ဘဟန်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၄ -
* The University English Myanmar Dictionary ကျမ်းပြုသူ
* [[ဒေါက်တာဘမော်]]နှင့် ညီအစ်ကို
မြန်မာ စာပေ လောကတွင် ယနေ့တိုင် အပြည့်စုံဆုံး၊ အခိုင်မာဆုံး၊ အကောင်းဆုံးဟု သတ်မှတ်နိုင်၍ ပညာရှင် သုတေသီများ ကိုယ်တိုင် အားကို အားထား အသုံးပြု နေရသည့် အင်္ဂလိပ် - မြန်မာ အဘိဓာန်မှာ ဒေါက်တာ ဘဟန် ပြုစုသော တက္ကသိုလ် အင်္ဂလိပ် - မြန်မာ အဘိဓာန် (The University English - Burmese Dictionary) ဖြစ်သည်။ ဤ [[အဘိဓာန်]]ကြီးတွင် ဝေါဟာရပေါင်း ငါးသောင်းခွဲကျော် ပါဝင်၍ စာမျက်နှာပေါင်း ၂၂၉၂ ရှိသည်။ စာအုပ် အရွယ် ၁၀.၅'' ၉" ရှိ၍ အပိုင်း ၁ဝ ပိုင်းခွဲကာ ဟံသာဝတီ ပုံနှိပ်တိုက်မှ ၁၉၅၁ - ၁၉၆၆ တွင် ပထမ အကြိမ် ပုံနှိပ် ထုတ်ဝေ ခဲ့သည်။ ၁၉၄၄ ခုနှစ်တွင် အပိုင်း ၁ဝ ပိုင်းကို စုစည်း၍ သုံးတွဲ အဖြစ် ဒုတိယ အကြိမ် ပုံနှိပ် ထုတ်ဝေ ပါသည်။ထုတ်ဝေပါသည်။
 
ထူးခြားသည်မှာ ဤမှျ ပြည့်စုံ ခိုင်မာ လှသော အင်္ဂလိပ် - မြန်မာ အဘိဓာန် ကျမ်းကြီးကို ဒေါက်တာ ဘဟန်သည် အသက် ၆ဝ ကျော်လွန်မှ တဦးတည်း ပြုစု နိုင်ခဲ့ခြင်းပင် ဖြစ်သည်။ ဒေါက်တာ ဘဟန်သည် အဘိဓာန် လုပ်ငန်းကို ၁၉၅၁ ခုနှစ်တွင် စတင်၍ ၁၉၆၆ ခုနှစ် ကျမှသာ လုပ်ငန်း လက်စလက်စသတ်နိုင်ခဲ့သည်။ သတ်နိုင် ခဲ့သည်။<br>
ပထမ အကြိမ် ထုတ်ဝေ ခဲ့စဉ်ကမူ -
*Part I A, B ၁၉၅၁
*Part II C ၁၉၅၂
*Part III D, E ၁၉၅၂
*Part IV F, G ၁၉၅၃
*Part V H, I, J, K ၁၉၅၃
*Part VI L, M, N ၁၉၅၅
*Part VII O, P ၁၉၅၇
*Part VIII Q, R ၁၉၅၈
*Part XI S ၁၉၆၃
*Part X T, U, V, W, X, Y, Z ၁၉၆၆-တို့တွင် ထုတ်ဝေခဲ့သည်။
 
