အမည်မသိ အသုံးပြုသူ
မြားပစ်အားကစား: တည်းဖြတ်မှု မူကွဲများ
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
No edit summary |
No edit summary |
||
▲မြားပစ်အားကစား (Archery Sport)သည် နိုင်ငံတကာအားကစားပြိုင်ပွဲကြီးများ၌ဉီးစားပေးထည့် သွင်းကျင်းပသောအားကစားနည်းတစ်ရပ်ဖြစ်သည်။ ကမာဘ့အိုလံပစ်အားကစားပြိုင်ပွဲ၌မြားပစ်အားကစား နည်းကို ၁၉ဝဝပြည့်နှစ်တွင် စတင်ထည့်သွင်းကျင်းပခဲ့သည်။ ၁၉ဝ၄၊ ၁၉ဝ၈နှင့် ၁၉၂ဝအိုလံပစ်ပြိုင်ပွဲတို့၌ လည်း မြားပစ်အားကစားပါဎင်ခဲ့သည်။ သို့သော် ၁၉၂ဝ နောက်ပိုင်းတွင်မူမြားပစ်အားကစားနည်းသည် အိုလံပစ်ပြိုင်ပွဲ၌နှစ်ပေါင်းအတန်ကြာပျောက်ကွယ်နေခဲ့သည်။ ၁၉၇၂ခုနှစ်တွင် ဂျာမနီနိုင်ငံ၌ ကျင်းပသော မြူးနစ်အိုလံပစ်မှစ၍ ပြီးခဲ့သည့်၂ဝ၁၂လန်ဒန်အိုလံပစ်အထိ အိုလံပစ်အားကစားပြိုင်ပွဲ အကြိမ်တိုင်းတွင် မြားပစ်အားကစားပါဎင်ခဲ့သည်။ အာရှအားကစားပြိုင်ပွဲ(Asian Games)၌လည်း မြားပစ်အားကစားနည်းကို ၁၉၇၈ခုနှစ်မှစတင်ထည့်သွင်းကျင်းပခဲ့သည်။အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(Sea Games)၌ ၁၉၇၇ ခုနှစ်တွင် မြားပစ်အားကစားနည်း စတင်ထည့်သွင်းခဲ့သည်။ယင်းနောက် ၁၉၉၉ခုနှစ်မှလွဲ၍ ဆီးဂိမ်းစ်ပြိုင်ပွဲ အကြိမ်တိုင်းတွင် မြားပစ်အားကစားနည်းပါ၀င်ခဲ့သည်။
==လေးနှင့်မြား==
==အာရုံစူးစိုက်မှု၊ခွန်အားနှင့်သက်လုံ==
မြားပစ်အားကစားနည်းသည် သတ်မှတ်ထားသောပစ်မှတ်အား ထိချက်မှန်ကန်စွာယှဥ်ပြိုင်ရသည့် အားကစားဖြစ်သည်နှင့်အညီ အာရုံစူးစိုက်မှုနှင့်နည်းစနစ်ပိုင်းကောင်းမွန်ရန်လိုအပ်လှသည်။အာရုံစူးစိုက်မှု (Concentration)နှင့် နည်းစနစ်(Technique)တို့သည် အဓိကအရေးကြီးသောအရာများဖြစ်သည်။ သို့သော် ခွန်အား(Strength)နှင့် သက်လုံ(Stamina)တို့လည်း မရှိမဖြစ်လိုအပ်သောအရာများဖြစ်သည်။ မျက်မှောက် ကာလမြားပစ်ပြိုင်ပွဲများတွင် အသုံးပြုသောလေး(Bow)သည်မြား(Arrow)ကို တစ်နာရီ ကီလိုမီတာ (၂၄ဝ)နှုန်းဖြင့် ပစ်မှတ်ဆီပျံသန်းရောက်ရှိစေသည်။ ဆိုလိုသည်မှာပြိုင်ပွဲဎင် လေးနှင့်မြားကိုအောင်မြင်စွာ ဆွဲငင်ရန်နှင့်ချိန်သားကိုက်ပစ်လွတ်နိုင်ရန်အတွက် ခွန်အားမရှိလှျင်မဖြစ်သလို ရေရှည်ယှဥ်ပြိုင်ရသော အားကစားနည်းဖြစ်၍ သက်လုံကောင်းရန်လည်းလိုအပ်ပေသည်။
