အိုရီဂွန်ပြည်နယ်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၉ -
တောင်တန်းသည် ကမ်းရိုးတန်းတောင်တန်းထက်မြင့်သည်။
ကက်စကိတ်တောင်တန်း အရှေ့ဘက်သည် များသောအားဖြင့်
ကုန်းလက်တက်တို့ကြောင့် xbox one beste :0
ကုန်းပြင်မြင့်ဒေသဖြစ်သည်။
 
ကိုလမ်ဗီးယားမြစ်သည် ဩရီဂန်ပြည်နယ်၏ အရေးပါ
အရာရောက်ဆုံးမြစ်ဖြစ်သည်။ ကိုလမ်ဗီးယားမြစ်နှင့် ယင်း၏
မြစ်လက်တက်တို့မှ စိုက်ပျိုးရာမြေအတွက် ရေကိုလည်းကောင်း၊
လျှပ်စစ်ဓာတ်အားကိုလည်းကောင်း ရရှိလေသည်။ ကိုလမ်ဗီးယား
မြစ်နှင့် လက်တက်ဖြစ်သော ဝီလာမက်မြစ်တို့သည် ပြည်တွင်း
ရေကြောင်းသွားလာရေးအတွက် အသုံးဝင်သည်။ ပြည်နယ်၏
အရှေ့ပိုင်းတွင် စနိတ်မြစ်နှင့် ယင်း၏ မြစ်လက်တက်တို့ကြောင့်
ရေသွင်းစိုက်ပျိုးရေး ဖြစ်ထွန်းလေသည်။ ကိုလမ်ဗီးယားမြစ်တွင်း
မှ ဆာမန်ငါး အမြောက်အမြား ဖမ်းဆီးရရှိလေသည်။