ငုရင်ဂီယက်: တည်းဖြတ်မှု မူကွဲများ

"ပြင်သစ်နှင့် အ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
အရေးမကြီးNo edit summary
စာကြောင်း ၃ -
၁၉၅၄ ခုနှစ်တွင် ဒိန်ဖန်ဖူး (Dien Bien Phu) ၌ ပြင်သစ်တပ်ဖွဲ့များကို အောင်မြင်စွာ ဦးဆောင် တိုက်ထုတ်နိုင်ခဲ့ရာ ဒေသတွင်းတွင် ပြင်သစ် ကိုလိုနီ အုပ်ချုပ်မှှု အဆုံးသတ်သွားခဲ့သည်။
တောင်ဗီယက်နမ် တပ်ဖွဲ့များကို ကူညီနေခဲ့သည့် အမေရိကန် တပ်များကို ဆန့်ကျင်တိုက်ခိုက်ခဲ့သော ၁၉၆၈ ခုနှစ် တက် (Tet) စစ်ဆင်ရေုးကို မြောက်ဗီယက်နမ်တို့ ပြုလုပ်ခဲ့စဉ်က ဗိုလ်ချုပ်ကြီး ငုရင် ဂီယက် သည် မြောက်ဗီယက်နမ်၏ ကာကွယ်ရေး ဝန်ကြီး ဖြစ်သည်။ အမေရိကန် တပ်ဖွဲ့များ ဗီယက်နမ်မှ ဆုတ်ခွာရေးတွင် ထိုစစ်ဆင်ရေးမှာ အဓိက ကျသည့် စစ်ဆင်ရေး တစ်ခုဟု ဆိုကြသည်။
ဗိုလ်ချုပ်ကြီး ငုရင် ဂီယက် သည် စစ်မဟာဗျူဟာ နှင့် ပတ်သတ်သည့် စာအုပ်စာတမ်း တချို့ကိုလည်း ရေးသား ထုတ်ဝေခဲ့သည်။
ဗိုလ်ချုပ်ကြီး ငုရင် ဂီယက် မှာ လယ်သမား မိသားစုမှ မွေးဖွားလာခဲ့သူ ဖြစ်ပြီး၊ ထိုအချိန်က ပြင်သစ် အင်ဒိုချိုင်းနား ပိုင်နက် အတွင်းရှိ Quang Binh ပြည်နယ် အလယ်ပိုင်းတွင် ဖွားမြင်ခဲ့ခြင်း ဖြစ်သည်။
သူသည် အသက် ၁၄ နှစ် အရွယ်တွင် မြေအောက် တော်လှန်ရေး လှှုပ်ရှားမှှု အဖွဲ့ တစ်ဖွဲ့ထဲသို့ ဝင်ရောက်ခဲ့သည်။