ဆင်ဝါးနောင်၊ ဆမားဒူးဝါ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၂ -
ဒုတိယကမ္ဘာစစ်အတွင်း​ မြန်မာပြည်ကို ဖက်ဆစ် ဂျပန်စစ်တပ်မှ သိမ်း​ပိုက်ထား​စဉ် ဆမာဒူး​ဝါသည် ကချင်အမျိုး​သား​များ​အား​ ဖက်ဆစ်တို့​၏ နှိပ်စက်ညှင်း​ပန်း​ခြင်း​မှ အကာအကွယ်​ပေး​နိုင်ရန် အလို့​ငှာ ကာမိုင်း​တွင် ဂျပန်​တောင်တန်း​ ဝန်​ထောက်ဖြစ် အမှုထမ်း​ ​ဆောင်ရွက်ခဲ့​သည်။ ထိုသို့​ ထမ်း​ဆောင်ခြင်း​ကြောင့်​ မဟာမိတ် စစ်တပ်များ​ မြန်မာပြည်ကို ပြန်လည် သိမ်း​ပိုက်ချိန်၌ အင်္ဂလိပ်အစိုး​ရက ၎င်းအား​ ဖမ်း​ဆီး​၍ ​တောင်ကြီး​မြို့​တွင် ချုပ်​နှောင်ထား​သည်။ သို့​သော် လည်း​ ဂျပန်လက်​အောက်တွင် အမှုထမ်း​ခဲ့​ခြင်း​မှာ ကချင်အမျိုး​သား​များ​အား​ အကာအကွယ်​ပေး​ရန်သာ ဖြစ်ပြီး​ ဂျပန်စစ်တပ်အား​ အကူအညီ​ပေး​ခြင်း​ မဟုတ်​ကြောင်း ​အင်္ဂလိပ်အစိုး​ရက စုံစမ်း​ သိရှိသဖြင့်​ များ​မကြာမီ လွတ်ငြိမ်း​ချမ်း​သာခွင့်​ ​ပေး​လိုက်​လေသည်။
 
ဒုတိယကမ္ဘာစစ်ပြီး​၍ အင်္ဂလိပ်အစိုး​ရက ‘ဆင်း​မလား​ စီမံကိန်း​’အရ မြန်မာပြည်မကို ကိုယ်ပိုင်အုပ်ချုပ်​ရေး​ပေး​၍ လူနည်း​စုဖြစ်​သော ရှမ်း​၊​ ချင်း​၊​ ကချင်၊​ ကရင်၊​ ကယား​ တိုင်း​ရင်း​သား​ လူမျိုး​စုများ​အား​ ​တောင်တန်း​ဒေသ အုပ်ချုပ်​ရေး​လက်​အောက်တွင် ထား​ရှိရန် မလိုလား​ကြောင်း​၊​ မြန်မာပြည်မ ကဲ့​သို့​ ကိုယ်ပိုင်အုပ်ချုပ်​ရေး​ သို့​မဟုတ် လွတ်လပ်​ရေး​ကို လိုလား​ကြောင်း​ အတိုက်အခံ ပြုလုပ်ခဲ့​သည်။ ထိုကဲ့​သို့​ နယ်ခြား​ဒေသ အုပ်ချုပ်​ရေး​ကို အတိုက်အခံ ပြုလုပ်ခဲ့​သည်။ ထိုကဲ့​သို့​ နယ်ခြား​ဒေသ အုပ်ချုပ်​ရေး​ကို အတိုက်အခံ ပြုလုပ်​နေစဉ်တွင်ပြုလုပ်​နေစဉ် ၁၉၄၆ ခုနှစ်၊​ နိုဝင်ဘာလ ( ၂၈ ) ရက်​နေ့​တွင် ဖဆပလ ဥက္ကဋ္ဌ ဗိုလ်ချုပ်​အောင်ဆန်း​သည် မြစ်ကြီး​နား​မြို့​သို့​ ​ရောက်ရှိလာ၍ ကချင်အမျိုး​သား​ ​ခေါင်း​ဆောင်များ​နှင့်​ ​တွေ့​ဆုံ ​ဆွေး​နွေး​ရာ ဆမာဒူး​ဝါး​ ​ခေါင်း​ဆောင်ပြီး​ မြန်မာပြည်မနှင့်​ အတူတကွ လက်တွဲပြီး​ တစ်ပြိုင်တည်း​ အင်္ဂလိပ်လက်​အောက်မှ လွတ်လပ်​ရေး​ ရလို​ကြောင်း​ တိုင်ပင်​ဆွေး​နွေး​ခဲ့​ကြသည်။
 
ဆမားကြီးသည် မျိုးချစ်စိတ် ပြင်းထန်သူ တစ်ယောက် ဖြစ်သည်။ [[ဗိုလ်ချုပ်အောင်ဆန်း]]တို့နှင့် အတူ လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့သူ တယောက် ဖြစ်သည်။ [[ပင်လုံစာချုပ်]] လက်မှတ် ရေးထိုးရာတွင် ပါဝင်ခဲ့သော ရှေ့တန်းရောက် ပြည်နယ် ခေါင်းဆောင် တစ်ဦးလည်း ဖြစ်သည်။ ၁၉၄၇ ခုနှစ်တွင် အကြံပေး အဖွဲ့ဝင်အဖြစ် ဗိုလ်ချုပ် အောင်ဆန်း တို့နှင့် အတူ ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်)၏ ခန့်အပ်ခြင်း ခံရသော ပုဂ္ဂိုလ်များတွင် တဦး အပါအဝင်လည်း ဖြစ်သည်။