အာဖရိကညီညွတ်ရေးအဖွဲ့: တည်းဖြတ်မှု မူကွဲများ

"==အာဖရိကညီညွတ်ရ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၅:၄၃၊ ၉ မတ် ၂၀၁၄ ရက်နေ့က မူ

အာဖရိကညီညွတ်ရေးအဖွဲ့

အာဖရိကတိုက်ရှိ နိုင်ငံ၃ဝ မှ နိုင်ငံအ0x100ကီးအကဲများသည် ၁၉၆၃ ခုနှစ် မေလ ၂၅ ရက်နေ့တွင် အီသီအိုးပီးယားနိုင်ငံ အဒစ်အဗားဗားမြို့တွင် အာဖရိကညီညွတ်ရေး အဖွဲ့ကိုဖွဲ့စည်းခဲ့ 0x100ကသည်။ ယင်းအဖွဲ့ကို အဂ‡လိပ်ဘာသာဖြင့် အိုအေယူဟု အတိုကောက်ခေါ်လေသည်။ အာဖရိကညီညွတ်ရေးအဖွဲ့၏ ရည်ရွယ်ချက်များမှာ အာဖရိက နိုင်ငံများ သွေးစည်းညီညွတ်ရေး၊နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ ယဉ်ကျေးမှု၊ သိပ0x053ံနှင့် ကျန်းမာရေးကိစ0x038များတွင် အချင်းချင်းပူးပေါင်းဆောင် ရွက်ရေးနှင့် အပြန်အလှန် ကူညီရေး တို့ဖြစ်သည်။ ကိုလိုနီဝါဒချုပ်ငြိမ်းစေရေးနှင့် အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုနှင့်လွတ်လပ်ရေး ကို ကာကွယ်စောင့်ရှောက် ရေးတို့မှာ အာဖရိကညီညွတ်ရေးအဖွဲ့၏ အဓိက ရည်ရွယ်ချက် ဖြစ်လေသည်။ အာဖရိကညီညွတ်ရေးအဖွဲ့၏ အာဏာပိုင်အဖွဲ့အစည်းများမှာ နိုင်ငံအ0x100ကီးအကဲများညီလာခံ၊ နိုင်ငံခြား ရေးဝန်0x100ကီးကောင်စီ၊ အထွေထွေ အတွင်းရေးမှူးချုပ်ရုံးနှင့် ဖြန်ဖြေစေ့စပ်ရေး ကော်မ ရှင်တို့ဖြစ်သည်။ အာဖရိကညီညွတ်ရေးအဖွဲ့၏ အစည်းအဝေးများကိုကျင်းပရာတွင် နိုင်ငံခြားရေးဝန်0x100ကီးများ ကောင်စီ အစည်းအဝေးကို ပဏာမ ကျင်းပပြိးမှသာ နိုင်ငံအ0x100ကီးအကဲများ ညီလာခံကို ကျင်းပ လေ့ရှိ၏။ နိုင်ငံခြားရေး ဝန်0x100ကီးများကောင်စီ အစည်းအဝေး ၏ သုံးသပ်ချက်များကို နိုင်ငံအ0x100ကိးအကဲများ ညီလာခံတွင် ထပ်မံဆွေးနွေး သုံးသပ်ပြီး ဆုံးဖြတ်ချက်များ ချမှတ်လေ့ရှိ သည်။ ယခုအခါ အာဖရိကညီညွတ်ရေးအဖွဲ့တွင် အဖွဲ့ဝင် ၄၆ နိုင်ငံ ပါဝင်ပြီး အဖွဲ့၏ ဌာနချုပ်ကိုအီသိီအိုး ပီးယားနိုင်ငံ အဒစ်အ ဗားဗားမြို့တွင် ဖွင့်လှစ်ထားရှိသည်။

[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)