ဉာဏ (စာရေးဆရာ ဒါရိုက်တာ): တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၂ -
ဦးဉာဏ၏အမည်ရင်းမှာ ဦးအုန်းမောင်ဖြစ်၏။ ဦး အုန်းမောင်သည် ခရစ်နှစ် ၁၉၂ဝ ပြည့်နှစ်ခန့်က 'ကြည်တော် မူဂျာနယ်'၌ ဝတ္ထုတိုများရေးသားရာတွင် 'ဉာဏ'ဟူသညကလောင်အမည်ကို စတင်အသုံးပြုခဲ့သည်။ ထိုအခါမှစ၍ အမည်ရင်းပျောက်ကာ 'ဦးဉာဏ'ဟူ၍ပင် ထင်ရှားခဲ့၏။
 
ဦးဉာဏကို ခရစ်နှစ် ၁၉ဝ၃ ခုနှစ်တွင်ခုနှစ်၊ နတ်တော်လကွယ်၊ တနင်္ဂနွေနေ့တွင် အဖ ဦးမိုး အေး၊ အမိ ဒေါ်စိန်တို့မှ ဖွားမြင်သည်။ ပြည်ခရိုင်၊ ဆင်မြီးဆွဲ ဇာတိဖြစ်၏။ ဦးဉာဏ ကိုးနှစ်သားအရွယ်တွင် မိခင် ကွယ် လွန်သဖြင့် ဖခင်၏အုပ်ထိန်းမှုအောက်တွင် ကြီးပြင်းခဲ့ရသည်။ အရွယ်ရောက်သော် ပြည်မြို့အစိုးရ အထက်တန်းကျောင်း တွင် ပညာသင်ကြားခဲ့၏။ ဦးဉာဏသည် ကျောင်းနေရသည် ကိုမပျော်၊ ကျောင်းစာကို စိတ်မဝင်စားသဖြင့် ငယ်စဉ်က မကြာခဏ ကျောင်းပြေးခဲ့သည်။ ၁၉၂ဝ ပြည့်နှစ်တွင် ပြည်မြို့၊ အစိုးရအထက်တန်းကျောင်းမှ သတ္တမတန်း စာမေးပွဲအောင်မြင် ခဲ့၏။ ထို့နောက် ကျောင်း ဆက်မနေတော့ပေ။
 
ကျောင်းမှထွက်ပြီးနောက် အိမ်ပြေးအဖြစ် မြန်မာပြည် အနှံ့ လှည့်လည် သွားလာနေရင်း လက်ဖက်ရည်ဆိုင် စားပွဲ ထိုး၊ ပန်းကန်ဆေး အလုပ်သမား၊ လက်ကမ်းကြော်ငြာဝေငှ သူ၊ စာအုပ်ဈေးသည် စသည်ဖြင့် ကြုံရာ အလုပ်မျိုးစုံကို လုပ်ကိုင်ခဲ့သည်။ ထို့နောက် ပြည်မြို့သို့ ပြန်လာပြီးလျှင် လက်ရေးတိုနှင့် လက်နှိပ်စက်ပညာကို သင်ကြားကာ အရေး ပိုင်ရုံးတွင် စာရေးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ များမကြာ မီ အရေးပိုင်ရုံးမှထွက်ကာ ရေနံချောင်း ဘီအိုစီ၊ စတီးဘရား သားကုမ္ပဏီ စသည်တို့သို့ အဆင့်ဆင့် ရွှေ့ပြောင်းလုပ်ကိုင်ခဲ့ သည်။ စစ်ထဲသို့လည်း ဝင်ခဲ့ဖူး၏။
စာကြောင်း ၁၈ -
၁၉၅၆ ခုနှစ်တွင် ဦးဉာဏသည် မြန်မာ့ရုပ်ရှင်ကိုယ် စားလှယ်အဖွဲ့၏ ခေါင်းဆောင်အဖြစ် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ ရောက်ရှိခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပသော အာရှ၊ အာဖရိကစာရေးဆရာ ညီလာခံသို့လည်းကောင်း၊ ၁၉၅၈ ခုနှစ်တွင် အီဂျစ်နိုင်ငံ၊ (ယခု ယူအေအာ) ကိုင်ရိုမြို့တွင်ကျင်းပသော အာရှ၊ အာဖရိက သွေးသည်းညီညွတ်ရေး ညီလာခံသို့လည်းကောင်း ကိုယ်စား လှယ်အဖြစ် တက်ရောက်ခဲ့ရသေးသည်။
 
