မဟာဗောဓိတထောင်ဆရာတော်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁ -
မဟာဗောဓိတထောင်ဆရာတော်ဘုရားကြီးသည် [[မဟာဗောဓိတထောင်]]သာသနာ့နယ်မြေကြီးကို စတင်တည်ထောင်တော်မူသော သာသနာ့အာဇာနည် ပုဂ္ဂိုလ်ထူးတစ်ပါးဖြစ်သည်။ မဟာဗောဓိတထောင်ဆရာတော်သည် ဘာဝနုဿတိ ကမ္မဋ္ဌာန်း(၄ဝ)မှ ဗုဒ္ဓါနုဿတိဘာဝနာ ကမ္မဋ္ဌာန်းကို အထူးစီးဖြန်းတော်မူခဲ့သည့် မထေရ်မြတ်တစ်ပါးဖြစ်သည်။ မဟာဗောဓိတထောင်ဆရာတော် ဘဒ္ဒန္တနာရဒ မထေရ်သည် မိမိကိုယ်တော်တိုင် ဗုဒ္ဓါနုဿတိပွားများသည့်အပြင် တပည့်ဒါယကာ ဒါယိကာမအပေါင်းတို့အားလည်း ဗုဒ္ဓဂုဏ်တော် ထုံမွှမ်းပွားများကြရန် ဆိုဆုံးမတော်မူခဲ့သည်။ ဘုရားဖူးလာသူ ဝေနေယျပရိသတ်တို့အားလည်း လောကအမြတ်ဆုံးရတနာ ဗုဒ္ဓဂုဏ်တော် ပွားများအားထုတ်နိုင်ကြရန် ဘုရားရုပ်ပွားတော်များ၊ ပုတီးများကို ဝေငှလျက် နှလုံးသားတွင် ဘုရားတည်တတ်ကြရန် လမ်းညွှန်တော်မူခဲ့သည်။ ဆရာတော်ဘုရားကြီးကိုယ်တော်တိုင်လည်း တွေ့ကြုံသမျှ လောကဓံတရားတို့ကို ဗုဒ္ဓါနုဿတိအစွမ်းဖြင့် မတုန်မလှုပ် မဖြုံမလှုပ် ကျော်လွှားအောင်မြင်တော်မူခဲ့သည်။ ပြည်တွင်းပြည်ပ ဗုဒ္ဓအဆုံးအမ သာသနာတော်မြတ်များ ရောက်ရှိပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့သည့် ကမ္ဘာသိ ဗုဒ္ဓသားကောင်း အာဇာနည်တစ်ပါးဖြစ်သည်။ မြတ်ဗုဒ္ဓသာသနာ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်ဖြစ်သော '''မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား'''ဟူသော ဆုံးမသြဝါဒစကားကို မကြာခဏ ဆုံးမတော်မူလေ့ရှိသော ဆရာတော်ဘုရားကြီးဖြစ်သည်။
[[Image:Ashin Kumuda's photo.png|thumb|[[မဟာဗောဓိတထောင်]]ဆရာတော်ဘုရားကြီး၏ပုံတော် (အရှင်ကုမုဒ၏ Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်။) (Ashin Kumuda's photo.png)]]
[[File:Burmese Theravada Buddhists by LLC.JPG|thumb|200px|မဟာဗောဓိတထောင်ဆရာတော်နှင့် ပတ်သက်သည့် စာအုပ်]]
 
File:Burmese Theravada Buddhists by LLC.JPG|ထေရဝါဒ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ စာအုပ်
==ဆရာတော်ဘုရားကြီး၏ထေရုပ္ပတ္တိတော်==
==ဇာတိချက်ကြွေနှင့် ငယ်ဘဝ==