ဇေယျ (ရုပ်ရှင်သရုပ်ဆောင်): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 1 interwiki links, now provided by Wikidata on d:q8069883 (translate me)
No edit summary
စာကြောင်း ၁ -
‌‌'''ဇေယျ''' သည် မြန်မာနိုင်ငံမှ [[ရုပ်ရှင်သရုပ်ဆောင်]]တစ်ဦးဖြစ်သည်။
==ငယ်ဘဝ==
၁၉၁၆ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ ညောင်ကုန်းရွာတွင် အဖ ဦးမောင်၊ အမိ ဒေါ်ဆင်တို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ လှမောင်ဖြစ်သည်။ မွေးချင်းဆယ့်တစ်ယောက်အနက် ဆဋ္ဌမမြောက်သားဖြစ်သည်။ မိဘများသည် ရွှေလှောင်စက္ကူ (ဘုရားတွင်ရွှေချသော ရွှေဆိုင်းများကို ကပ်သော စက္ကူ) လုပ်ငန်းလုပ်ရင်း ခြံထွက်သီးနှံ ရောင်းချလုပ်ကိုင်သူများ ဖြစ်ကြသည်။ ညောင်ကုန်းရွာ ဘုန်းတော်ကြီးကျောင်း နောက်မူလတန်း ကျောင်းပြောင်းရွှေ့၊ ပညာသင်ခဲ့ ရှစ်နှစ်သားတွင် မိခင်ကွယ်လွန် မိသားစု တကွဲတပြား ဖြစ်ပြီး မောင်လှမောင် တစ်ဦးသာ ဖခင်နှင့်ကျန်ခဲ့သည်။ သုံးတန်း အရောက်ကျောင်းထွက်ကာ ဖခင်ကို ခြံထွက်သီးနှံ ရောင်းကာ လုပ်ကိုင်ခဲ့သည်။ ၁၉၂၇-တွင်[[စစ်ကိုင်းတံတား]]တည်ဆောက်ရာ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး နောက် လေးငါးလကြာ မန္တလေးမှ ကြီးတော် တစ်ဝမ်းကွဲဒေါ်အေးမြက ရှင်ပြု ပေးမည် ဆိုသဖြင့် စစ်ကိုင်းတောင်ရိုးတော် ရှင်ပင်နံကိုင်းချောင် ဆရာတော်ထံတွင် ကိုရင်ဘဝဖြင့် စာဆက်သင်ခဲ့သည်။
== မေတ္တာရေး ==
တစ်နှစ်ခန့် ရှိသည့်အခါ ဒေါ်အေးမြက လာခေါ်သဖြင့် ကိုရင်ထွက်၍ မန္တလေးသို့ လိုက်သွားရသည်။ သင်္ဘောပေါ်တွင် ဈေးရောင်း အလုပ်ဝိုင်းလုပ်ကာ အဒေါ်နှင့် နေထိုင် လုပ်ကိုင်နေရင်း ဈေးချိုသူ၊ မန္တလေး၊ ကျောက်သွေးတန်းမှ မသန်းတင်နှင့် မေတ္တာမျှသဖြင့် ဒေါ်အေးမြနှင့် မသန်းတင်၏ အမေမှာဆွေးမျိုး မကင်းသူများ ဖြစ်သည့်အတိုင်း အိမ်ထောင်ချပေးခဲ့ကြသည်။
မောင်လှမောင်မှာ အဒေါ်အိမ်တွင်နေ၊ လခ မရ ၊ သမီးလေး(၂)ယေက်ရချိန် ယောက္ခမကလာခေါ်သည်။ တစ်နှစ်မပြည့်မီ နောက်ကလေးထပ်ရပြန်သည်။ ကျောက်သွေးပညာသင်ကြားနေစဉ် (၆)လကြာခန့် ဆရာက တစ်လငွေ (၂၀၀)ပေး ထားသည်။
== မောင်လှမောင်မှဇေယျာမောင်ဘဝ ==
၁၉၃၆-တွင်မန္တလေးသို့ ကာယဗလ ဦးရှိန်နှင့် ဦးဇော်ဝိတ် ရာက်လာကာ လူငယ်များ ကာယဗလ လိုက်စား သင့်ကြောင်း ဟောပြောသဖြင့် ထိုအချိန်မှစ၍ ကာယဗလ လေ့ကျင့်ခဲ့သည်။
