်
အမည်ရင်း ဝေဝေခင်
မွေးသက္ကရာဇ် ၁၉၈၈-ခုနှစ်၊ မေလ (၂၀)ရက်
မွေးဖွားရာ ဒေသ ရန်ကုန်မြို့ရန်ကုန်တိုင်းဒေသကြီးမြန်မာနိုင်ငံ
နိုင်ငံ မြန်မာနိုင်ငံ
ပညာအရည်အချင်း ဘီအေ(စီးပွားစီမံ)
အလုပ်အကိုင် မော်ဒယ်လ်
လှုပ်ရှားမှု ၂၀၁၃ -
မျက်လံုးအရောင် အနက်
ဆံပင်အရောင် အညိုရောင်
အရပ် ၁.၇၈ မီတာ( ၅ပေ၊ ၁၀ လက်မ)
အလေးချိန် ပေါင် ၁၃၀
အချိုးအစား ၃၅-၂၅-၃၆
ထင်ရှားကျော်ကြားမှု မြန်မာနိုင်ငံကိုယ်စားပြုမယ်(၂၀၁၃ မယ်စကြာဝဠာ)
ပြိုင်ပွဲများ မယ်စကြာဝဠာ မြန်မာ ၂၀၁၃(ဆုရှင်)၊
မယ်စကြာဝဠာ ၂၀၁၃(မော်စကိုမြို့ရုရှားနိုင်ငံ)

မိုးစက်ဝိုင် (၁၉၈၈-ခုနှစ်၊ မေလ (၂၀)ရက်၊ ရန်ကုန်မြို့ဖွား)သည် မြန်မာနိုင်ငံ အလှမယ်ကိုယ်စားပြု မယ်စကြာဝဠာ မြန်မာဆုကို ၂၀၁၃ခုနှစ်တွင်ရှိခဲ့သူဖြစ်သည်။ သူမသည် မော်စကိုမြို့ရုရှားနိုင်ငံတွင်ကျင်းပမည့် မယ်စကြာဝဠာ ၂၀၁၃ ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ၁၉၆၁-ခုနှစ် မယ်စကြာဝဠာ ပြိုင်ပွဲပြီးကတည်းက အခုအချိန်အထိ ယှဉ်ပြိုင်ခြင်းမရှိပဲ မိုးစက်ဝိုင်သည် ယခု ၂၀၁၃-ခုနှစ် မယ်စကြာဝဠာ ပြိုင်ပွဲတွင်မြန်မာနိုင်ငံမှ ပထမဦးဆံုးသော ယှဉ်ပြိုင်မည့် အမျိုးသမီးဖြစ်သည်။ အရင် မယ်စကြာဝဠာနောက်ဆံုးပြိုင်ပွဲတွင် ဗမာဟူသောအမည်ဖြင့် ယှဉ်ပြိုင်ခဲ့ရာမှ သူမသည် ယခု မြန်မာဆိုသောနာမည်ဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဘဝအစ

မိုးစက်ဝိုင်သည် ၁၉၈၈-ခုနှစ်၊ မေလ (၂၀)ရက်၊ ရန်ကုန်မြို့မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သည်။ သူမသည် ဒဂုံ တက္ကသိုလ်မှ အင်္ဂလိပ်စာမေဂျာဖြစ် ကျောင်းပြီးခဲ့သည်။ ထို့နောက် အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယား လူတရန် တက္ကသိုလ်မှ စီးပွားစီမံပညာဖြင့် ပညာရေးဆက်ခဲ့၍ စီးပွားစီမံဘွဲ့ကို ရရှိခဲ့သည်။

အသက်မွေးမှုလုပ်ငန်း

မယ်စကြာဝဠာ မြန်မာ ၂၀၁၃

မိုးစက်ဝိုင်သည် ၂၀၁၃-ခုနှစ်၊ အောက်တိုဘာလ (၃)ရက်၊ အမျိုးသားကဇာတ်ရုံ၊ ရန်ကုန်မြို့မြန်မာနိုင်ငံတွင် ကျင်းပသော မယ်စကြာဝဠာ မြန်မာ ၂၀၁၃ ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထိုပြိုင်ပွဲကို Hello Madam မီဒီယာအဖွဲ့မှ ဦးစီး၍ကျင်းပခဲ့သည်။ ထိုပြိုင်ပွဲသည် ၁၉၆၁-ခုနှစ် ကတည်းက ကျင်းပခြင်းမရှိ၍ ယခုအချိန်မှ ပြန်လည်ကျင်းပသော ပထမဦးဆံုးသော ပြိုင်ပွဲကြီး ဖြစ်သည်။ သူမသည် အသားရေအလှဆံုးဆုနှင့် အကျော်ကြားဆံုးဆုကို အင်တာနက်နှင့် SMS မတ်ဆေ့ဂျ်မှ မဲအများဆံုးရရှိခဲ့သည်။ သူမသည် မယ်စကြာဝဠာ မြန်မာ ၂၀၁၃ ပြိုင်ပွဲကြီး အပြီးတွင် မယ်စကြာဝဠာ မြန်မာ ၂၀၁၃ဆုကို ဆွတ်ခူးရရှိခဲ့သည်။