ငွေမြိုင်၊ မ၊ မြခြေချင်း: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary |
|||
စာကြောင်း ၁ -
==မြခြေချင်း မငွေမြိုင် (မြန်မာ ၁၂၅၆ -
မြန်မာဇာတ်သဘင်လောက၏ နာမည်ကျော် ဇာတ်မင်းသမီး မြခြေချင်း မငွေမြိုင်ကို ရန်ကုန်မြို့ ကြည့်မြင်တိုင် အိုးဘိုရပ်၌ ၁၂၅၆ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့တွင် အဖ လူကြမ်းမင်းသား
ဦးအောင်ဘ ၊ အမိ ဒေါ်ငြိမ်းဇံတို့မှ ဖွားမြင်သည်။ ငယ်မည် မငွေလှိုင် ဖြစ်၏။ မငွေလှိုင်နှင့်အတူ မွေးချင်း ၁ဝ ယောက်ရှိ၍ မိဖများမှာ ဆင်ဖြူကျွန်းဇာတိကုန်သည် မျိုးရိုးဖြစ်သည်။
မငွေလှိုင်သည် ကြည့်မြင်တိုင် မြူ နီစီပယ်ကျောင်းမှ စတုတ္ထတန်း အောင်မြင်ခဲ့သည်။ ၁၁ နှစ်သမီးအရွယ်တွင် ဖခင်ဖြစ်သူက ပုဇွန်တော် စက်ဆန်းမောင်းတန်းရပ် စာရေးဆရာ ဆရာစံထံ၌
ဇာတ်သဘင်ပညာများကို သင်ယူစေသည်။ အသက် ၂၁ နှစ်အရွယ်၌ ရာဇဝတ်အုပ် ဦးကိုကိုကြီးနှင့် ထိမ်မြားလေသည်။ သဘင်လောကသို့ ဝင်ရောက်စ၌ မငွေလှိုင်သည် မြခြေချင်းမငွေမြိုင်
်အမည်ဖြင့် ဇာတ်မင်းသမီးအဖြစ် ကပြခဲ့သည်။ ထိုအခါမှစ၍ မြခြေချင်း မငွေမြိုင်ဟု တွင်ခဲ့လေသည်။ မငွေမြိုင်နှင့်အများဆုံး တွဲဖက်၍ ဇာတ်ကခဲ့ဘူးသူမှာ အောင်စည်ဗလ ဖြစ််သည်။ မငွေမြိုင်သည် မင်းသား ဦးစိန်အုပ်၊ ဦးဘလွန်း၊ ဦးဘထွန်း၊ ဦးဘလှိုင်တို့နှင့်လည်း တစ်ဇာတ်တည်း ပါဝင်တွဲဖက် ကပြခဲ့ဘူးသည်။ ဇာတ်ကပြခဲ့ရာ၌ မငွေမြိုင်သည် မင်းသမီးရှေ့ဆောင်၍ မင်းသားက အတည်မျှ ပါဝင်ရသော ဇာတ်ထုပ်မျိုးကို ကပြလေ့ရှိခဲ့သည်။ ကပြသော ဇာတ်ထုပ်များမှာ ပဲခူး ရွှေသာလျောင်းသမိုင်း၊ ဖော့ဖြူ မောင်ယောဖာတ်ထုပ်၊ သာယာဝတီ ရာဇဝင် ခြေဖဝါးတစ််တောင် မောင်မဲခေါင် ဇာတ်ထုပ်စသည်တို့ ဖြစ်ကြသည်။ သို့သော် မငွေမြိုင်သည် ကပြခဲ့သမျှသော ဇာတ်ထုပ်တို့တွင် အင်္ဂုလီမာလ ဟိန္ဒကဇာတ်ထုပ်နှင့် ပုဂံရာဇဝင်ထိလိင်္ဂငှက် ဇာတ်ထုပ်တို့ကို အနှစ်ခြိုက်ဆုံး ဖြစ်၏။
