နယ်လ်ဆင် မန်ဒဲလား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၃၁ -
 
== နိုင်ငံရေးလှုပ်ရှားမှု ==
၁၉၄၈ ခုနှစ်၊ [[ရွေးကောက်ပွဲ]]အနိုင
၁၉၄၈ ခုနှစ်၊ [[ရွေးကောက်ပွဲ]]အနိုင်ရပြီးနောက် Afrikaner (အာဖရိကနိုင်ငံသားများ) ကြီးစိုးသော National Party (အမျိုးသားပါတီ) ဟုအမည်ရသည့်အဖွဲ့ကို တည်ထောင်ခဲ့သည်။ ထိုပါတီသည် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးပေါ်လစီအား ထောက်ခံသောပါတီဖြစ်သည်။ ထိုအချိန်တွင် မန်ဒဲလားသည် နိုင်ငံရေး၌ တက်ကြွစွာ စတင်လှုပ်ရှားခဲ့သည်။ သူသည် ANC၏ ၁၉၅၂ ခုနှစ် Defiance Campaign (အာဏာဖီဆန်သောတိုက်ခိုက်မှု) တွင်ပါဝင်ခဲ့ပြန်သည်။ ၁၉၅၅ ခုနှစ် Congress of the People (လူထုကွန်ဂရက်)၏ Freedom Charter (လွတ်လပ်မှုစာချုပ်) စာတမ်းတွင် လူမျိုးရေးခွဲခြားမှုဖြစ်ရသည့် အချက်အလက်များကို ဖော်ပြထားသည်။ ထိုအချိန်အတောအတွင်း မန်ဒဲလားနှင့်ရှေ့နေ Oliver Tambo (အိုလီဗာတန်ဘို) တို့ဖွဲ့စည်းသော Mandela and Tambo (မန်ဒဲလားနှင့် တန်ဘို) အဖွဲ့မှ လူမည်းများအတွက် ရှေ့နေငှားရန် ကိစ္စတို့တွင် အခမဲ့ရှေ့နေလိုက်ပေးခြင်း သို့မဟုတ် သက်သာသောနှုန်းဖြင့် ရှေ့နေလိုက်ပေးခြင်းတို့ ပြုလုပ်ကြပြန်သည်။ Mahatma Gandhi (မဟတ္တမဂန္ဒီ) ၏လမ်းစဉ်ကို အတုယူသော မန်ဒဲလားသည် နောင်လာလတ္တံ့သော အာဖရိကလူငယ်များအတွက် လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်သောနည်းစနစ်များ ရေးဆွဲသည်။
 
== ငြိမ်းချမ်းစွာဆန္ဒပြမှု ==