==ပြိုင်ပွဲအမျိုးအစားများ==
မြားပစ်ပြိုင်ပွဲတွင် အဓိကအားဖြင့် RECURVE ပွဲစဥ်နှင့် COMPOUND ပွဲစဥ်ဟူ၍ ခွဲခြား နိုင်သည်။ယင်းသို့ ကွဲပြားနေခြင်းမှာ အသုံးပြုသည့် လေး (Bow )အမျိုးအစားခြားနားသောကြောင့်ဖြစ် သည်။ COMPOUND အမျိုးအစားပွဲစဥ်တွင် အသုံးပြုသည့် လေး၏လေးကိုင်းထိပ်ဖျားတွင် Eccentric Pulley ဟုခေါ်သော စက်သီးကိုတပ်ထားသည်။ ယင်းသို့တပ်ဆင်ထားခြင်းက မြားကိုဆွဲငင်ရာတွင် ပိုမိုလွယ်ကူစေပြီး သတ်မှတ်ထားသောနေရာသို့ရောက်ရှိသောအခါ မြားပစ်သူ၏ခွန်အားစိုက်ထုတ်မှုမလို တော့ဘဲ အလိုအလျောက်မြားကို ရပ်တန့်ထိန်းထားစေရန် စီစဥ်ထားခြင်းဖြစ်သည်။ သဘောတရားအားဖြင့် ဒူးလေး(Cross Bow)နှင့်တူသည်ဟု ဆိုနိုင်သည်။ထို့ကြောင့် မြားပစ်သူအနေဖြင့် ပစ်မှတ်အား ချိန်ရွယ်ရာတွင် ပိုမို၍ သက်တောင့်သက်သာချိန်ရွယ်နိုင်သည်။ RECURVE ပွဲစဥ်တွင် အသုံးပြုသောလေးမှာ မြားပစ်သူ၏ ကျွမ်းကျင်မှု၊ ခွန်အားရှိမှုနှင့် သက်လုံကောင်းမှုတို့အပေါ်တွင် အလုံးစုံမှီခိုလျက် ရှိသည်။ မြားကိုကြိုးတွင်တပ်ဆင်ချိန်မှစ၍ ပစ်လွတ်သည့်အချိန်အထိ မြားပစ်သမားက ထိန်းချုပ်ထားရန်လိုအပ် သည်။ယေဘုယျအားဖြင့် RECURVE ပွဲစဥ်များ၏ ရမှတ်အနေအထားသည် COMPOUND ပွဲစဥ်များထက် ပိုမိုသာလွန်ကောင်းမွန်နေခြင်းမှာ အသုံးပြုသော လေးကွာခြားမှုကြောင့် ဖြစ်နိုင်သည်။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊အာရှတံခွန်စိုက်၊ ကမာဘ့တံခွန်စိုက် စသည့်ပြိုင်ပွဲများတွင် RECURVE နှင့် COMPOUND အ မျိုးအစား (၂) ခုစလုံးကို ထည့်သွင်းကျင်းပသော်လည်း အာရှအားကစားပြိုင်ပွဲနှင့် အိုလံပစ်အားကစားပြိုင်ပွဲ တို့တွင်မူ RECURVE အမျိုးအစားပွဲစဥ်များကိုသာ ထည့်သွင်းကျင်းပသည်။
==ပစ်မှတ်နှင့် အကွာအဝေး==
