ဂေါတမဗုဒ္ဓ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၅၂ -
==ဗုဒ္ဓမြတ်စွာဘုရားတို့၏ ကိစ္စငါးပါး==
မြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ်တော်ကို ရရှိသည့် သက်တော် ၃၅ နှစ် အရွယ်မှ စတင်ကာ သက်တော် ၈၀ တိုင်အောင် ၄၅ ၀ါပတ်လုံး လောကအကျိုးကို သယ်ပိုးဆောင်ရွက်တော်မူခဲ့သည်။ နေ့စဉ်ပင် မနေမနား ကြိုးစားဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဘုရားရှင် ပြုနေကျ လုပ်ငန်းစဉ် ငါးရပ်ရှိသည်။
 
#'''နံနက်ပိုင်းလုပ်ငန်းစဉ်'''
 
#၁။'''နံနက်ပိုင်းလုပ်ငန်းစဉ်'''
*နေ့စဉ် ဆွမ်းမဘုဉ်းပေးမီ ဗုဒ္ဓပြုတော်မူသော လုပ်ငန်းကို “ပုရေဘတ္တကိစ္စ” ဟု ခေါ်သည်။ နံနက် ပိုင်းတွင် ဗုဒ္ဓသည် ဆွမ်းခံကြွလေ့ရှိသည်။ ရံခါ၌ ဆွမ်းခံမကြွဖြစ်သော် သီတင်းသုံးရာ ကျောင်းတိုက်အတွင်း လှည့်လည်ကာ ကျောင်းစဉ် စစ်ဆေးလေ့ရှိသည်။ ဆွမ်းခံရာမှ ပြန်ရောက်သောအခါ ခြေဆေးခုံတွင် ခြေဆေးလျက် ဒုလ္လဘတရားငါးပါးကို ဟောကြားလေ့ရှိသည်။
 
#၂။'''နေ့လည်ပိုင်းလုပ်ငန်းစဉ်'''
*ဆွမ်းဘုဉ်းပေးပြီးနောက် ဗုဒ္ဓဆောင်ရွက်သော လုပ်ငန်းစဉ်ကို “ပစ္ဆာဘတ္တကိစ္စ” ဟု ခေါ်သည်။ ဆွမ်းဘုဉ်းပေးပြီးနောက် လိုအပ်လျှင် ခေတ္တမျှ တစ်ပါးတည်း နေထိုင်ကာ အနားယူသည်။ ထို့နောက် ရောက်ရှိလာသော လူ၊ ရှင်၊ ရဟန်းပရိသတ်အား တရားရေအေးအမြိုက်ဆေးကို နေ့စဉ်တိုက်ကျွေးလေ့ရှိ သည်။
 
#၃။'''ညဥ့်ဦးယံလုပ်ငန်းစဉ်'''
*ညဥ့်ဦးယံ၌ ဗုဒ္ဓဆောင်ရွက်သော လုပ်ငန်းစဉ်ကို “ပုရိမယာမကိစ္စ” ဟု ခေါ်သည်။ လူဒါယကာ၊ ဒါယကာမနှင့် ဘိက္ခူနီပရိသတ်တို့ ပြန်လည်ထွက်ခွါသွားပြီးနောက် ညဥ့်ဦးယံအချိန်တွင် ရဟန်းတော်များ အား ဆုံးမသွန်သင်တော်မူသည်။ ရဟန်းတို့မေးသော ပြဿနာများကို ဖြေကြားရှင်းလင်းတော်မူသည်။
 
#၄။'''သန်းခေါင်ယံလုပ်ငန်းစဉ်'''
*ရဟန်းတော်များအား တရားဟောကြားပြီးနောက် သန်းခေါင်ယံတွင် ဗုဒ္ဓဆောင်ရွက်တော်မူသော လုပ်ငန်းစဉ်ကို “မဇ္စျိမယာမကိစ္စ” ဟု ခေါ်သည်။ ရဟန်းတော်များအား တရားဟောကြားပြီးနောက် သန်းခေါင်ယံအချိန်တွင် ရောက်ရှိလာသော နတ်ဗြဟ္မာတို့အား တရားဟောပြ ဆုံးမတော်မူသည်။ မေးလာ သော ပြဿတို့ကို ဖြေကြားရှင်းလင်းတော်မူသည်။
 
#၅။'''မိုးသောက်ယံလုပ်ငန်းစဉ် '''
*နတ်ဗြဟ္မာများအား တရားဟောကြားတော်မူပြီးနောက် ဘုရားရှင်သည် မိုးမသောက်မီ ကျန်သည့် အချိန်ကို သုံးပိုင်းပိုင်း၍ ပထမပိုင်းတွင် ခန္ဓာကိုယ်ကြံခိုင်မျှတရေးအတွက် စင်္ကြန်ကြွတော်မူသည်။ ဒုတိယ အပိုင်းတွင် ဘုရားရှင်သည် လူသားဖြစ်သည့်အားလျော်စွာ ခန္ဓာကိုယ်မျှတကျန်းမာစေရန် သတိနှင့်ယှဉ် လျက် ကျိန်းစက်တော်မူသည်။ တတိယပိုင်းသို့ရောက်သောအခါ ထတော်မူ၍ မည်သူတို့အား ဆုံးမချေချွတ် ရမည်နည်းဟု ဆင်ခြင်တော်မူသည်။ ဤဆောင်ရွက်ချက်ကိုပင် မိုးသောက်ယံလုပ်ငန်း “ပစ္ဆိမယာမကိစ္စ” ဟုခေါ်သည်။