 
ထူးခြားသည်မှာ ဤမှျ ပြည့်စုံ ခိုင်မာ လှသော အင်္ဂလိပ် - မြန်မာ အဘိဓာန် ကျမ်းကြီးကို ဒေါက်တာ ဘဟန်သည် အသက် ၆ဝ ကျော်လွန်မှ တဦးတည်း ပြုစု နိုင်ခဲ့ခြင်းပင် ဖြစ်သည်။ ဒေါက်တာ ဘဟန်သည် အဘိဓာန် လုပ်ငန်းကို ၁၉၅၁ ခုနှစ်တွင် စတင်၍ ၁၉၆၆ ခုနှစ် ကျမှသာ လုပ်ငန်း လက်စ သတ်နိုင် ခဲ့သည်။
ဒေါက်တာ ဘဟန်၏ အဘိဓာန် မထွက်ပေါ်မီ မြန်မာ စာပေ လောကတွင် အသုံးပြု နေသည့် ဆရာ ယုဒသန် (Dr. Judson) ၏ အင်္ဂလိပ် - မြန်မာ အဘိဓာန်နှင့် ဦးထွန်းငြိမ်း၏ ကျောင်းသားသုံး အင်္ဂလိပ် - မြန်မာ အဘိဓာန် ကျမ်းများမှာ အလွန် ချီးမွမ်းဖွယ် ကောင်းသော်လည်း ခေတ်နောက်ကျ နေပြီဟု ဆိုနိုင်ပါသည်။ ယုဒသန်၏ အဘိဓာန်မှာ ပထမ အကြိမ် အဖြစ် ၁၈၄၉ ခုနှစ်က ထုတ်ဝေခဲ့၍ နှစ်ပေါင်း တရာ ကျော်ခဲ့ပြီ ဖြစ်သည်။ ဦးထွန်းငြိမ်း၏ အဘိဓာန် သည်လည်း ပထမ အကြိမ် အဖြစ် ၁၉၀၆ ခုနှစ်က ထုတ်ဝေခဲ့ရာ နှစ်ပေါင်း ငါးဆယ် ကျော်ပြီ ဖြစ်သည်။
 
Line ၁၇ ⟶ ၃၀:
ဒေါက်တာ ဘဟန်သည် ငယ်ရွယ်စဉ် ကမူ အင်္ဂလိပ် စာပေကို ပိုမို ကွျမ်းကျင်ခဲ့သည်။ ဦးထွန်းငြိမ်း၏ လက်အောက်တွင် လုပ်ကိုင်ရသည့် အခါ ဆရာဖြစ်သူ ဦးထွန်းငြိမ်း၏ သတိပေး တိုက်တွန်းမှုကြောင့် မြန်မာ စာပေ၊ မြန်မာ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံများကို် မြန်မာ ပညာရှိများထံ လေ့လာ လိုက်စားခဲ့သည်။ ထို့နောက် ဥရောပတွင် ပညာ ဆက်လက် ဆည်းပူးခွင့် ရသောအခါ ဂျာမန်နှင့် ပြင်သစ် ဘာသာစကားကို အလွန် ကွျမ်းကွျမ်းကျင်ကျင် တတ်မြောက်ခဲ့သည်။ ဒေါက်တာ ဘဟန်သည် သမ္မာကျမ်းစာကို အလေ့လာ လိုက်စားခဲ့ခြင်းဖြင့် အင်္ဂလိပ်ဘာသာ စကားကို အလွန် ကွျမ်းကျင် လာပါသည်။ ထို့ကြောင့် ဒေါက်တာ ဘဟန်၏ တက္ကသိုလ် အင်္ဂလိပ် - မြန်မာ အဘိဓာန် ထွက်ပေါ် လာသောအခါ မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်တွင် ဆရာကြီး ဦးဖေမောင်တင်က အောက်ပါ အတိုင်း ရေးသားခဲ့သည်။
 
"…. ဒေါက်တာ ဘဟန်၏ အဘိဓာန်သည် အဘိဓာန် ပြုစုသူ မိန့်ဆို သကဲ့သို့ တိကျသေချာ ရှင်းလင်း ပြည့်စုံရုံ မှျမက အင်္ဂလိပ် ဆိုရိုး စကားများကို မြန်မာပြန်ရာတွင် မြန်မာစကား ပီပီသသဖြင့် လှပ ထိမိစွာ ပြန်ဆိုနိုင်သည်။ ထို့ပြင် ဤအဘိဓာန်ကို လေ့လာခြင်းဖြင့် မြန်မာ စာသင်သားတို့အား အင်္ဂလိပ် ဘာသာစကား ကွျမ်းကျင်မှု ပေးနိုင် သကဲ့သို့ နိုင်ငံခြားသားများ အတွက်လည်း မြန်မာဘာသာ စကား ကွျမ်းကျင်မှုတွင် အကူအညီ ပေးနိုင် ပါလိမ့်မည်"<ref>မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်၊ တွဲ ၃၄၊ အပိုင်း ၁၊ (ဇွန် ၁၉၅၁) စာ ၄၂</ref>
 
