ကလောမြို့: တည်းဖြတ်မှု မူကွဲများ

"ကလောမြို့သည် ရ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာကြောင်း ၁ -
 
ကလောမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်းတွင်တည်ရှိပြီး တောင်ကြီးခရိုင်တွင်ပါရှိသည်။ပင်လယ်ရေမျက်နှာပြင်အထက် ၄၃၄၀ပေတွင်တည်ရှိသည်။ဒေသခံလူမျိုးအများစုမှာ ပလောင်၊တောင်ရိုးနှင့်ဓနုလူမျိုးတို့ဖြစ်ကြသည်။ပအိုဝ်;အနည်းငယ်ရှိသည်။အစိုးရရုံးစိုက်ရာမြို့ဖြစ်သောကြောင့် လူနည်းစုတိုင်းရင်းသားလူမျိုးများလည်းနေထိုင်ကြသည်။ကလောဟူသောအမည်မှာ ပလောင်အသံထွက် ကလောက်(ဒယ်အိုး)မှဆင်းသက်လာသည်။
===တည်နေရာနှင့်သမိုင်း===
ကလောမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် တည်ရှိသည်။ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၁၄၃၀ ခန့်တွင် တည်ရှိသည်။အမှတ် (၂)ပြည်ထောင်စုလမ်းမကြီးသည် ကလောမြို့မှဖြတ်သန်းသွားသည်။ကလောမြို့၏အရှေ့ဘက်တွင် အောင်ပန်းမြို့ရှိပြီး အနောက်ဘက်သည် မန္တလေးတိုင်းဒေသကြီးနှင့် ဆက်စပ်လျှက်ရှိသည်။ရှမ်းပြည်တောင်ပိုင်းမှ မြန်မာနိုင်ငံအလယ်ပိုင်းသို့ဆင်းရာ တံခါးပေါက်ကဲ့သို့ဖြစ်သည်။မြို့အရှေ့ဘက်တွင် တောင်တန်းများမှရေများ စီးဆင်းရာ ကလောချောင်းရှိပြီး ၄င်းချောင်းသည် အင်းလေးကန်အတွင်းသို့စီးဝင်သည်။ကလောမြို့၏သမိုင်းကြောင်းကို ရှေးမြန်မာ ဘုရင်များလက်ထက်တွင် ရှမ်းပြည်နယ်သို့လာရာလမ်း၏နားခိုရာနေရာတစ်ခုသာဖြစ်ခဲ့သည်။ကိုလိုနီခေတ်တွင် အင်္ဂလိပ်လူမျိုးများသဘောကျနှစ်ခြိုက်သဖြင့် မြို့အင်္ဂဂါရပ်နှင့်ညီအောင် ဖွဲ့စည်းတည်ဆောက်နေထိုင်ခဲ့ကြသည်။ကလောဟူသော အမည်သည် ဒေသခံလူမျိုးများဖြစ်သော ပလောင်လူမျိုးများ၏ကလောက် ဟူသော အသံထွက်မှဖြစ်ပေါ်လာသည်။ပလောင်စကားအရ ကလောက်သည် ဒယ်အိုး(သို့)ဇလုံ ဟုအဓိပ္ပါယ်ရသည်။ကလောမြို့အားအရပ်လေးမျက်နှာ တောင်တန်းများဝန်းရန်နပုမှာ ဒယ်အိုးပုံစံနှင့် တူသောကြောင့်ထိုသို့ ခေါ်ဆိုခဲ့ကြသည်။
 
===လူနေထိုင်မှုနှင့်စီးပွားရေး===
ကိုလိုနီခေတ်ကဆောက်လုပ်ခဲ့သော အဆောက်အဦးအချို့ကို အချို့နေရာများတွင် မြင်တွေ့နိုင်သေးသည်။တပ်မတော်မှ ခြေမြန်တပ်မ(၅၅) အခြေစိုက်ရာ မြို့ဖြစ်ပြီး ခ.လ.ရ(၃)၊ခ.လ.ရ(၇) နှင့် ခ.လ.ရ(၁၁၂) စသည့် တပ်ရင်း(၃)ရင်း ရှိသည်။တပ်မတော် စစ်ဦးစီးတက္ကသိုလ်ကိုလည်းဖွင့်လှစ်ထားသည်။မြို့ရေပေးဝေရေးအတွက် မြို့အရှေ့ဘက်ရှိ အင်းပြင်ရေကန်နှင့် မြို့အနောင်တောင်ဘက်ရှိရေအေးကန်တို့မှဟိုးယခင်မှစတင်ကာ ဖြန့်ဝေပေးသည်။မြို့အနောက်ဘက်ရှိ သဘာဝရေထွက်မှလည်း ရေပိုက်များဖြင့်သွယ်ယူကာ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ကြိုးစားလုပ်ဆောင် ဖြန်ဝေပေးနေသည်။ကလောမြို့အင်းပြင်ရွာတွင် လောပိတမှလာသော လျှပ်စစ်ဓါတ်အားကို ခွဲရုံတည်ဆောက်၍ တောင်ကြီး၊ပင်းတယနှင့် ကလောမြို့တွင်းသို့ ဖြန့်ဝေပေးသည်။စီးပွားရေးအနေဖြင့် မက်မန်းသီး၊မက်မွန်သီး၊လိမေ္မာ်သီး၊ဂေါ်ဖီ၊ပန်းမုန်လာ တို့ကို စီးပွားဖြစ်စိုက်ပျိုးကြသည်။ယခင်ကသယ်ယူပို့ဆောင်ရေးအတွက် မြင်းလှည်း၊လက်တွန်းလှည်းများကို အားထားအသုံးပြုခဲ့ကြသော်လည်း ယခုအခါ သုံးဘီးဆိုင်ကယ်၊ဆိုင်ကယ်ကယ်ရီများ ဖြင့်အစားထိုးလုပ်ကိုင်နေကြပြီဖြစ်သည်။အေးချမ်းသောမြို့ဖြစစ်သည့်အပြင် တိုင်းရင်းသားလူမျိုးစုတိုး၏ ရိုးရာဓလေ့များကြောင့် နိုင်ငံခြားခရီးသွားများအတွက်အကြိုက်တွေ့ရာမြို့ဖြစ်သည်။
 
