မိုးစက်ဝိုင်: တည်းဖြတ်မှု မူကွဲများ

"{| border="0" cellpadding="2" style="margi..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာကြောင်း ၇၃ -
မိုးစက်ဝိုင်သည် ၁၉၈၈-ခုနှစ်၊ မေလ (၂၀)ရက်၊ [[ရန်ကုန်မြို့]]၊ [[မြန်မာနိုင်ငံ]]တွင် မွေးဖွားခဲ့သည်။ သူမသည် [[ဒဂုံ တက္ကသိုလ်]]မှ [[အင်္ဂလိပ်]]စာမေဂျာဖြစ် ကျောင်းပြီးခဲ့သည်။ ထို့နောက် [[အမေရိကန်ပြည်ထောင်စု]]၊ ကာလီဖိုးနီးယား လူတရန် တက္ကသိုလ်မှ စီးပွားစီမံပညာဖြင့် ပညာရေးဆက်ခဲ့၍ စီးပွားစီမံဘွဲ့ကို ရရှိခဲ့သည်။
==ပြိုင်ပွဲများ==
==အသက်မွေးမှုလုပ်ငန်း==
 
၂၀၀၉-ခုနှစ်တွင် မိုးစက်ဝိုင်သည် တရုတ်အမည်(ရန်ရှင်းရုန့် - 楊鑫榮)ဖြင့် တရုတ်နိုင်ငံ ဒေသသတင်းစာဖြစ်သော ရွှေဇာမဏီမှ ဦးစီးကျင်းပသော [[တရုတ်]] - [[မြန်မာ]] အလှမယ်ပြိုင်ပွဲတွင် ဒုတိယဆုကို ရရှိခဲ့သည်။
 
===မယ်စကြာဝဠာ မြန်မာ ၂၀၁၃===
 
မိုးစက်ဝိုင်သည် ၂၀၁၃-ခုနှစ်၊ အောက်တိုဘာလ (၃)ရက်၊ အမျိုးသားကဇာတ်ရုံ၊ [[ရန်ကုန်မြို့]]၊ [[မြန်မာနိုင်ငံ]]တွင် ကျင်းပသော မယ်စကြာဝဠာ မြန်မာ ၂၀၁၃ ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထိုပြိုင်ပွဲကို Hello Madam မီဒီယာအဖွဲ့မှ ဦးစီး၍ကျင်းပခဲ့သည်။ ထိုပြိုင်ပွဲသည် ၁၉၆၁-ခုနှစ် ကတည်းက ကျင်းပခြင်းမရှိ၍ ယခုအချိန်မှ ပြန်လည်ကျင်းပသော ပထမဦးဆံုးသော ပြိုင်ပွဲကြီး ဖြစ်သည်။ သူမသည် အသားရေအလှဆံုးဆုနှင့် အကျော်ကြားဆံုးဆုကို အင်တာနက်နှင့် SMS မတ်ဆေ့ဂျ်မှ မဲအများဆံုးရရှိခဲ့သည်။ သူမသည် မယ်စကြာဝဠာ မြန်မာ ၂၀၁၃ ပြိုင်ပွဲကြီး အပြီးတွင် မယ်စကြာဝဠာ မြန်မာ ၂၀၁၃ဆုကို ဆွတ်ခူးရရှိခဲ့သည်။
 
 
==အငြင်းပွားမှု==
 
[[တရုတ်နိုင်ငံ]] သတင်းစာတွင် မိုးစက်ဝိုင်၏ တရုတ် - မြန်မာ အလှမယ်ပြိုင်ပွဲတွင် ပါဝင်မှုကို ကြေညာပြီးနောက် အချို့သော မြန်မာမီဒီယာများက သူမ၏ မျိုးရိုးနဲ့ ပတ်သတ်၍ မေးခွန်းထုတ်ခဲ့သည်။ မြန်မာနိုင်ငံဖွား [[တရုတ်လူမျိုး]]တစ်ယောက်မှ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အနေဖြင့် ယှဉ်ပြိုင်သင့်မသင့်ကို မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။ မယ်စကြာဝဠာ မြန်မာ ၂၀၁၃ ပြိုင်ပွဲကြီးကို ဦးစီး၍ကျင်းပသော Hello Madam မီဒီယာအဖွဲ့မှ ပြောရေးဆိုခွင့်ရသူ တစ်ဦးမှ သူမသည် မြန်မာနိုင်ငံသား ဖြစ်ကြောင်းကို ဖော်ပြခဲ့သည်။ ပြီးတော့ သူမ၏ မိဘများမှာ [[ရှမ်းပြည်နယ်]] မြောက်ပိုင်း၊ [[နမ့်ခမ်းမြို့]] ဇာတိဖြစ်၍ [[ရှမ်း]] - [[ဗမာ]] လူမျိုးများဖြစ်ကြောင်းကိုလည်း ရှင်းလင်းခဲ့သည်။
 
[[en:Moe Set Wine]]