မြားပစ်ပြိုင်ပွဲများတွင် အမျိုးသားတစ်ဦးချင်း (Man Individual ) ၊အမျိုးသမီးတစ်ဦးချင်း( Women Individual ) ၊ အမျိုးသားအသင်းလိုက် ( Men Team ) ၊ အမျိုးသမီးအသင်းလိုက် (Women Team ) ၊ အမျိုးသားနှင့် အမျိုးသမီးနှစ်ယောက်တွဲ ( Mi× Double ) ပွဲစဥ်များပါဝင်သည်။ ပွဲစဉ်အမျိုးအစားအလိုက် ယှဥ်ပြိုင်ရသည့် အကွာအဝေးကွဲပြားပြီး ကျင်းပသောအားကစားပြိုင်ပွဲအလိုက် ထည့်သွင်းကျင်းပသည့် ပွဲစဥ်များလည်း ကွဲပြားမှုရှိနိုင်သည်။ နိုင်ငံတကာပြိုင်ပွဲများတွင် သတ်မှတ်ထားသောအကွာအဝေးမှာ မီတာ (၉ဝ)၊မီတာ(၇ဝ)၊မီတာ(၆ဝ)၊မီတာ(၅ဝ)နှင့် မီတာ (၃ဝ) ပွဲစဥ်များဖြစ်သည်။ ပြိုင်ပွဲယှဥ်ပြိုင်ပုံမှာ ရှုံးထွက်ပြိုင် ပွဲနှင့် အမှတ်ပေးပြိုင်ပွဲဟူ၍ ကွဲပြားမှုရှိသည်။ ကွဲပြားမှုရှိသည်။ မြားပစ်အားကစားနည်း သီးသန့်ကျင်းပသောတံခွန်စိုက် ပြိုင်ပွဲ များမှလွဲ၍ အားကစားပြိုင်ပွဲကြီးများတွင် အမှတ်ပေးပြိုင်ပွဲကို အဆင့်သတ်မှတ်မှုအတွက်သာ ထည့်သွင်းပြီး ဆုချီးမြျင့်ခြင်းမရှိပေ။ ရှုံးထွက်ပွဲစဉ်များမှသာ ဆုတံဆိပ်များ ချီးမြှင့်သည်။ မြားပစ်ပြိုင်ပွဲတွင်အသုံးပြုသော ပစ်မှတ်(Target ) ၏ အရွယ်အစားသည် ပြိုင်ပွဲအမျိုးအစားပေါ်မူတည်၍ ကွဲပြားမှုရှိသည်။ မီတာ(၉ဝ၊၇ဝ၊၆ဝ ) ပွဲစဥ်များအတွက် ပစ်မှတ်၏ မျက်နှာပြင်အကျယ်သည် (၁၂၂) စင်တီမီတာသတ်မှတ် ထားသည်။ မီတာ (၅ဝ)နှင့် မီတာ(၃ဝ) ပွဲစဥ်များအတွက် မျက်နှာပြင်သည် (၈ဝ) စင်တီမီတာသာ ကျယ်ဝန်းသည်။ ပစ်မှတ်၏ မျက်နှာပြင်တွင် သတ်မှတ်ဧရိယာအလိုက် အမှတ်ရရှိမှုကွဲပြားခြားနားသည်။ အမှတ်ပေးမှုကို အရောင်များဖြင့် ခွဲခြားထားခြင်းဖြစ်သည်။ ပစ်မှတ်၏အလယ်ဗဟိုကို အဝါရောင်သတ်မှတ် ထားပြီး ယင်းအဝါရောင်၌ပင် စက်ဝိုင်းငယ်တစ်ခုထပ်မံပါရှိသည်။ စက်ဝိုင်းငယ်အတွင်းထိမှန်အောင်ပစ်နိုင် ပါက (၁ဝ)မှတ်သတ်မှတ်ထားပြီး ယင်းစက်ဝိုင်းအပြင်ဘက်အဝါရောင်ဧရိယာကို (၉) မှတ်သတ်မှတ်သည်။ အဝါရောင်ဧရိယာပြီးနောက် အနီရောင်ဧရိယာသတ်မှတ်ထားသည်။ အနီရောင်အတွင်းဘက်ကို (၈)မှတ်၊ အပြင်ဘက်ကို (၇)မှတ်သတ်မှတ်သည်။ ယင်းနောက်တွင် အပြာရောင်၊ အနက်ရောင်နှင့် အဖြူရောင်များသတ်မှတ်ထားသည်။ အဖြူရောင်ဧရိယာအပြင်ဘက်တွင် အနိမ့်ဆုံးရမှတ်(၁) မှတ်အဖြစ် သတ်မှတ်သည်။ စက်ဝိုင်း၏ ဗဟိုချက်နှင့် မြေပြင်အကွာအဝေးသည် (၁၃၅)စင်တီမီတာဖြစ်ပြီး မြေပြင်အနေအထားပေါ်မူတည်၍(၅) စင်တီမီတာခန့် အတိုးအလှေျာ့ပြုလုပ်နိုင်သည်။
