ရော်နယ် ရေဂင်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၂၃ -
| ဝဘ်ဆိုက် =
}}
ရော်နယ်ရေဂင်(February 6, 1911 – June 5, 2004) ဟာ အမေရိကန်ပြည်ထောင်စု၏ ၄၀ ယောက်မြှောက်သမ္မတဖြစ်သည်။ ရော်နယ်ဟာ သူ၏ ဘဝကို ရုပ်ရှင်မင်းသားဖြင့် စခဲ့ပြီး အောင်မြင်မူကိုလည်း ရရှိခဲ့သည်။ ရော်နယ်သည် ဒီမိုကရက်ပါတီဝင် ဖြစ်သော်လည်း ၁၉၆၂ တွင် ရီပက်ပလစ်ကန်ပါတီ သို့ပြောင်းလဲဝင်ရောက်ခဲ့သည်။ ရော်နယ်သည် အမေရိကန်ပြည်ထောင်စု ကယ်လ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သေးသည်။ သူသည် ရီပက်ပလစ်ကန်ပါတီ၏သမ္မတလောင်းအဖြစ်ရရှိရန် ၂ ကြိမ်တိတိ ယှဉ်ပြိုင်ခဲ့သော်လည်း သူ၏ပြိုင်ဘက်များကသာ အသာရသွားခဲ့သည်။ သို့သော်လည်း ၁၉၈၀ နောက်ပိုင်းတွင် နှစ်ကြိမ်တိတိ ရီပက်ပလစ်ကန်ပါတီ သမ္မတအဖြစ်နှင့် အမေရိကန်နိုင်ငံတွင် အအောင်မြင်ဆုံး သမ္မတတဦးဖြစ်ခဲ့သည်။ ရော်နယ်ဝယ်လဆင်ရေဂင်သည် အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ် Tampico မြို့၌ ၁၉၁၁ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ရော်နယ်၏ မိခင်၊ဖခင်များသည် ဘာသာရေးကို ရိုသေလေးစား သူများဖြစ်သဖြင့် ရော်နယ်လည်း ဘာသာရေးကို လေးစားခဲ့သည်။ သူသည် အမေရိကန်နိုင်ငံ၏ လူဖြူ၊လူမည်း ခွဲခြားရေးကို ဆန့်ကျင်သူတစ်ယောက်လည်းဖြစ်သည်။ တချိန်က သူ၏မြို့တည်းခိုခန်းများက လူမည်းကို ဝင်ရောက်တည်းခိုခွင့်မပြုသည်ကို ရော်နယ်ကိုယ်တိုင် မိမိအိမ်သို့ ခေါ်ယူတည်းခိုခွင့်ပြုခဲ့သည်။ နောက်တနေ့ နံနက်စာပါ ကျွေးလိုက်သေးသည်။ ရော်နယ်ဟာ Dixon High School တွင်ကျောင်းတက်ခဲ့ပြီး သရုပ်ဆောင်ခြင်း၊ အားကစားနှင့် ပုံပြောခြင်းတွင် အထူးစိတ်ဝင်စားခဲ့သလို ထိုနေရာများတွင် ထူးချွန်စွာ လုပ်ပြနိုင်ခဲ့သည်။ ပထမဆုံးအလုပ်အဖြစ် Lowell Park အနီးရှိ မြစ်တစ်ခုတွင် ရေနစ်သူများကို ကယ်တင်သူအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ရေနစ်သူပေါင်း ၇၇ ယောက်ကို ကယ်တင်နိုင်ခဲ့သည်။ ထိုနောက် ကောလိပ် တက်ပြီး ကောလိပ်တွင်လည်း ကျောင်းသားဥက္ကဌအဖြစ် တင်မြှောက်ခြင်း ခံရသည်။ ဒုတိယကမ္ဘာစစ်အတွင်းက သူသည် အမေရိကန်ကြည်းတပ်တွင် ဗိုလ်ကြီးအဆင့်ဖြင့်တာ၀န်ထမ်းဆောင်ခဲ့သည်။ သို့သော် ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ဖြစ်ခြင်းကြောင့် တိုက်ခိုက်ရေးဘက်တွင်မဟုတ်ဘဲ ဟောလိဝုဒ် တွင်စစ်ဘက်ရေးရာ အသိပညာပေးရေးနှင့် စစ်ရေးလေ့ကျင့်ရေးရုပ်ရှင်များ ရိုက်ကူးရေးဘက်တွင်သာ တာဝန်ထမ်းဆောင်ခဲ့သည်။
[[File:The Reagans waving from the limousine during the Inaugural Parade 1981.jpg|thumb|ရော်နယ်ရေဂင်သမ္မတအဖြစ် မိန့်ခွန်းပြောကြားပြီးနောက် အိမ်ဖြူတော်သို့ သွားနေစဉ် ]]
== နိုင်ငံရေးလုပ်ခြင်း ==