၁၉၄၂-တွင် ဂျပန်က မန္တလေးကို ဗုံးကြဲပြန်သောအခါ မောင်လှမောင်တို့မိသားစု စစ်ကိုင်းသို့စစ်ပြေးခဲ့ရ ပြန်သည်။ နောက်ဂျပန် အဆုတ်တွင် မန္တလေးသို့ပြန်ခဲ့သော်လည်း အင်္ဂလိပ်ဗုံးကြဲပြန် သောကြောင့် စစ်ကိုင်းသို့ ပြန်ပြေးခဲ့ရပြန်သည်။ မောင်လှမောင်သည် စစ်ကိုင်းထွက်ဆေးလိပ်များ လားရှိုးတတ်ရောင်းရာမှ ငှက်ဖျားမိကာ ချိနဲ့သွားခဲ့သည်။ ပုံမှန် ပြန်ကောင်းလာရန် အပြင်းအထန်ပြန်လေ့ကျင့်ခဲ့ရသည်။ ၁၉၄၃-ခုတွင် ဂျပန်က လွတ်လပ်ရေးပေးသည့်အချိန် စစ်ကိုင်းတွင် မောင်ရွေးပွဲ ကျင်းပရာ မောင်လှမောင် ဝင်ပြိုင်ပြီး စစ်ကိုင်းတိုင်းမောင်(ခေါ်) ဇေယျာမောင်ဘွဲ့ဆွတ်ခူးခဲ့သည်။ ထိုအချိန်တွင် အသက် ၂၇-နှစ်အရွယ်သာ ရှိသေးသည်။
== ရွှေမန်းမောင် ==
ဖက်ဆစ်တော်လှန်ရေး ပြီး၍ စစ်ကိုင်းမှ မန္တလေးပြန်ပြောင်းခဲ့သည်။ ၁၉၄၆-တွင် မန္တလေး ၌ ကာယဗလမောင်ဝင်ပြိုင်ရာ ရွှေမန်းမောင် ဘွဲ့ရခဲ့ ပြန်သည်။ ထိုအချိန်တွင် အေဝမ်းက စစ်ပြီးခေတ် ပထမဆုံးရုပ်ရှင်ကား ရိုက်ရန် စိုင်းပြင်းနေချိန်ဖြစ်ပြီး ဒါရိုက်တာ ဦးဘရှင်က မောင်လှမောင်အား ကမ်းလှမ်းသဖြင့် ရုပ်ရှင်စရိုက်ဖြစ်ခဲ့သည်။ '''ခေတ်သစ်ဖာတစ်လုံးခေါင်းကျား'''ရုပ်ရှင် ဇာတ်ကား (မောင်လှမောင် မေထွေး၊ မေမြ၊ သာဂေါင်ကြီး၊ မျိုးမြင့်၊ သန်းနွဲ့ ပါဝင်သရုပ်ဆောင်) မန္တလေး၊ ပုသိမ်၊ စစ်ကိုင်း၊ မော်လမြိုင်၊ ရန်ကုန်တွင် ပြခဲ့ရာ အထူးအောင်မြင်ခဲ့သည်။
== အသံတိတ်ခေတ်မှ မင်းသားဇေယျ ==
နောက် အေဝမ်းကပင် '''ဘာမထီ'''နှင့် '''အောင်ဆုပန်'''၊ အသံတိတ်ဇာတ်ကားနှစ်ကားတွင် ခေါင်းဆောင် မင်းသားအဖြစ် ရိုက်ကူးရပြန်သည်။ ထိုဇာတ်ကားနှစ်ကား မှစ၍ ဇေယျ အမည်ခံယူခဲ့သည်။ နောက် ဗြိတိသျှ ဘားမားရုပ်ရှင်မှပင် မုဒုံမယ် တင်တင်မူနှင့် တွဲပြီး '''လင်နဲ့ အပျို''' ဇာတ်ကား ရိုက်ကူးပါဝင်ခဲ့သည်။ စစ်ပြီးခေတ် ပထမဆုံးအသံထွက် ရုပ်ရှင်ဇာတ်ကားဖြစ်သည်။ နောက် မင်းသမီး မေမေဝင်းနှင့် '''မိုးကြယ်မို့လား'''၊ '''ဖြူနှင်းမာလာ''' စသည့် ဇာတ်ကားများရိုက်ကူးခဲ့ရသည်။
မင်းသား ဇေယျ အဖြစ် ရုပ်ရှင် ၆ ကားရှိပြီ ဖြစ်သော်လည်း အောင်မြင်သင့်သလောက် မအောင်မြင်သေးပေး။ ထို့ကြောင့် မန္တလေး ကျောက်သွေးတန်း၌ ကျောက်သွေးဆရာ ပြန်လုပ်ရပြန်သည်။
== ခုနှစ်အလိုက်ထင်ရှားသောရုပ်ရှင်ဇတ်ကားများ ==
တစ်နှစ်ခန့်ကြာ (1951) တွင် အေဝမ်းဦးတင်မောင်ထံမှ အခေါ်စာရောက် လာသဖြင့် ဇေယျရန်ကုန်ပြန်ဆင်းခဲ့ပြန်သည်။ မြဲတဲ့သစ္စာ ကားတွင် ခေါင်းဆောင် မင်းသားအဖြစ် ရိုက်ရသည်။ မင်းသမီး မေသစ်၊ မြင့်မြင့်ခင်တို့ပါဝင်သော ထိုကားမှာ အောင်မြင်သည်။ ဇေယျနှင့် မေသစ်တွဲဆိုခဲ့သော လင်ဖုန်မိုသီချင်း ထိုအချိန်က အလွန် ခေတ်စားသည်။ ထိုကားမှစ၍ ကုမဏီများ ဒါရိုက်တာများက ဇေယျအား မင်းသားအဖြစ် ရိုက်ကူးရန် ကမ်းလှမ်းခဲ့ကြရာ ဇေယျသည် ကျောက်သွေးဆရာ အလုပ်ကိုစွန့်ပြီး ကားတစ်ကား ပြီးတစ်ကား ရိုက်ခဲ့ရသည်။
 