အငြိမ့်သမဘဝတွင် ၂နှစ်မျှသာနေပြီး ဇာတ်မင်းသမီးအဖြစ်နှင့် ဓာတ်ပြား လောက၌ပါ ထင်ရှားခဲ့သည်။ ထိုနောက် မငွေမြိုင်သည် မြန်မာညွန့် ဦးချစ်မောင်အား ဦးစီးဦးဆောင် ပြုစေ၍ လက်ထောက်မင်းသမီး အောင်မေလှိုင်၊ အုံးကြည် ၊ လူရွှင်တော် သော်ကတို့နှင့်အတူ ဇာတ်သဘင်လောကမှ အငြိမ့်သဘင် လောကသို့ ကူးပြောင်းခဲ့၍ ''မြခြေချင်း အငြိမ့််အဖွဲ့''ကို တည်ထောင်ကပြခဲ့သည်။ ထိုစဉ်က မငွေမြိုင်၏ ဝင်ငွေွမှာ တစ်လ ၈ဝဝ ကျပ်မျှ ရှိခဲ့လေသည်။ အငြိမ့်ဟု ခေါ်ရငြားသော်လည်း မငွေမြိုင်သည် ဇာတ်ဆန်ဆန် ဇာတ်လမ်းရှည်များခင်း၍ အငြိမ့်ကို မိုးလင်သည်အထိ ကပြလေ့ရှိသည်။ မငွေမြိုင် ကပြခဲ့ဲ့သည့် ဇာတ်များအနက် ထိုခေတ်က ပရိသတ် အကြိုက်ဆုံးမှာ ရွှေရိုးဇာတ်ဖြစ်သည်။ မငွေမြိုင်သီဆိုခဲ့သည့် သီချင်းများအနက် ပရိသတ်များအလွန်စွဲမက်၍ ကျော်ကြားခဲ့သော သီချင်းဆန်းများမှာ နန်းတော်ရှေ့ ဆရာတင် ရေးသား စီကုံးသော '' မိန်းမမင်းတိုင်ပင်'' သီချင်း၊ ''စန္ဒကူးမြိုင်'' သီချင်းနှင့် '' ဦးထွန်းရှိန်'' သီချင်းတို့ပင် ဖြစ်သည်။ ထိုပြင် ''အောင်ပင်လယ်တောထဲက ရွှေကျီးညို ငွေမြိုင်လာယင် ဆီးလို့ကြို''အစရှိသည့် ရွှေကျီးညို သီချင်းကား ထိုစဉ်က မြန်မာပြည်ထက်အောက်တစ်လွှား လူတိုင်း၏ပါးစပ်ဖျား၌ ခေတ်စားခဲ့သော မငွေမြိုင်၏ ကာလပေါ် သီချင်းဆန်းပင်ဖြစ်လေသည်။ ခရစ် ၁၉၂၇ ခုနှစ် ဒါဘာပွဲ၌ မငွေမြိုင်သည် ဘုရင်ခံ၏ ရွှေတံဆိပ်နှင့် နာမည်ကောင်းလက်မှတ် ခြီးမြှင့်ခြင်းကိုခံရသည်။ မငွေမြိုင်သည် အသက် ၄ဝ အရွယ်ထိ မင်းသမီးအဖြစ် ကပြခဲ့သည်။ အသက် ၄ဝ ကျော် လာသောအခါ၌ ကခုန်ခြင်းမှ အနားယူကာ ဇာတ်ထောင်ခြင်း၊ မင်းသား မင်းသမီးများမွေး၍ သဘင်ပညာ သင်ပေးခြင်းတို့ကို ဒုတိယ ကမ္ဘာစစ်ဖြစ်၍ မြန်မာနိုင်ငံသို့ ဂျပန်များဝင်ရောက်လာသည်အထိ ဆောင်ရွက်ခဲ့၏။