==ပြိုင်ပွဲကျင်းပပုံ==
နိုင်ငံတကာမြားပစ်ပြိုင်ပွဲများတွင် ပွဲစဉ်အလိုက် ပါဝင်ယှဥ်ပြိုင်သူများ၏ အဆင့်သတ်မှတ်သောပွဲစဥ်ကို စတင်ကျင်းပသည်။ ( မှတ်ချက် တံခွန်စိုက်မြားပစ်ပြိုင်ပွဲများ၌ အဆင့်သတ်မှတ်မှုမှ ရမှတ်များအပေါ် ရွေ၊ငွေ၊ကြေး ဆုတံဆိပ်ချီးမြှင့်သော်လည်း အိုလံပစ်နှင့် ဆီးဂိမ်းစ်ပြိုင်ပွဲတို့တွင်မူ ဆုချီးမြှင့်မှုမရှိပေ။) ယင်းပွဲ စဥ်မှာ ပါဝင်ယှဥ်ပြိုင်သူ ပြိုင်ပွဲဝင်များအနေဖြင့် မြား(၇၂) ချောင်းစီယှဥ်ပြိုင်ရပြီး ရရှိသော ရမှတ်အလိုက်အဆင့်သတ်မှတ်သည်။ ပေါ်ထွက်လာသော အဆင့်သတ်မှတ်ချက်များအရ အကောင်းဆုံးရ မှတ်ရရှိသူနှင့် အနိမ့်ဆုံးရမှတ်ရရှိသူတို့ကို အတွဲများတွဲပေးကာ ရှုံးထွက်စနစ်ဖြင့်ပြိုင်ပွဲကို ဆက်လက်ကျင်း ပသည်။ အိုလံပစ်ပြိုင်ပွဲများတွင် ပွဲစဥ်တစ်ခု၌ ပြိုင်ပွဲဝင် (၆၄) ဦးသတ်မှတ်ထားပြီး ယင်း (၆၄) ဦးကို အဆင့် သတ်မှတ်မှုယှဥ်ပြိုင်စေပြီးနောက် အဆင့် (၁) ရရှိသူကို အဆင့် (၆၄ )နှင့်လည်းကောင်း၊ အဆင့် (၂) ရရှိသူ ကို အဆင့် (၆၃)ဖြင့်လည်းကောင်း စသည်ဖြင့် အတွဲများတွဲကာ ယှဥ်ပြိုင်စေခြင်းဖြစ်သည်။ ရှုံးထွက် အဆင့် ပွဲစဥ်များတွင်ပြိုင်ပွဲဝင်တစ်ဦးသည် တစ်ကြိမ်လှျင် မြား(၃)ချောင်းဖြင့် ပွဲငယ် (၆) ပွဲ(6 Ends ) ယှဥ်ပြိုင်ရသည်။ ပွဲငယ်အများဆုံးအနိုင်ရရှိသူမှာ နောက်တစ်ဆင့်သို့တက်ရောက်ယှဥ်ပြိုင်ခွင့်ရရှိမည်ဖြစ် သည်။ ပွဲငယ်အနိုင်၊ အရှုံးရလဒ်တူညီနေပါက အရှုံး၊အနိုင်ပေါ်သည်အထိ မြားပိုတစ်ချောင်းစီထပ်မံယှဥ် ပြိုင်ရသည်။ မြား(၃)ချောင်းအတွက် သတ်မှတ်ခွင့်ပြုချိန်မှာ စကကန့်(၁၂ဝ) ဖြစ်သည်။ ကမာဘ့မြှားပစ်ပြိုင်ပွဲများ တွင် လွမ်းမိုးထားနိုင်သူများမှာ တောင်ကိုရီးယား မြားပစ်မောင်/မယ် တို့ဖြစ်သည်။ အရှေ့တောင်အာရှ အဆင့်တွင်မူ အင်ဒိုနီးရှား၊မြန်မာနှင့် ဗီယက်နမ်တို့က ထိပ်တန်းအဆင့်တွင်ရပ်တည်လျက်ရှိသည်။ လာမည့် ၂ဝ၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြားပစ်အားကစားနည်းပါဝင်မည်ဖြစ်ကာ စုစုပေါင်းရွေ့တံဆိပ် (၁ဝ)ခု ချီးမြှင့်ရန်စီစဥ်ထားကြောင်း သိရှိရသည်။
[[Category:အားကစား]]
|