အစ္စလာမ်ဘာသာ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary |
|||
စာကြောင်း ၃ -
အစ္စလာမ် (အာရပ်ဘာသာဖြင့်-အယ်-အစ္စလာမ် (الإسلام al-’islām )၊ အသံထွက် (အစ္စလာမ်) [ʔislæːm] (နားဆင်ရန်)[မှတ်ချက် ၁])သည် ကိုးကွယ်ယုံကြည်သူ နောက်လိုက်များက ဘုရားသခင်(အလ္လာဟ်)၏ အမိန့်တော်အဖြစ် သတ်မှတ်ထားခြင်းခံထားရသည့် ကုရ်အာန်ကျမ်းစာနှင့် အစ္စလာမ်ဘာသာ၏ နောက်ဆုံးတမန်တော်ဖြစ်သော မုဟမ္မဒ်၏ သင်ကြားပို့ချချက်များ(ဟဒီးဆ်)နှင့် အနေအထိုင်၊ အလေ့အထများ(ဆွန္နသ်)ပေါ် အခြေခံထားသော ဘုရားတစ်ဆူတည်းရှိ ဘာသာတစ်ခုဖြစ်သည်။ အစ္စလာမ်ဆိုသော စကားလုံးမှာ "ဘုရားသခင်ထံပါးတွင် ကျိုးနွံနိမ့်ချခြင်း"၊ "ငြိမ်းချမ်းမှု"၊ "ငြိမ်းချမ်းရာ လမ်းကြောင်း" ဟူ၍လည်း အဓိပ္ပါယ်ရသည်။ အစ္စလာမ်ဘာသာကို လိုက်နာကိုးကွယ်သူများအား မွတ်စလင်ဟု ခေါ်သည်။ (အစ္စလာမ်ဘာသာဝင်များအား မွတ်စလင်ဟု ခေါ်ဆိုသောကြောင့် မွတ်စလင်ဘာသာဟု ခေါ်ဆိုသုံးနှုံးလျှင် မှားမည်ဖြစ်သည်။) [http://islam.about.com/od/basicbeliefs/p/intro.htm]
မွတ်စလင်အများစုသည် ဆွန်နီ(Sunni) နှင့် ရှီးအာ(Shi'a)ဟူသော အဓိကဘာသာအုပ်စုခွဲကြီး နှစ်ခုအနက် တစ်ခုတွင် ပါဝင်သည်။ မွတ်စလင်ဘာသာဝင်များအနက် ၁၃ ရာခိုင်နူန်းမျှသည် ကမ္ဘာ့မွတ်စလင် အများဆုံးနိုင်ငံဖြစ်သည့် [[အင်ဒိုနီးရှားနိုင်ငံ]]၌၊ ၂၅ ရာခိုင်နူန်းသည် တောင်အာရှ၌၊ ၂၀ ရာခိုင်နူန်းသည် အရှေ့အလယ်ပိုင်း၌၊ ၂ ရာခိုင်နူန်းမျှသည် အာရှအလယ်ပိုင်း၌၊ ၄ ရာခိုင်နူန်းမျှသည် အရှေ့တောင်အာရှ၌၊ ၁၅ ရာခိုင်နူန်းသည် အာဖရိက ဆာဟာရဒေသများ၌ စသည်ဖြင့် အသီးသီး နေထိုင်ကြသည်။ ကမ္ဘာ့လူဦးရေ၏ ၂၀-၂၃ ရာခိုင်နူန်းမျှဖြစ်သည့် ၁.၅ ဘီလီယံခန့်မျှ ကိုးကွယ်သူ နောက်လိုက်ရှိသော အစ္စလာမ်ဘာသာသည် ကမ္ဘာဒုတိယအကြီးမားဆုံးသော ဘာသာနှင့် အကြီးထွား အမြန်ဆုံးသော ဘာသာတစ်ခုလည်း ဖြစ်သည်။
|