ရော်နယ် ရေဂင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 107 interwiki links, now provided by Wikidata on d:q9960 (translate me)
စာကြောင်း ၂၆ -
[[File:The Reagans waving from the limousine during the Inaugural Parade 1981.jpg|thumb|ရော်နယ်ရေဂင်သမ္မတအဖြစ် မိန့်ခွန်းပြောကြားပြီးနောက် အိမ်ဖြူတော်သို့ သွားနေစဉ် ]]
== နိုင်ငံရေးလုပ်ခြင်း ==
ရော်နယ် ဟာ အစပိုင်းတွင် ဒီမိုကရက်ပါတီဝင် အဖြစ် နိုင်ငံရေးကို စခဲ့သည်။ သို့သော်လည်း ၁၉၆၂ နောက်ပိုင်းတွင် ရီပက်ပလစ်ကန်ပါတီသို့ တရားဝင် ပြောင်းခဲ့သည်။ ရီပက်လစ်ကန်ပါတီဝင် များသည် ရော်နယ်၏ နိုင်ငံရေး၊စီးပွားရေး အမြင်များကို သဘောကျကြသဖြင့် ၁၉၆၆ ကယ်လ်လီးဖိုးနီးယားပြည်နယ်အုပ်ချုပ်မှူးအဖြစ် ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့ကြသည်။ စစ်ဆန့်ကျင်ရေး စသည့် ကြွေးကြော်သံများဖြင့် ၁၉၆၇ ဇန်နဝါရီလ ၃ ရက်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ရွေးကောက် တင်မြှောက် ခြင်း ခံခဲ့ရသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် တင်မြှောက်ခံရပြီး နောက် ရော်နယ်ဟာ သမ္မတလောင်း ရွေးချယ်ပွဲတွင် ဝင်ရောက်စမ်းသပ် ခံခဲ့သေးသည်။ နှစ်ကြိမ်တိတိ ဝင်ရောက်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ရသည်။ သို့သော်လည်း ၁၉၇၀ တွင်ပြည်နယ်အုပ်ချုပ်ရေးအဖြစ် ပြန်လည် ရွေးကောက်တင်မြှောက်ခံ ရသည်။ ၁၉၇၄ တတိယအကြိမ်တွင်မူ ရော်နယ်ဟာ ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခြင်း မမပြုတော့ပေ။ မပြုတော့ပေ။
 
== သမ္မတ အဖြစ်ရွေးခံခြင်း ==
၁၉၈၀ တွင် ရီပက်ပလစ်ကန်ပတီ၏ သမ္မတလောင်းအဖြစ် ရွေးချယ်ခံရပြီးနောက် သမ္မတ ဂျင်မီကာတာ နှင့် ၁၉၈၀ အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည်။ ရော်နယ်ဟာ အခွန်လျော့ပေါ့ရေး၊ အစိုးရမှ ပြည်သူများထံသို့ စိတ်အနှောက်အယှက်ဖြစ်အောင် အကြောင်းမရှိ ဝင်ရောက်စစ်ဆေးနေမူ၊ အမေရိကန်ပြည်သူများအတွက် ပိုမိုလွတ်လပ်ခွင့်စွာ လူပ်ရှား ပိုင်ခွင့် နှင့် နိုင်ငံတော် ကာကွယ်ရေး စသည့်များဖြင့် မဲဆွယ်စည်းရုံးခဲ့သည်။ ရော်နယ်ရေဂင်ဟာ ၁၉၈၀ တွင် သူ၏အိမ်မက်ကို အကောင်အထည် ဖော်နိုင်ခဲ့သည်။ ရော်နယ်က မဲအရေအတွက် ၅၀.၇% ၊ သမ္မတ ဂျစ်မီကာတာ က ၄၁%၊ ဖြင့် ရော်နယ်ဟာ အမေရိကန်နိုင်ငံ၏ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။ သို့သော်လည်း အထက်လွှတ်တော်တွင် ဒီမိုကရက်များက အမတ်နေရာ အများဆုံးဖြင့် နေရာယူထားသေးသည်။ အောက်လွှတ်တော်တွင် ရော်နယ်၏ ရီပက်ပလစ်ကန်က အမတ်နေရာ ၃၄နေရာအပိုအဖြစ် ချုပ်ကိုင်နိုင်ခဲ့သည်။