မြဲတဲ့သစ္စာ ကားရုံတင်ပြီး (6)လ အကြာ ဇနီးမသန်းတင်သည် သားသမီးများနှင့် ရန်ကုန်လိုက်လာသည်။ သာဂေါင်အိမ်တွင် တည်းပြီးမှ အိမ်ရှာကြရာ ဇေယျ အိမ်ရသွားသည်။ အိမ်ရသည်နှင့်ယောက္ခမများနှင့်ဖခင်ကြီးကိုခေါ်ကာ အိမ်ဦးခန်းတွင်ထားပြီး လုပ်ကျွေးခဲ့သည်။ မြဲတဲ့သစ္စာ ကားအပြီး ဦးသုခက ဇေယျအား ပြဇာတ်မင်းသား အဖြစ်စတင်ရိုက်ခဲ့သည်။ တေးချိုချို ပြဇာတ်တွင် မေချစ်နှင့်တွဲ ပြီး သရုပ်ဆောင်ရာ အောင်မြင်ခဲ့သည်။
၁၉၁၆ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ ညောင်ကုန်းရွာတွင် အဖ ဦးမောင်၊ အမိ ဒေါ်ဆင်တို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ လှမောင်ဖြစ်သည်။ မွေးချင်းဆယ့်တစ်ယောက်အနက် ဆဋ္ဌမမြောက်သားဖြစ်သည်။ သုံးတန်းအထိ ပညာသင်ကြားခဲ့သည်။ မိဘ၏ဥယျာဉ်လုပ်ငန်းကို ကူညီလုပ်ကိုင်ခဲ့သည်။ မန္တလေး၊ ကျောက်သွေးတန်းမှ ကျောက်ကုန်သည် သမီး မသန်းတင်နှင့် လက်ထက်ခဲ့သည်။ ၁၉၄၃ ခုနှစ်တွင် စစ်ကိုင်းကာယဗလအဖွဲ့မှ ကျင်းပသော ဇေယျာမောင်ဘွဲ့၊ ၁၉၄၆ ခုနှစ်တွင် ရွှေမန်းမောင်ဘွဲ့များကို ရရှိခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် ခေတ်သစ်ဖာတစ်လုံးခေါင်းကျားဇာတ်ကားဖြင့် ရုပ်ရှင်လောကသို့ ဝင်ရောက်ခဲ့သည်။ မန္တလေးကျောက်သွေးတန်း၌ ကျောက်လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ အသက် ၆၉ နှစ်အရွယ်တွင် ရုပ်ရှင်လောကမှ အနားယူချိန်အထိ ဇာတ်ကားပေါင်း ၁၃၄ ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဘဝသံသရာ၊ သည်ဆောင်းဟေမာန်၊ ဪမိန်းမ စသောဇာတ်ကားများမှာ အထူးထင်ရှားသည်။
 
