ဆင်ဖြူတော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 17 interwiki links, now provided by Wikidata on d:q877152 (translate me)
No edit summary
စာကြောင်း ၁ -
[[File:White Ele.jpg|thumb|ဆင်ဖြူတော်နှင့် မင်းခမ်းမင်းနား]]
ဆင်ဖြူတော်ဆိုသည်မှာ ရှားပါးစာရင်း၀င် ဆင်အမျိုးအစား တစ်ခုဖြစ်သော်လည်း၊ သီးသန့် မျိုးနွယ်စုတစ်ခုတော့ မဟုတ်ပေ။ ဆင်ဖြူတော်ကို အခါအားလျော်စွာ မိုးနှင်းကဲ့သို့ ဖော်ပြလေ့ရှိသော်လည်း အများအားဖြင့် နီညိုရောင်ဖျော့ဖျော့သာ တွေ့ရလေ့ရှိပြီး ရေစိုစွတ်သောအခါ ပန်းရောင်ဖျော့ဖျော့သို့ ကူးပြောင်းသွားလေ့ရှိသည်။ အရောင်ဖျော့သော မျက်ခွံ နှင့် ခွာ တို့လည်း ရှိသည်။
ဆင်ဖြူတော်ဆိုသည်မှာ ဆင်အရောင်သည် အဖြူရောင်ရှိသော ဆင်မျိုးကို ခေါ်သည်။ ဆင်ဖြူသည် ရှားပါး တိရစ္ဆာန် ဖြစ်၍ ဆင်ဖြူကို တစ်ကောင်ဟု မသုံးပဲ ရတနာကဲ့သို့ တန်ဘိုးထားရှိသောကြောင့် တော်ဟု တပ်ကာ ဆင်ဖြူတော်ဟု သုံးနှုန်းသည်။ မြန်မာရာဇဝင်၌ ရှေးဘုရင်တွင် ဆင်ဖြူတော် (အသေ) ကိုပင် ရရှိပင်လျှင် ဆင်ဖြူရှင်ဘွဲ့ကို ခံယူခဲ့သူ ရှိနေပါသည်။ ဆင်ဖြူတော်သည် ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသည်ဟုလည်း ယုံကြည်ကြသည်။ ထို့ကြောင့် ဆင်ဖြူရှင် မင်းကြား ကြီး၊ တစီးရှင်၊ ငါးစီးရှင်၊ ဆင်ဖြူမရှင် မိဘုရားကြီး စသည်ဖြင့် ရှေးဘုရင်များခေတ်က ဘွဲ့ ခံခဲ့ကြသည်။
* (ဆင်ဖြူအသေတစ်စီးမျော လာသည်ကို ဆယ်ယူစေပြီး ဆင်ကတင်ကာ ဆင်ဖြူရှင်ဘွဲ့သဖြင့် သမိုင်းတွင် [[တစ်စီးရှင် သီဟသူ]]အဖြစ်၎င်း၊ ပင်းယမြို့တည် သီဟသူ အဖြစ်၎င်း ကျော်ကြားပေသည်။)
[[File:5000_Kyats.jpg|thumb|၅၀၀ဝ ကျပ် (၂၀၀၉) စက်တင်ဘာ၂၅ ရက်နေ့ ၊ဆင်ဖြူတော် နှင့် လွှတ်တော်အဆောက်အဦး]]