အင်းလေးကန်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၉ -
==ထင်ရှားသော ဘုရားပွဲများ==
အင်းလေး ဖောင်တော်ဦး ဒေသစာရီကြွချီအပူဇော်ခံပွဲ
ဖောင်တော်ဦးစံကျောင်းတော်၌ သီတင်ကျွတ်လဆန်း(၁)ရက်၊ နံနက် (၀၄:၀၀) နာရီခန့်တွင် ဖွင့်ပွဲအခမ်းအနားပြုလုပ်ပြီး နံနက် (၀၇:၀၀) နာရီ မှာစတင်က စံကျောင်းတော်ရှိ ဘုရားငါးဆုအနက် လေးဆုအား ဟင်္သာဖောင်ဖြင့် {{ကျေးပေါခုံရွာ}}သို့ ရာပေါင်းများစွာသော လှေလှော်သမားများက ခြေထောက်တစ်ဖက်တည်းဖြစ် လှော်ခတ်က ({{အင်းသားလူမျိုး}} ရိုးရာလှေလှော်ခတ်နည်း) ချိတ်ယူပင့်ဆောင်လာခဲ့ပါသည်။ {{အင်းတိန်ရွာ}}တွင် သီတင်ကျွတ်လဆန်း (၂)ရက် မှ (၃)ရက် နေ့အထိ ဗုဒ္ဓပူဇနိယပွဲများ ကျင်းပကြသည်။ သီတင်းကျွတ်လဆန်း (၄)ရက်တွင် {{ရွာမရွာ}}၊ သီတင်းကျွတ်လဆန်း(၅)ရက်တွင် {{ငါးဖယ်ချောင်းရွာ}}၊ သီတင်းကျွတ်လဆန်း (၆)ရက် တွင် {{ကြေးစားကုန်းရွာ}} နှင့် {{ပွဲစားကုန်းရွာ}} စသဖြင့် အင်းလေးကန်အနီးရှိရွာအသီးသီးတွင် ဗုဒ္ဓပူဇနိယကျင်းပကြသည်။ ညောင်ရွှေမြို့သို့ကြွချီလာပြီးနောက် သီတင်းကျွတ်လဆန်း (၇)ရက်မှ (၉)ရက်နေ ့အထိ စံကျောင်းတော်တွင် ကိန်၀ပ်က ဗုဒ္ဓပူဇနိယပွဲကျင်းပကြသည်။
ထိုနောက် ညောင်ရွှေမြို ့စံကျောင်းတော်မှ နံနက်(၀၇:၀၀)နာရီခန် ့တွင် {{နန်းသဲရွာ}}သို့ဆက်လက်ကြွချီက သီတင်းကျွတ်လဆန်း(၁၁)ရက်တွင် {{သလဲဦးရွာ}}၊ သီတင်းကျွတ်လဆန်း(၁၂)ရက်တွင် {{ဓကလာရွာ}} နှင့် {{ဇရပ်ကြီးရွာ}}၊ သီတင်းကျွတ်လဆန်း(၁၃)ရက်တွင် အလိုတော်ပေါက်နှင့် {{နန်းပန်ရွာ}}၊ ထိုနောက် {{မကျီးဆိပ်ရွာ}}သို့လည်းကောင်း {{ကျိင်းခမ်းရွာ}}သို့လည်းကောင်း သီတင်းကျွတ်လဆန်း(၁၄)ရက်နေ့တွင် ကြွချီက ဗုဒ္ဓပူဇနိယပွဲများကျင်းပကြသည်။ သီတင်ကျွတ်လပြည်နေ့ ရောက်သော်အခါ {{မိုင်းပျိုးရွာ}}၊ သီတင်းကျွတ်လဆုတ်(၁)ရက်နေ့တွင် {{နောင်တောရွာ}}၊ သီတင်းကျွတ်လဆုတ်(၂)ရက်နေ့တွင် {{အင်းပေါခုံရွာ}} နှင့် {{ရေးသာရွာ}}သို့ ကြွချီကဗုဒ္ဓပူဇနိယပွဲများ ကျင်းပကြသည်။ သီတင်းကျွတ်လဆုတ်(၃)ရက်၊ နံနက်(၈)နာရီတွင် ဖောင်တော်ဦး စံကျောင်းတော်ကြီးသို့ရောက်ရှိလာသည် နှင့်အတူ ကျောင်းတော်၀င်ပွဲအား စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိပါသည်။
 
== ထင်ရှားသောနေရာများ ==