===နေထိုင်သည့်လူမျိုးများနှင့်အလုပ်အကိုင်===
ယခင်က ကလောမြို့တွင်နေထိုင်သူအများစုမှာ ဓနုလူမျိုး၊တောင်ရိုးလူမျိုးနှင့် ပလောင်လူမျိုး၊ပအိုဝ်;လူမျိုးများဖြစ်ကြသည်။ယခုအခါတွင် အစိုးရဌာနရုံးစိုက်ရာမြို့ဖြစ်သာကြောင့် လူမျိုးပေါင်းစုံ နေထိုင်ကြသည်။တောင်ယာလုပ်ငန်း၊သစ်ခုတ်ဝါးခုတ်လုပ်ငန်း၊စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်ကြသည်။ရွှေအနည်းငယ်ထွက်သောကြောင့် ရွှေတူးခြင်းလုပ်ငန်းကိုလည်းအနည်းငယ်လုပ်ကိုင်ကြသည်။
 
===ပညာရေး===
ကလောမြို့တွင် အထက်တန်းကျောင်း (၂)ကျောင်း၊အလယ်တန်းကျောင်း (၁)ကျောင်း နှင့်မူလတန်းကျောင်းများရှိသည်။ယခင်က အစိုးရစက်မှုလက်မှုကျောင်းရှိခဲ့သော်လည်း နောက်ပိုင်းတွင် အေးသာယာမြို့သို့ပြောင်းရွေ့သွားခဲ့သည်။စာရင်းကိုင်သင်တန်း၊ကွန်ပျူတာသင်တန်း နှင့် ဘာသာစကားသင်တန်းအချို့ရှိသည်။
 
===ဘာသာရေးနှင့်ယုံကြည်ကိုးကွယ်မှု===
ကလောတွင်နေထိုင်သူအများစုမှာ ဗုဒဘာသာ ကိုးကွယ်သူများဖြစ်ကြသည်။အခြား အစ္စလာန်ဘာသာ၊ဟိန္ဒူဘာသာ၊ခရစ်ယာန်ဘာသာ နှင့် နတ်ကိုးကွယ်သူများလည်းရှိကြသည်။သီတင်းကျွတ်လနှင့်တန်ခူးလ တို့တွင် ဗုဒဘာသာကိုးကွယ်သူတို့သည် ဘုန်ကြီးကျောင်းများသို့သွားရောက်ကန်တော့လေ့ရှိကြသည်။
 
===ရိုးရာဓလေ့များ===
တန်ခူးလတွင် အတာတက်ပွဲခေါ် ပအိုဝ်;ရိုးရာ မီးလုံးလွှတ်ပွဲ(ဗမာအခေါ် ဒုံးလွှတ်ခြင်း)များကျင်းပလေ့ရှိကြသည်။အနီးအနား မြို့များနှင့် ကျေးရွာများမှ လာရောက်ယှဉ်ပြိုင်ကြသည်။တန်ဆောင်မုန်းလတွင် မဟာဘုံကထီန်ပွဲတော်ကို ကျင်းပကြသည်။ကလောမြို့၏ အထင်ကရကျောင်းတိုက်များ ဖြစ်သည့် မြို့မပရိယတ္တိစာသင်တိုက်နှင့် သိမ်တောင်ပရိယတ္တိစာသင်တိုက် တို့၌ကျင်းပကြသည်။တန်ဆောင်မုန်းလဆန်း (၁၄)ရက်နေ့တွင် မြို့မပရိယတ္တိစာသင်တိုက်အတွက် ပဒေသာပင်များ လှည့်လည်ပူဇော်ပြီး တန်ဆောင်မုန်းလပြည့်နေ့တွင် သိမ်တောင်ပရိယတ္တိစာသင်တိုက် အတွက်လှည့်လည်ပူဇော်ကြသည်။အဆိုပါနေ့ရက်များ၏ ညချမ်းအချိန်အခါ၌ မီးတိုင်များဖြင့်ဘုရားမီးပူဇော်ပွဲ(ဒေသအခေါ် မီးရှော်တိုင်ပွဲ)များကို စည်းကားသိုက်မြိုက်စွာ ထိုကျောင်းတိုက်များ၌ ကျင်းပကြသည်။ မီးရှော်တိုင်ပွဲသည် ပြိုင်ပွဲတစ်ခုအနေဖြင့် ကျင်းပပေးပြီး မြို့ပေါ်ရှိ ရပ်ကွက်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
 
===နာမည်ကျော်ကြားသည့်နေရာများ===
နှစ်ရာချီရှိပြီဖြစ်သော နှီးဖြင့်ရက်လုပ်ပူဇော်ထားသည့် ဗုဒရုပ်ပွားတော်မှာ ခရီးသွားများအတွက် စွဲဆောင်မှုရှိသော
နေရာဖြစ်သည်။သဘာဝရွှေဥမင်လှိုဏ်ဂူဘုရားမှာလည်း ထင်ရှားသည်။
===ကိုးကား===
*မြန်မာ့စွယ်စုံကျမ်း(၁-က)
*