နန်းမတော်မယ်နု: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 1 interwiki links, now provided by Wikidata on d:q6963784 (translate me)
No edit summary
စာကြောင်း ၁ -
မယ်နုဟု လူသိများသည့် [[စစ်ကိုင်းမင်း (ဘကြီးတော်(စစ်ကိုင်းမင်း)]] ၏မိဖုရားခေါင်ကြီးသည် မြတောင်မြို့စား စုဖုရား (သီပေါမင်း၏ မိဖုရား [[စုဖုရားလတ်]])၏အဘွားပင် ဖြစ်ပါသည်။
 
“[[မောင်းထောင်ဆရာတော်]]သည် လေးကြိမ်မြောက် အဝတည် မင်းတရား၏ မိဖုရားခေါင်ရှင် မယ်နုကို 'အသမႝန္နခတ္တိယအနွယ် ဖြစ်တော်မူသော ရှင်မိဖုရားသည်' ဟု နိဂုံးအုပ် သမိုင်းထိုးရချေသည်။ စင်စစ်ကား ထိုရှင်မိဖုရားသည် ဒီပဲရင်းကျေး ဖလံကုန်းရွာသူ သမီး ဖြစ်သည်။<ref>(ဝိနန္ဒသဘ ၊ သီလဝိသောဓနိ ၊ ရန်ကုန် ၊ သုဓမ္မဝတီ၊ ၁၉၅၈ ၊ ၈၈။)</ref>“ဟူ၍ မှတ်ချက်အရ ရိုးရိုးတောရွာသူတစ်ယောက် အဖြစ်မှ ရှင်ဘုရင်မှ မိဖုရားအရာမြှောက်စားသဖြင့် မင်းမျိုးနွယ်အဖြစ် သတ်မှတ်လိုက်ရခြင်းကို ဆိုလိုပေသည်။ အပျိုဖြန်းအရွယ် မယ်နုမြစ်ဆိပ်၌ရေချိုးစဉ် ကမ်းပေါ်တွင်ချန်ရစ်သည့် ထမီကိုငှက်ကချီယူပြီး ဘုရင့်နန်းတော်မှန်ကင်းတွင်ထားရာမှ ထင်ရှားလာပြီးနောက်တွင် ဘုရင့်မိဖုရားအဖြစ်ကောက်ယူခံခြင်းဖြစ်သည်ဟု ဆိုကြပါသည်။ မိဘုရားခေါင်ကြီးကွယ်လွန်ပြီးနောက်တွင် မယ်နု၏ဩဇာမှာ နန်းတွင်းတွင်ပင် ဘုရင့်ကိုကျော်လွန်ကာကြီးထွားလာပြီး မောင်တော်စပ်သူ ဦးအိုအား မင်းဆွေမင်းမျိုးအဆောင်အယောင်ဖြင့် မင်းသားတစ်ပါးကဲ့သို့ ချီးမြှောက်စေသည်။ [[ဘကြီးတော်(စစ်ကိုင်းမင်း)|ဘကြီးတော်ဘုရား]]၏ ညီတော် [[သာယာဝတီမင်း|သာယာဝတီမင်းသား]]မှ ပုန်ကန်ရာအောင်မြင်ခဲ့ပြီး နောင်တော်ဖြစ်သူ ဘကြီးတော်ဘုရားနှင့် နန်းမတော်မယ်နုတို့နှစ်ဦးအား အကျယ်ချုပ်ဖြင့်နေစေသော်လည်း မကြာမီ စိတ်မချသဖြင့် မယ်နုနှင့် အပေါင်းအပါများအား ကွပ်မျက်ခဲ့သည်။
 
သံတော်ဆင့် ငရွှေသားကို တောင်ဥယျာဉ်တော် အတွင်း ရှေ့တော်တွင် စစ်မေးကာလ နောင်တော်မင်းတရား မိဖုရားကြီးက မောင်တော်သူ “[[စလင်းစားဦးအို]]နှင့် အကျဉ်းခံနေရသူ မှူးတော် မတ်ဟောင်းတို့ကို တိတ်တဆိတ် တိုင်ပင် စည်းကြပ်ရကြောင်း စည်းကြပ်ရာတွင် ပါဝင်သူ မှူးဟောင်း မတ်ဟောင်းတို့ကလည်း မင်းဧရာဇ် ရန်ကင်းတောင်သို့ ထွက်တော်မူသည့် အတွင်း ညဉ့်အခါ အမရပူရ ရွှေနန်းတော်သို့ ဝင်၍ တိုက်ခိုက် စီးနင်းမည့် သူပုန်တို့နှင့် စကားချိန်းချက်၍ လာစေကြောင်းများကို အစစ်ခံချက် ရသည်ဖြစ်၍ နောင်တော် မင်းတရား မိဖုရားကြီးကိုလည်း တောင် ဥယျာဉ်တော် အတွင်း သံတော်ဆင့် ငရွှေသားနှင့် တိုက်ဆိုင် စစ်မေးရာ ဖြောင့်ဆို စစ်မေးချက်ရ၍ မိဖုရားကြီးကိုလည်း ထုံးစံနှင့်အညီ ၁၂ဝ၂ ကဆုန်လဆန်း ၁၂ ရက်နေ့ (၁၂ မေ ၁၈၄ဝ) ရေတွင် ဖျောက်တော်မူ၏။<ref>(ကုန်းဘောင်ဆက်၊ ဒုတိယတွဲ၊ ၁၉၆၇၊ ၅၉၈။)