မငွေမြိုင်သည် နာမည်ကျော်ဇာတ်မင်းသား [[အလင်္ကာကျော်စွာ]]ဘွဲ့ရ [[ရွှေမန်းတင်မောင်]]၏ ငယ်ဆရာဖြစ်ဖူးသည်။ စစ်ပြီးခေတ်၌ မငွေမြိုင််သည် ရွှေမန်းချစ်တင်ဇာတ်ကိ ခေတ္တထောင်သေး၏။ ထို့ေနာက် သဘင်ဂီတ၊ ကခုန်ခြင်း လုပ်ငန်းများအားလုံးကို ရပ်စဲ၍ နဂါးဆေးလိပ် ကိုယ်စားလှယ်အဖြစ် မန္တလေးမြို့ ရှမ်းပွဲရပ်၌ နေထိုင်ခဲ့သည်။ ''မြခြေချင်း'' ဟူသောအမည်ကို တပ်ယူခဲ့ခြင်းမှာ
အဓိပ္ပါယ်ထူး မရှိခဲ့ဟု သိရလေသည်။ သို့သော် မြခြေချင်းကို အားကျအတုယူ၍ မိမိတို့ အမည်ရင်းရှေ့မှ ''စိန်ခြေချင်း''''ရွှေခြေချင်း'' အစရှိသော အမည်များကို ယူခဲ့ကြသော မင်းသမီး
များ ပေါ်ပေါက်ခဲ့ဘူးလေသည်။ မငွေမြိုင်သည် ၁၃၂၁-ခုနှစ် တော်သလင်း လပြည့်ကျော် ၄ ရက်နေ့တွင် ကွယ်လွန်အနိစ္စရောက်လေသည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)</ref>
အသက်၆၄ နှစ်အရွယ် ကွယ်လွန်သော်လည်း သားသမီး မထွန်းကားဘဲ မွေးစားသားနှင့် သမီး မောင်မောင် နှင့် စိန်စိန် ဟူ၍ရှိသည်ဟု လူထုဒေါ်အမာ၏ ပြည်သူချစ်သော အနုပညာ စာအုပ်တွက် ဓာတ်ပုံတွေ့ရပါသည်။
မြခြေချင်း မငွေမြိုင်သီဆိုသည့် သီချင်းများကို ရန်ကုန်မှ အရှေ့ပိုင်းဆရာချစ်၊ ရုပ်သေးမင်းသား ဆရာကြည်၊ ဝိုင်အမ်ဘီ ဆရာတင်နှင့် နန်းတော်ရှေ့ ဆရင်တင်တို့က ရေးစပ်ပေးကြ၍ နန်းတော်ရှေ့ ဆရာတင်၏ သီချင်းများက အများစုဟန်ရှိသည်။ နန်းတော်ရှေ့ ဆရာတင်ရေးသားသည့် ရွှေကျီးညိုသီချင်းမှာ အလွန်နာမည်ကျော်၍ ဓာတ်ပြားသွင်းကာ ရောင်းမလောက်အောင်စွံပြီး တစ်နိုင်ငံလုံးပျံ့နှံ့ သီဆိုခဲ့ကြပါသည်။ အောင်ပင်လယ် သီချင်း၊ ဝိုင်အမ်ဘီရေးသည့် အာကာသဇိုးသီချင်း၊၊ နန်းတော်ရှေ့၏ စန္ဒကူးမြိုင်သီချင်းတို့မှာလည်း အလွန်ကျော်ကြားခဲ့ပါသည်။ မြခြေချင်း မငွေမြိုင်မှာ အသက် ၁၅ နှစ် ၁၆ နှစ်မှစ၍ မန္တလေးမြို့ ရှမ်းပွဲရပ်တွင် နေထိုင်ခဲ့သည်။ <ref>လူထုဒေါ်အမာ ရေးသားသော ပြည်သူချစ်သော အနုပညာသည်များ စာအုပ်</ref>
== ကိုးကား ==
<references/>
[[Category:မြန်မာ သဘင်ပညာရှင်များ]]
|