၁၉၆၄ ခုနှစ်တွင် ဦးဉာဏသည် မြန်မာဆိုရှယ်လစ် ပါတီသို့ ဝင်ရောက်ခဲ့သည်။ ရုပ်ရှင်ဇာတ်ညွှန်းနှင့် စာပေများ ရေးသားပြုစုရင်း တစ်ဖက်မှလည်း ပါတီလုပ်ငန်းများကို တက်တကြွ်ကြွက လုပ်ကိုင်ဆောင်ရွက်ခဲ့၏။ ၁၉၆၉ ခုနှစ်၊ မတ်လမှစ၍ ရှုဒေါင့်ဂျာနယ်၏ ဦးစီးနာယကအဖြစ် ဆောင် ရွက်ကာ အပတ်စဉ် ဆောင်းပါးများ ရေးသားခဲ့၏။ ဦးဉာဏသည် ဝတ္ထုပေါင်း မြောက်မြားစွာ ဆောင်းပါးပေါင်း မြောက်မြားစွာ၊ ဇာတ်ညွှန်းပေါင်း မြောက်မြားစွာနှင့် ပြဇာတ်များကို ရေးသားပြုစုခဲ့သည်။ ဦးဉာဏသည် သီချင်းရေးဆရာ တစ်ဦးလည်းဖြစ် သည်။ ပျော်ပျော်နေတတ်သူ ဖြစ်သည်။ တစ်ကိုယ်ကောင်း စိတ်ထားကင်းစင်သူဖြစ်ပြီးလျှင် ဆင်းရဲပင်ပန်းမှုဒဏ်ကိုလည်း ခံနိုင်စွမ်းရှိသူဖြစ်၏။ ရုပ်ရှင်ဇာတ်ညွှန်းပေါင်းများစွာကို ရေး သားခဲ့သော်လည်း ဦးဉာဏသည် မချမ်းသာပေ။ ငွေကြေး အရင်းအနှီး ချို့တဲ့သော ရုပ်ရှင်ကုမ္ပဏီများကို အခကြေးငွေ မယူဘဲ ဇာတ်ညွှန်း ရေးသားပေးခဲ့ကြောင်း သိရှိရ၏။
ဦးဉာဏသည် ဝတ္ထုပေါင်း မြောက်မြားစွာဆောင်းပါး ပေါင်း မြောက်မြားစွာ၊ ဇာတ်ညွှန်းပေါင်း မြောက်မြားစွာနှင့် ပြဇာတ်များကို ရေးသားပြုစုခဲ့သည်။
ဦးဉာဏသည် သီချင်းရေးဆရာ တစ်ဦးလည်းဖြစ် သည်။ ပျော်ပျော်နေတတ်သူ ဖြစ်သည်။ တစ်ကိုယ်ကောင်း စိတ်ထားကင်းစင်သူဖြစ်ပြီးလျှင် ဆင်းရဲပင်ပန်းမှုဒဏ်ကိုလည်း ခံနိုင်စွမ်းရှိသူဖြစ်၏။ ရုပ်ရှင်ဇာတ်ညွှန်းပေါင်းများစွာကို ရေး သားခဲ့သော်လည်း ဦးဉာဏသည် မချမ်းသာပေ။ ငွေကြေး အရင်းအနှီး ချို့တဲ့သော ရုပ်ရှင်ကုမ္ပဏီများကို အခကြေးငွေ မယူဘဲ ဇာတ်ညွှန်း ရေးသားပေးခဲ့ကြောင်း သိရှိရ၏။
 