<ref>မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်၊ တွဲ ၃၄၊ အပိုင်း ၁၊ (ဇွန် ၁၉၅၁) စာ ၄၂</ref>
 
ဒေါက်တာ ဘဟန်မှာ ပညာရေးတွင် စိတ်အား ထက်သန်၍ ရန်ကုန် တက္ကသိုလ် ဥပဒေ ပညာ မဟာဌာနတွင် ပါမောက္ခ အဖြစ် နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့သည်။ ထို့ပြင် သုတေသနစိတ် ထက်သန်သော ပညာရှင် တဦး ဖြစ်ရာ မြန်မာ့ဓလေ့ ထုံးတမ်းစဉ်လာနှင့် မြန်မာစာပေ ဝေဖန်ချက်များကို အင်္ဂလိပ် ဘာသာဖြင့် မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်တွင် ရေးသား ခဲ့ပါသည်။ ဒေါက်တာ ဘဟန်သည် မြန်မာ ရှေးဟောင်း သမိုင်း ပါရဂူ ဂျီ၊ အိပ်ချ်၊ လုစ် (G. H. Luce)၏ 'မြန်မာအစ ကျောက်ဆည်က' ဟု လူသိများသော 'Old Kyaykse and the Coming of the Burmans' စာတမ်းကို မြန်မာနိုင်ငံ သုတေသန အသင်း အတွက် ကိုယ်စား ဖတ်ကြား ပေးခဲ့ပါသည်။ ထိုဆောင်ရွက်ချက်ကို အချို့သော စာရေးဆရာ၊ သုတေသန ပညာရှင်နှင့် နိုင်ငံရေးသမားတို့က ပြင်းပြင်းထန်ထန် ဝေဖန် ခဲ့ကြသည်။ အထူးသဖြင့် ဗိုလ်တထောင် သတင်းမှ ဦးသိန်းမြင့်ဖေ၏ ဝေဖန်ချက်များမှာ ဩဇာ ကြီးမားလှသည်နှင့် အမှျ ဒေါက်တာ ဘဟန် အတွက် အထင်မှားစရာ ဖြစ်ခဲ့ရသည်။
Line ၂၅ ⟶ ၃၈:
 
ဒေါက်တာ ဘဟန် ပြုစု ရေးသားခဲ့သော လုံးချင်း စာအုပ်များနှင့် ဘွဲ့ယူ စာတန်းများမှာ -
 
# William Black: His Mysticism [D.Litt Thesis] Bordeau, 1924
# The Evolution of The Blakean Philosophy [Ph.D. Thesis]
Line ၃၄ ⟶ ၄၆:
# The University English-Burmese Dictionary : Yangon. 1951-66
# A Rapid French Course.
# A Rapid German Course.<br>
ဒေါက်တာ ဘဟန် မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်တွင် ရေးသားခဲ့သော သုတေသန စာတမ်းများနှင့် စာအုပ် ဝေဖန်ချက်များကို စာစု စာရင်း အဖြစ် တင်ပြပါမည်။
 
# "U Pon'nya's Wizaya: an estimate"JBRS. Vol. 16, Pt. 3 (Dec 1916) P. 139.
# "Chitya-a-hamn or true love, by Ma E Kin"JBRS. Vol. 7, Pt. 2 (Aug 1917) P. 186.
"https://my.wikipedia.org/wiki/ဘဟန်" မှ ရယူရန်