နိုင်ငံရေးဘောဂဗေဒ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၆ -
==မျဉ်းပြိုင် အိုင်ဒီယိုလိုဂျီကြီးနှစ်ခု==
 
ယခင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပေါ်ပြူလာ အလွန်ဖြစ်ခဲ့ဖူးသည့် စီးပွားရေးစနစ်မှာ ဆိုရှယ်လစ် စီးပွားရေး စနစ်ဖြစ်လေသည်။ အမိန့်ပေးဘုံ စီးပွားရေး (Commond economy) ကို ယခင် ကွန်မြူနစ်နိုင်ငံများ ဖြစ်သော ဆိုဗီယက်ယူနီယံနှင့် တရုတ်အပါအဝင် ကမ္ဘာပေါ်ရှိ လက်ဝဲနိုင်ငံများ ကျင့်သုံး အကောင်အထည် ဖော်ခဲ့ကြလေသည်။ ဘာသာရပ်အခေါ်အဝေါ်အားဖြင့် Socialist mode of production ဟုခေါ်လေသည်။ မြန်မာနိုင်ငံတွင်လညး် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်(၁၉၆၂-၁၉၈၈) တွင်ကျင့်သုံးခဲ့သည်။ ယင်းလက်ဝဲနိုင်ငံများသာမက ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ကျင့်သုံးသော နိုင်ငံအချို့ တွင်လည်း အမိန့်ပေးစီးပွားရေးစနစ်ကို ကျင့်သုံးခဲ့ကြလေသည်။ (ဥပမာ- အိန္ဒိယနိုင်ငံ)
ဆိုရှယ်လစ်ဝါဒ၏ အခြေခံအယူအဆမှာ အလုပ်သမားများ နိုင်ငံရေးအင်အားရရှိရေးဖြစ်သည်။ အလုပ်သမားများသည် ဓနကို ထုတ်လုပ်ပေးသူများ ဖြစ်ရာ ၄င်းတို့၏ ငွေကြေးဓန ကြွယ်ဝရေးအတွက် အစိုးရမှ ဓနပြန်လည်ခွဲဝေဖြန့်ဖြူးရေးများလုပ်ဆောင်နိုင်ရန် အလုပ်သမားများ နိုင်ငံရေးအင်အားရရှိမှသာ လုပ်ဆောင်နိုင်မည်ဖြစ်လေသည်။ တစ်နည်းအားဖြင့်ဆိုသော် (အစိုးရမှ ဝင်ရောက်ခြယ်လှယ်သော)အမိန့် ပေး စီးပွားရေးစနစ်၊ သာတူညီမျှ ကောင်းစားရေးစနစ် ဖြစ်လေသည်။ ဥစ္စာဓနများကို သာတူညီမျှ ခွဲဝေသောစနစ်ဖြစ်သောကြောင့် သာမန်အားဖြင့် ကြည့်သော် ဆင်းရဲချမ်းသာကွာဟမှု မရှိသည်မှာ ၊ ကောင်းသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် ကိုယ်ပိုင်ကြိုးစားအားထုတ်မှုဖြင့် ကြီးပွားချမ်းသာ လာသောသူများ၏ လုပ်ငန်းများကို ပြည်သူပိုင်သိမ်းခံခဲ့ရလေသည်။ ကြိုးစားအားထုတ်မှုမရှိဘဲ ၊ဝင်ငွေ တိုးအောင် မဆောင်ရွက်လိုသော လူတန်းစားများမှာ ဘဝကို အေးဆေးသက်သာစွာဖြင့် အချောင်ခိုလိုစိတ် ကိုပိုမိုဖြစ် ထွန်းစေခဲ့သည်။ အားလုံးသာတူညီမျှ မွဲကြလေသတည်း ဆိုသကဲ့သို့ဖြစ်နေသည်။ ဆိုရှယ်လစ် စနစ်သည် အရင်းရှင်စနစ်ကို တရားကိုယ်အားနည်းချက်ဖြစ်သော မညီမျှမှုကို တိုက်ဖျက်လိုပြီး အခြေခံလူတန်းစားများ ဘက်မှ ရပ်တည်လိုသည့် သဘောအပေါ်အခြေခံ၍ ပေါ်ပေါက်လာသည်။
 
စာကြောင်း ၁၄ -
 
မြန်မာနိုင်ငံတွင်လည်း ပါလီမန်ဒီမိုကရေစီခေတ်က လူအများ ဖြစ်နိုင်ဖွယ် မရှိဟုဆိုကာ လှောင်ပြောင်ခဲ့ကြသည့် လူတကိုယ်၊ တစ်တိုက်လုံး ကားတစ်စီး ပိုင်ဆိုင်ရမည်ဟူသော ပြည်တော်သာ စီမံကိန်းကဲ့သို့သော မူဝါဒမျိုးကို ကျင့်သုံးအကောင်အထည်ဖော်ခဲ့ကြဖူးလေသည်။ အရှင်းရှင်စနစ်တွင် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်း သို့မဟုတ် စီးပွားရေးလုပ်ငန်းကြီးများက ဈေးကွက်ကို အဓိက လွှမ်းမိုး ခြယ်လှယ်မှုများ (monopoly) ရှိခြင်းကြောင့် ဆင်းရဲချမ်းသာ လူတန်းစားကွာဟ မှုပို၍ ဖြစ်ပေါ်စေပါသည်။ ယခုကဲ့သို့ Globalization ခေတ်ကြီးတွင် အရင်းရှင်စနစ်၏ သဘောတရားမှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး စနစ်ကြီးအတွက် ပိုမိုဖွံ့ဖြိုးတိုးတက်မှုကို ရောက်သွားမည်လော သို့မဟုတ် ဆင်းရဲချမ်းသာကွာဟ မှုကြီး ထွားလာလေမည်လောဟု မေးစရာများပင်ရှိလာပါသည်။ ဆင်းရဲချမ်းသာကွာဟမှု အမှန်ပင်ကြီးထွား လာသော်လည်း ယင်း Globalization ကို အသုံးပြုပြီး ဖွံ့ဖြိုးဆဲနိုင်ငံ (တတိယကမ္ဘာနိုင်ငံ) မှ ဖွံ့ဖြိုးပြီး ပထမနိုင်ငံသို့တက်လှမ်းသွားသည့် နိုင်ငံများလည်းရှိလေသည်။ ယင်းနိုင်ငံများမှာ အရှေ့အာရှဒေသမှ အာရှကျားများပင်ဖြစ်လေသည်။
 
==အသစ်ဖြစ်ထွန်းလာသော စက်မှုနိုင်ငံများနှင့်အာရှကျားများ==