ဦးဉာဏသည် ဘရင်ဂျီနာရောဂါဖြင့် ၁၉၆၉ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် ကွယ်လွန်ခဲ့ပေသည်။ ဦးဉာဏကွယ် လွန်ပြီးသောအခါ စာပေလောကနှင့် ရုပ်ရှင်လောကမှ ပုဂ္ဂိုလ် များက 'ဉာဏနှင့် ဉာဏလုပ်ရပ်များ ဖော်ထုတ်ရေးကော်မိတီ' ကို ဖွဲ့စည်းပြီးလျှင် ဦးဉာဏ၏ လုပ်ရပ်များကို ရှာဖွေဖော် ထုတ်ခြင်း၊ ဉာဏရုပ်ရှင် ရက်သတ္တပတ် ကျင်းပခြင်း စသည် တို့ဖြင့် ဦးဉာဏကို ဂုဏ်ပြုခဲ့ကြပြီးသော် 'ဉာဏနိဒါန်း' အမည်ရှိ စာအုပ်ကိုလည်း ပုံနှိပ်ထုတ်ဝေခဲ့ပေသည်။ ။ <ref>သုတေသီ ရေး ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များ</ref>
 
ဇနီးအမည်မှာ ဒေါ်မြဖြစ်ပြီး သမီးများ၏ အမည်မှာ မလှမြင့်၊မြမြဝင်း၊ဖြူဖြူ ဝင်း၊နီနီဝင်း ဖြစ်သည်။ သားများ၏အမည်မှာစောထွဋ်၊ရဲထွဋ်၊ငွေထွဋ် တို့ဖြစ်သည်။ဒေါ်မြ နှင့် (၁၆) နှစ် အရွယ်တွင် အိမ်ထောင်ကျပြီးနောက် ရန်ကုန်သို့ တက်လာကာဒဂုန်ဥာဏ ကလောင်အမည်ဖြင့် စာရေး၍ အသက်မွေး ၀မ်းကျောင်း ပြုလုပ်သည်။ ထို့နောက် ဇတ်ညွန်းဆရာ၊ သီချင်းရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ ဖြစ်လာသည်။ ၁၉၄၆ ခုနှစ်တွင် ပြန်ကြားရေး ဌာနတွင် ညွန်ကြားရေး၀န်အဖြစ် ဖြင့် ခန့်အပ်ခြငး်ခံရလေသည်။ ထို့နောက်ရုပ်ရှင် နှင့်ပြဇတ်ဌာန ခွဲကို တည်ထောင်သောအခါ ရုပ်ရှင်နှင့်ပြဇတ်ဌာန ပထမဆုံး ညွန်ကြားရေး၀န် အဖြစ်ဖြင့် ခန့်အပ်ခြငး်ခံရလေသည်။ ဒုတိယ ကမ္ဘာစစ် အပြီးတွင် သတင်းစာ ဆရာဖြစ်လာသည် ။ဂျိုကာ အမည် ဖြင့်မြန်မာ့ အလင်းသတင်းစာတွင် ဆောင်းပါးများ ကို ရေးခဲ့သည်။ သို့သော်သူ၏အသက်မွေး၀မ်းကျောင်းအလုပ်ကား ရုပ်ရှင်ဇတ်ညွန်းရေးခြင်းနှင့် ရုပ်ရှင် ဇတ်ကားရိုက်ကူးခြင်းသာ ဖြစ်နေပေသည်။ သတင်းစာ နှင့် နိုင်ငံရေးတို့ကား ၀ါသနာ အလုပ်များသာ ဖြစ်ပြီး ဇတ်ညွန်းရေးခြင်းသည် သူ၏ထာ၀စဉ် အလုပ်ဖြစ်ခဲ့၏။ သူ၏အတွေးအခေါ်များမှာသိပ္ပံနည်းကျသည်။အမျိုးသားလွတ်မြောက်ရေးနှင့် နယ်ချဲ့ဆန်ကျင်ရေးတွင်လည်း တစ်တပ်တစ်အား
ပါ၀င်ခဲ့သော မျိုးချစ်ပုဂ္ဂိုလ်ကြီးလည်းဖြစ်လေသည်။ ၁၉၆၈ ခုနှစ်၊ဇွန်လ (၁) ရက်နေ့၊ တနင်္ဂနွေနေ့တွင် ကွယ်လွန်သည်။
<ref>ဉာဏနိဒါန်း ပြည်သူ့ စာတိုက်ကြီး</ref>
== ကိုးကား ==
<References />