ကြောင် (တိရစ္ဆာန်): တည်းဖြတ်မှု မူကွဲများ

reverting self, looks like it's required
No edit summary
စာကြောင်း ၁၇ -
}}
{{Wiktionary|ကြောင်}}
 
 
ရှေးနှစ်ပေါင်းများစွာကတည်းက ကြောင်များသည် လူတွေရဲ့ ချစ်မြတ်နိုးမှု ၊ ဦးစားပေးမှု ၊ ရက်စက်စွာညှင်းပန်းနှိပ်စက်မှု တို့ကိုခံရပြီး ကြောင်များ၏ ကံကြမ္မာဟာ အတက်အကျ အနိမ့်အမြင့်တွေနဲ့ စိတ်ဝင်စားစရာကောင်းလှပါတယ်။ ကြောင်များဟာ အသိရခက်ခြင်းကြောင့် ကြောင်ချစ်သူ ကြောင်ပိုင်ရှင်များအဖို့တော့ စိတ်အနည်းငယ်ရှုပ်ထွေးစေပါတယ်။ ခွေးများက သူတို့ပိုင်ရှင် သူတို့ရဲ့ သခင်ကိုချစ်လျှင်ချစ်ကြောင်း သိသာထင်ရှားစွာပြတတ်ကြပေမယ့် ကြောင် များကိုတော့ ဘယ်အရာကိုမှအတင်းအကြပ်စေခိုင်းလို့မရပါဘူး။ သူတို့ဘာသာ သူတို့စိတ်ဆန္ဒ ရှိမှသာလျှင် သူတို့လုပ်ချင်ရာကိုလုပ်တတ်ကြတဲ့ အိမ်မွေးတိရစ္ဆာန်အမျိုးအစားများပါပဲ။ ကြောင်ပိုင်ရှင် သခင်ကိုလည်း တွယ်ကပ်မနေကြဘဲ လွတ်လွတ်လပ်⁠လပ်နေတတ်ကြပါတယ်။ ကြောင်ချစ်သူများသိကြပြီးတဲ့အတိုင်းပါပဲ အိမ်မှာ ကြောင်မွေးထားပြီဆိုလျှင် ကြောင်ပိုင်ရှင် ကြောင်သခင်များက ကြောင်ကိုပိုင်ဆိုင်ထားခြင်းမျိုးမဟုတ်ဘဲ ကြောင်များကသာ ကြောင်ချစ်သူ ကြောင်ပိုင်ရှင်ကို ပိုင်ဆိုင်သွားကြပါတယ်။ ကြောင်ချစ်သူတွေက အလိုအလျောက်ပဲ ကြောင်များ
Line ၁၈၉ ⟶ ၁၈၈:
ဖြစ်သည်။
 
==အပြုအမူ==
ကြောင်များသည် နေ့ရော ညပါ နိုးကြားထကြွနေတတ်ကြသော် လည်း၊ ညဘက်တွင် အနည်းငယ်ပို၍ နိုးကြားနေလေ့ရှိသည်။ ကြောင်များ၏ လှုပ်ရှားမှုအချိန်သည် အပြောင်းအလဲအမျိုးမျိုး ရှိပြီး၊ ကွဲပြားမှုများလည်း ရှိနိုင်သည်ဖြစ်ရာ၊ အိမ်မွေးကြောင်များသည် လူများ လှုပ်ရှားသွားလာမှု ရှိသည့် မနက်ပိုင်းနှင့် ညပိုင်းများတွင် ပို၍ နိုးကြားနေတတ်ကြသည်။ သူတို့သည် ၎င်း၏ အိမ်ပတ်ဝန်းကျင်တွေသာ နေထိုင်တတ်သော်လည်း၊ အချို့ အိမ်မွေးကြောင်များသည် ၎င်းအိမ်အား ဗဟိုချက်မထားလျှင် ၇ ဟက်တာမှ ၂၈ ဟက်တာအထိ ကျယ်ပြန့်သော နယ်မြေပိုင်းခြားမှုများ ရှိတတ်ပါသည်။
 
ကြောင်များသည် အခြားသော တိရိစ္ဆာန်များထက်ပို၍ အိပ်စက်ခြင်းဖြင့် စွမ်းအင်ကို ထိန်းသိမ်းပြီး၊ အထူးသဖြင့် အသက်ကြီးလာသည့်အခါ ပို၍ အိပ်စက်လေ့ရှိသည်။ တစ်နေ့ အိပ်စက်ချိန်သည် များသောအားဖြင် ၁၂ - ၁၆ နာရီကြား အမျိုးမျိုးရှိပြီး၊ ပျမ်းမျှ အိပ်စက်ချိန်သည် ၁၃ - ၁၄ နာရီ ရှိပါသည်။
 
===ဆက်သွယ်မှု===
 
အိမ်မွေးကြောင်များသည် ဆက်သွယ်မှုအတွက် အသံအမျိုးမျိုးပြုကြပြီး၊ ညည်းသံပေးခြင်း၊ အသံတုန်ခါခြင်း၊ မာန်ဖီခြင်း၊ မသဲမကွဲအော်ခြင်းနှင့် ပုံစံအမျိုးမျိုးဖြင့် တစ်ညောင်ညောင်အော်ခြင်း တို့ဖြင့် ဆက်သွယ်မှု ပြုလုပ်ကြပါသည်။ နားရွက်နှင့် အမြီး အထားအသို၊ ခန္ဓာကိုယ် တစ်ခုလုံးအား ဖြေလျှော့နေခြင်း၊ ခြေချောင်းများကို ဆုပ်နယ်နေခြင်း စသည်တို့သည် သူတို့၏ စိတ်ခံစားမှုများကို ဖော်ပြနေခြင်း ဖ​ြစ်သည်။
 
ကြောင်များသည် ခွေးများနှင့် သဘာဝအရ မတည့်ကြဟု ထင်မှတ်ထားကြသော်လည်း၊ အတူနေပုံ မှန်ကန်လျှင် အတူတူနေထိုင်နိုင်စွမ်း ရှိပါသည်။
 
ကြောင်များသည် ငယ်ငယ်လေးကတည်းက သူတို့၏ သခင်နှင့် ရင်းနှီးချစ်ခင်စွာ နေလာကြခဲ့လျှင် သူတို့၏ သခင်အား လွန်စွာ ခင်တွယ်တတ်ကြသည်။ လူသား သခင်များသည် ကြောင်များအတွက် မွေးစာအမေကဲ့သို့ ဆောင်ရွက်ပေးသည်ဖြစ်သောကြောင့် ကြောင်များသည် ကြောင်ပေါက်စလေးများကဲ့သို့ပင် ဆက်လက်ပြုမူနေထိုင်တတ်ကြသည်။ အချို့ သီအိုရီများအရ အချို့့ကြောင်များ၏ အသံမြင့်ဖြင့် အစာတောင်းရန် အော်ခြင်းသည် လူသား ကလေးငယ်များ ဗိုက်ဆာ၍ ငိုနေသည့် အသံနှင့် တူသောကြောင့်၊ လူသားများမှ သူတို့အား ဂရုမပြုပဲ မနေနိုင်ဖြစ်စေသည်ဟု ဆိုကြပါသည်။
 
==ကိုးကား==