1953 တွင်ဒါရိုက်တာ သုခက သည်ဆောင်းဟေမာန် ကားရိုက်ကူးသည်။ ဇေယျ၊ ကျော်ဆွေ၊ မေသစ်တို့ပါဝင်ကာ အထူးအောင်မြင်ခဲ့သော ရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့သည်။
၁၉၉၆ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ကွန်လွန်ခဲ့သည်။ ကွန်လွန်ချိန်တွင် ဇနီး ဒေါ်သန်းတင်နှင့် သား ဦးရာညွန့်နှင့် ဦးရာမှုန်တို့ ကျန်ရစ်ခဲ့သည်။
 
ဇေယျသည် လက်မလည်အောင်ရုပ်ရှင်ရိုက်ရသည့်ကြားမှ ပြဇာတ်အနုပညာများကိုကူညီ အားပေးသည့် အနေဖြင့် ပြဇာတ်အချို့ ၌ပါဝင်ကပြခဲ့သည်။
<br />
{{DEFAULTSORT:ဇ}}
 
1955 ခုနှစ် ဝင်းဝင်းပြဇာတ် ခေတ်ဆုံးသည့် အခါ ဗိုလ်ကလေးတင့်အောင် မေတ္တာရပ်ခံချက်အရ မော်လမြိုင်၊ ပုသိမ်၊ မန္တလေး၊ နှင့်ဘိုကလေးမြို့ များသို့ ပြဇာတ်လိုက်ကပေးခဲ့သည်။ အခြားဒါရိုက်တာများ နှင့်လည်း ဇာတ်ကားများစွာရိုက်ခဲ့သည်။ ရန်သူ့ရင်သွေး၊ အသွင်မတူ၊ ချစ်ငွေ့ဝေဝေ၊ နှင်းဝေဝေ၊ စွန့်ဝံ့သူ စသည့်ဖြင့် ရုပ်ရှင်ကား အများအပြား ရိုက်ကူးခဲ့ရာ 1954-55-56 ခုနှစ်များသည် အများဆုံး ဇာတ်ကားရိုက်ရသောနှစ်များဖြစ်သလို အအောင်မြင်ဆုံး အချိန်ပင် ဖြစ်သည်။ ထိုအချိန်က ဇေယျ အသက်မှာ 39-40 ရွယ်ရှိပြီဖြစ်သည်။
 
1954 ခုနှစ် တစ်နှစ်တည်းတွင် ရုပ်ရှင် ၁၁ ကားရိုက်ကူးခဲ့ရာ ထိုအထဲမှ ဒါရို်က်တာဦးချစ်ခင်ရိုက်သည့် ချစ်ပန်းသဇင် (ဇေယျ၊မြင့်မြင့်ခင်) ကားသည် ရုရှား သို့စတာလင်ပေါင် (2000)ဖြင့်ရောင်းချခဲ့ရသည်။ ဦးသုခ ရိုက်သည့် ဩော်မိန်းမ (ဇေယျ၊မြင့်မြင့်ခင်၊ ဖိုပါးကြီး) ကားလည်း အထူးအောင်မြင်ခဲ့သည်။
 
