မြားပစ်အားကစား: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
မြားပစ်[[အားကစား]]<br>
လေးနှင့်မြား
[[#အာရုံစူးစိုက်မှု၊ခွန်အားနှင့်သက်လုံ]]<br>
 
 
မြားပစ်အားကစား (Archery Sport)သည် နိုင်ငံတကာအားကစားပြိုင်ပွဲကြီးများ၌ဉီးစားပေးထည့် သွင်းကျင်းပသောအားကစားနည်းတစ်ရပ်ဖြစ်သည်။ ကမာဘ့အိုလံပစ်အားကစားပြိုင်ပွဲ၌မြားပစ်အားကစား နည်းကို ၁၉ဝဝပြည့်နှစ်တွင် စတင်ထည့်သွင်းကျင်းပခဲ့သည်။ ၁၉ဝ၄၊ ၁၉ဝ၈နှင့် ၁၉၂ဝအိုလံပစ်ပြိုင်ပွဲတို့၌ လည်း မြားပစ်အားကစားပါဎင်ခဲ့သည်။ သို့သော် ၁၉၂ဝ နောက်ပိုင်းတွင်မူမြားပစ်အားကစားနည်းသည် အိုလံပစ်ပြိုင်ပွဲ၌နှစ်ပေါင်းအတန်ကြာပျောက်ကွယ်နေခဲ့သည်။ ၁၉၇၂ခုနှစ်တွင် ဂျာမနီနိုင်ငံ၌ ကျင်းပသော မြူးနစ်အိုလံပစ်မှစ၍ ပြီးခဲ့သည့်၂ဝ၁၂လန်ဒန်အိုလံပစ်အထိ အိုလံပစ်အားကစားပြိုင်ပွဲ အကြိမ်တိုင်းတွင် မြားပစ်အားကစားပါဎင်ခဲ့သည်။ အာရှအားကစားပြိုင်ပွဲ(Asian Games)၌လည်း မြားပစ်အားကစားနည်းကို ၁၉၇၈ခုနှစ်မှစတင်ထည့်သွင်းကျင်းပခဲ့သည်။အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(Sea Games)၌ ၁၉၇၇ ခုနှစ်တွင် မြားပစ်အားကစားနည်း စတင်ထည့်သွင်းခဲ့သည်။ယင်းနောက် ၁၉၉၉ခုနှစ်မှလွဲ၍ ဆီးဂိမ်းစ်ပြိုင်ပွဲ အကြိမ်တိုင်းတွင် မြားပစ်အားကစားနည်းပါ၀င်ခဲ့သည်။
 
==လေးနှင့်မြား==
[[#အာရုံစူးစိုက်မှု၊ခွန်အားနှင့်သက်လုံ]]<br>
မြားပစ်အားကစားနည်း(Archery Sport) သည် "လေးနှင့်မြား" မှစသည်ဟုယူဆရသည်။ "လေးနှင့်မြား" ကိုမည်သည့်လူမျိုးများက မည်သည့်အချိန်တွင် စတင်သုံးစွဲခဲ့သည်ကို ခန့်မှန်းဖို့ခက်သည်။သို့သော် သမိုင်းမတင်မီ ကျောက်ခေတ်နှောင်းပိုင်းမှစ၍"လေးနှင့်မြား" ကိုလူသားတို့ သုံးစွဲခဲ့သောအထောက်အထားများတွေ့ရသည်။
"လေးနှင့်မြား" ကို အမဲလိုက်ရန်နှင့်စစ်တိုက်ရာ၌ အဓိလက်နက်အဖြစ် အသုံးပြုခဲ့ကြခြင်းဖြစ်သည်။ အာရှ၊ ဥရောပ၊ အမေရိကနှင့် လက်တင်အမေရိက၌သာမကအာဖရိကမျိုးနွယ်ဎင်များလည်း "လေးနှင့်မြား" ကို အသုံးပြုခဲ့ကြသည်။"လေး၊မြား" နှင့်ပတ်သက်၍ ဗုဒဓဎင်ပါ "လေးတင်ခန်း" သည် ထင်ရှားသည်။ ရာမ မင်းသားနှင့်အတူတွဲ၍ လေးနှင့်မြားကို လူသိများခဲ့သည်။ ဒဏာရီလာ လေးသည်တော်သူရဲကောင်းများကို လည်း ကြားဖူးကြမည်ထင်သည်။ပျူစောထီး၊ ရော်ဘင်ဟုဒ်နှင့် ဂရိသူရဲကောင်း နီကိုလပ်တို့မှာ လေးမြား အတတ်တွင် တစ်ဘက်ကမ်းခတ်ကျွမ်းကျင်သူများဟုသတ်မှတ်ခံခဲ့ရသည်။
 
[[#==အာရုံစူးစိုက်မှု၊ခွန်အားနှင့်သက်လုံ]]<br>==
မြားပစ်အားကစားနည်းသည် သတ်မှတ်ထားသောပစ်မှတ်အား ထိချက်မှန်ကန်စွာယှဥ်ပြိုင်ရသည့် အားကစားဖြစ်သည်နှင့်အညီ အာရုံစူးစိုက်မှုနှင့်နည်းစနစ်ပိုင်းကောင်းမွန်ရန်လိုအပ်လှသည်။အာရုံစူးစိုက်မှု (Concentration)နှင့် နည်းစနစ်(Technique)တို့သည် အဓိကအရေးကြီးသောအရာများဖြစ်သည်။ သို့သော် ခွန်အား(Strength)နှင့် သက်လုံ(Stamina)တို့လည်း မရှိမဖြစ်လိုအပ်သောအရာများဖြစ်သည်။ မျက်မှောက် ကာလမြားပစ်ပြိုင်ပွဲများတွင် အသုံးပြုသောလေး(Bow)သည်မြား(Arrow)ကို တစ်နာရီ ကီလိုမီတာ (၂၄ဝ)နှုန်းဖြင့် ပစ်မှတ်ဆီပျံသန်းရောက်ရှိစေသည်။ ဆိုလိုသည်မှာပြိုင်ပွဲဎင် လေးနှင့်မြားကိုအောင်မြင်စွာ ဆွဲငင်ရန်နှင့်ချိန်သားကိုက်ပစ်လွတ်နိုင်ရန်အတွက် ခွန်အားမရှိလှျင်မဖြစ်သလို ရေရှည်ယှဥ်ပြိုင်ရသော အားကစားနည်းဖြစ်၍ သက်လုံကောင်းရန်လည်းလိုအပ်ပေသည်။
 
[[Category:အားကစား]]