ရဟန်း: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၉ -
ရှစ်မျိုးမှလာသော အလုံးစုံသောရဟန်းကို ရသည်။
( ပဗ္ဗဇ္ဇမင်္ဂလာ ။)

ရဟန်းဟူသည် - တရားကို ကောင်းစွာကျင့်ခြင်း ၊ မှန်စွာကျင့်ခြင်း ၊ ကုသိုလ်ပြုခြင်းသည် ကောင်း၏၊ကောင်းမှုပြုခြင်းသည် ကောင်း၏၊ မညှင်းဆဲခြင်းသည်ကောင်း၏၊ သတ္တဝါတို့ကို သနားခြင်းသည် ကောင်း၏ ဟု နှလုံးသွင်း ကျင့်နေသူ ဖြစ်သည်။ <ref>ဒီဃနိကာယ် ၊မဟာဝဂ် ၊ မဟာပဒါနသုတ်</ref> သာမဏေရ ပဗ္ဗဇ္ဖ လို့ အခေါ်ပြောင်းလိုက်လျှင် - လွတ်မြောက်အောင်ကျင့်နေသူ ၊ အနှောင်အဖွဲ့ကင်းသူ၊ (တဏှာကင်းအောင် ကြိုးစားနေသူ ) ဖိအားကင်းအောင်နေသူ၊ ငြိမ်းချမ်းအောင်နေသူဟု အဓိပ္ပါယ်ရသည်။

ဗုဒ္ဓသာသနာတွင်း ရဟန်း([[ သံဃာ]] ) နှင့် သာသနာပ ရဟန်း
နှစ်မျိုးလုံးနှင့်လည်း ဆက်ဆံသည်။ ထိုသို့ ဆက်ဆံသော်လည်း
Line ၁၈ ⟶ ၂၂:
ရဟန်းသာ ဖြစ်သည်။ [[ရဟန်းသာမဏေများ သင်ကြား လေ့ကျင့်ရမည့်တရားများမှ ၇၅-မျိုး]]
သိက္ခာပုဒ်များကိုလည်း စောင့်ရှောက် ထိန်းသိမ်း၍ နေရသည်။

=== ရဟန်း ၈-မျိုး ===
သာသနာ့ဝန်ထမ်း ရဟန်းဘဝနှင့် စပ်၍ ရဟန်းရှစ်မျိုးရှိကြောင်းကို ဦးစွာသိအပ်ပေ၏။

၁။ ဧဟိဘိက္ခူပသမ္ပဒါ-ဗုဒ္ဓက ရဟန်း လာလော့-ဟုခေါ်ကာမျှဖြင့် ဖြစ်လာရသော ရဟန်း။( အရှင်သာရိပုတ္တရာ စသည် )

၂။ သရဏဂမနူပသမ္ပဒါ-သရဏဂုံ ဆောက်တည်ကာမျှဖြင့် ဖြစ်လာသောရဟန်း။( ဘုရားဖြစ်ခါစ ရှေးပိုင်းရဟန်းများ )

၃။ ဩဝါဒပဋိဂ္ဂဟဏူပသမ္ပဒါ-ဗုဒ္ဓ၏ ဩဝါဒကို ခံယူကာမျှဖြင့် ဖြစ်လာသော ရဟန်း။( အရှင်မဟာကဿပ )

၄။ ပဥှာဗျာကရဏူပသမ္ပဒါ-ပြဿနာ ဖြေဆိုကာမျှဖြင့်ဖြစ်လာသောရဟန်း။( အရှင်သောပါက )

၅။ အဋ္ဌဂရုဓမ္မ ပဋိဂ္ဂဟဏူပသမ္ပဒါ-ဂရုဓမ်ရှစ်ပါး ခံယူကာမျှဖြင့် ဖြစ်လာသော ရဟန်း။( အရှင်မ မဟာပဇာပတိဂေါတမီ )

၆။ ဒူတေနူပသမ္ပဒါ-တဆင့်ခံ တမန်ဖြစ်လာသော ရဟန်း။( အရှင်မ အဎ္ဍကာသီ )

၇။ အဋ္ဌဝါစီကူပသမ္ပဒါ-ရဟန်း၊ ရဟန်းမ၊ နှစ်ဖက်သံဃာမှ ဉတ္တိစတုတ္ထကံ နှစ်မျိုးဖြင့် ဖြစ်လာသော ရဟန်း။( အခြားရဟန်းမများ )

( ၈ ) ဉတ္တိစတုတ္ထကမ္မူပသမ္ပဒါ-ဉတ္တိစတုတ္ထကံဖြင့် ဖြစ်လာသော ရဟန်း။( အရှင်ရာဓ-မှစ၍ မျက်မှောက်ခေတ်အထိ ရဟန်းများ )

ထို ၈-မျိုးတို့တွင် ၁၊ ၃ ၊ ၄၊ ၅ တို့သည် ဗုဒ္ဓကိုယ်တော်တိုင် ရဟန်းပြုပေးသော ရဟန်း အမျိုးအစားများ ဖြစ်ကြသည်။