1955 တွင် ဇာတ်ကား ၁၀ကား၊ 1956 တွင် ၁၂ ကား ရိုက်ကူးခဲ့ရသည်။ ထိုအထဲမှ ဒါရိုက်တာ သုခ ရိုက်သည့် ဘဝသံသရာ ကားတွင် ဇေယျ အကယ်ဒမီရခဲ့ သည်။ ဒါရိုက်တာလည်း ထိုကားအတွက် အကယ်ဒမီရခဲ့သည်။ ဝင်ငွေအကောင်းဆုံးကားလည်း ဖြစ်ခဲ့သည်။ 1957 တွင်ထိုကားကို တရုတ်ပြည်သို့စတာလင်ပေါင် (3000)ဖြင့်ရောင်းချခဲ့ရသည်။
 
ဇေယျသည် ထိုခေတ်နာမည်ကြီး မင်းသမီးမျိုးစုံနှင့်တွဲခဲ့သည်။ မေရီမြင့်နှင့်အများဆုံးတွဲ ဖက်သရုပ်ဆောင်ခဲ့သည်။ 1957 တွင်အသက် (41)နှစ်အရွယ်တွင် တစ်နှစ်တည်း (15)ကားထိရိုက်ခဲ့ရသည်။ 1958 တွင် 14 ကား၊ 1960 တွင် (12)ကား ရိုက်ကူးခဲ့ရသည်။
 
1958 တွင်မိသားစုပိုင် ဇေယျာရွှေပြည် ရုပ်ရှင်ထုတ်လုပ်ရေး ကိုတည်ထောင်ကာ ဇာတ်ကားအချို့ရိုက်ခဲ့ သား နှစ်ယောက်အား ခမ်းနားစွာရှင်ပြုခဲ့သည်။ ဒေါ်သန်းတင်နှင့် သားသမီး ကိုးယောက်အထိ ထွန်းကားခဲ့သည်။
 
1961 မှ 1963 (47နှစ်အရွယ်) အထိ 15ကားရိုက်ခဲ့ပြီး ထိုအချိန်မှ စ၍ စွန်းလွန်းနည်းဖြင့် တရား အား ထုတ်ခဲ့သည်။ 1963-မှ 1971 (55)နှစ်အရွယ်အထိ (16)ကား ရိုက်ခဲ့သည်။ ဇေယျာရွှေပြည် မှ သား ယာမိုးနှင့်ဇော်မိုးကို မင်းသားတင်ကာ ဇာတ်ကားများ ရိုက်ခဲ့သည်။
 
ဇေယျသည် မချစ်လဲပြံး ချစ်လဲပြံး ဇာတ်ကားရိုက်ပြီး အသက် ၆၉ နှစ်အရွယ်တွင် ရုပ်ရှင်လောကမှ အနားယူချိန်အထိ ဇာတ်ကားပေါင်း ၁၃၄ ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဘဝသံသရာ၊ သည်ဆောင်းဟေမာန်၊ ဪမိန်းမ စသောဇာတ်ကားများမှာ အထူးထင်ရှားသည်။
== ရဟန်းဘဝ ==
27.7.21981 တွင် ရဟန်းဝတ်ခဲ့ပြီး ရိုးရိုးကြီးဇေယျ ဘဝမှ အရှင်ဝဇီရာနန္ဒ ဘဝရောက်ခဲ့သည်။
== ပျံလွန်တော်မူခဲ့သောသက်တော် ==
၁၉၉၆ ၂၀၁၀-ခုနှစ် အောက်တိုဘာလစက်တင်ဘာလ ၄-ရက်နေ့ သန်းကောင်ကျော်တွင် ပျံလွန်တော်မူခဲ့သည်။ သက်တော် ၈၆ ဝါတော် ၂၃ ရက်နေ့တွင်ဝါရချိန် ကွန်လွန်ခဲ့သည်။ဖြစ်သည်။ ကွန်လွန်ချိန်တွင် ဇနီး ဒေါ်သန်းတင်နှင့် သား ဦးရာညွန့်နှင့် ဦးရာမှုန်တို့ ကျန်ရစ်ခဲ့သည်။
 
==ကျမ်း​ကိုး​==
<references/>
[[Category:မြန်မာ ရုပ်ရှင်သရုပ်ဆောင်များ]]
[[Category:မြန်မာအတ္ထုပ္ပတ္တိ]]