[[File:Celebrating Full Moon of Tabaung (Buddhist festival) in Bangkok in Mar 2012.PNG|thumb|right|ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံတွင် တပေါင်းပွဲတော်ကို ကျင်းပနေပုံ]]
[[File:Celebrating Full Moon of Tabaung (Magha Puja Buddhist festival) in Bangkok, Thailand in Mar 2012.PNG|thumb|right|တပေါင်းပွဲတော်ကို ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံတွင် ကျင်းပနေပုံ]]
Line ၉၃ ⟶ ၁၁၂:
မှာလည်း ဝဋ်ဆင်းရဲကုန်ဆုံးရာ အရဟတ္တဖိုလ် နိဗ္ဗာန်သို့ ဆိုက်
ရောက်ရန် ဖြစ်လေသည်။
ထိုရဟန်းမိန်းမ([[သီလရှင်]]) ကား မြတ်စွာဘုရား လက်ထက် တော်
ကပင် ရှိခဲ့၏။ မိထွေးတော် ဂေါတမီသည် သာကီဝင် မင်းသမီး ငါးရာ
နှင့်တကွ ရှေးဦးစွာ ရဟန်းပြု၏။ နောက် အဆင့်ဆင့် ပွားများလာ
၍ သာသနာ တော်တွင် ရဟန်းမိန်းမ သာသနာ ရဟန်းမိန်းမသံဃာဟု
သီးခြားဖြစ်လာသည်။ ထိုစဉ်အခါက မဇ္ဈိမဒေသတွင် ရဟန်းမိန်းမတို့သည် အလွန်များကုန်၏။

== ရဟန်းဖြစ်ထိုက်သော အင်္ဂါ ==
ရဟန်းတပါး ဖြစ်မြောက်ရန် ဉတ္တိစတုတ္ထကံကို နည်းလမ်းတကျ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ဖို့ လိုအပ်၏။ ယင်းသို့ ဉတ္တိစတုတ္ထကံ အောင်မြင်ရန်-
၁။ ဝတ္ထု-ရဟန်းလောင်း။

၂။ ဉတ္တိ-ဉတ်။ ( ကမ္မဝါစာ နိဒါန်း )

၃။ သီမာ-သိမ်။

၄။ အနုဿာဝန-ကမ္မဝါစာ။

၅။ ပရိသာ-ပရိသတ်။ ( ကံဆောင်သံဃာ ) ( ဝတ်-ဉတ်-သိမ်-ကံ၊ ပရိသာ၊ ငါးဖြာ သမ္ပတ္တိ ။)

ဟူသော အင်္ဂါငါးပါး ညီညွတ်ပြည့်စုံဖို့ လိုအပ်၏။

ယင်းငါးပါး ညီညွတ်ပြည့်စုံမှ ဉတ္တိစတုတ္ထကံ အောင်မြင်၍ ရဟန်းဖြစ်နိုင်၏။ ထို့ကြောင့် ( သိက္ခာတင် ပဉ္စင်္ဂ ) ဟု ဆိုကြသည်။ သိက္ခာတင်-( ရဟန်းခံ) ရာ၌ အင်္ဂါငါးပါး ရှိ၏ဟု ဆိုလိုသည်။

ထိုတွင် ဝတ္ထုအရ ရဟန်းလောင်းသည် ယောကျာ်းစစ် ဖြစ်ရခြင်း၊

အသက် ၂၀-ပြည့်ရခြင်း၊

တိတ္ထိ ( ဒိဋ္ဌိအယူရှိသူ ) မဟုတ်ရခြင်း၊

ပဉ္စာနန္တရိယ ကံကြီးများ ကျူးလွန်ထားသူ မဟုတ်ခြင်း-စသော အင်္ဂါတို့နှင့် ညီညွတ်သူ ဖြစ်ရ၏။

ဉတ္တိအနုဿာဝနတို့အရ ဉတ်ကမ္မဝါစာကို ဌာန်၊ ကရိုဏ်း၊ ပယတ်၊ သိထိလ၊ ဓနိတ ပီသစွာ မှန်မှန်ကန်ကန် ရွတ်ဖတ်နိုင်ရ၏။

သီမာ-အရ သိမ်သည် အောင်အောင်မြင်မြင် သမုတ်ခဲ့သော သိမ်ကောင်းဖြစ်ရ၏။

ပရိသာ-အရ ကံဆောင်သံဃာသည် အနည်းဆုံး ရဟန်းစစ်စစ် ငါးပါးရှိရ၏။

( မဇ္ဈိမဒေသဖြစ်လျှင် ၁၀-ပါးရှိရ၏။ ယင်းသံဃာတော်များက စုပေါင်းညီညာ ဆောင်ရွက်ကြရ၏။ )

သံဃာက ရဟန်းခံပေးရာ၌လည်း လူမြင်တိုင်း ရဟန်းခံ