အပုပ်နိုင်ဆေး: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
==အပုပ်​နိုင်​ဆေး==
အပုပ်​နိုင်​ဆေး(အန်​တီ​ဆက်​ပ​တစ်) (အနာ​မ​ရင်း​ဆေး)ဆို​သည်မှာ ရောဂါ​ဖြစ်​စေ​သည့် ဗက်​တီး​ရီး​ယား ပိုး​များ​ကို သတ်​၍ ဗက်​တီး​ရီး​ယား​တို့​ကြောင့် ဖြစ်​သော ပုပ်​သိုး​ခြင်း​ကို တားဆီး​နိုင်​သည့် ဆေး​ကို ဆို​သည်။ လူ​တို့​သည် ဆီ၊ ဆား​နှင့်​တ​ကွ အခြား​ဓာတ်​ပစ္စည်း​များ​ကို​အသုံးပြု​၍ အစာ​များ​ကို မ​ပုပ်​မ​သိုး​အောင် ကာ​ကွယ်​လေ့ ရှိ​ကြ​သည်။ ထို​နည်း​ကို သိ​ခဲ့​ကြ​သည်မှာ ကမ္ဘာ​ဦး​အခါ​လောက်​က​ပင်​ဖြစ်​သည်​ဟု ဆို​သင့်​လေ​သည်။ သို့သော် အပုပ်​နိုင်​ဆေး​ကို ခွဲစိတ်​ပညာ​တွင် စတင် အသုံးပြု​ခဲ့​သည်မှာ ဗြိတိသျှ​လူ​မျိုး ဆရာဝန်​ကြီး[[လစ်​စ​တာ​ဂျိုး​ဇက်လစ်​စ​တာ၊ ဂျိုး​ဇက်|လစ်​စ​တာ]]လက်ထက် ခရစ် ၁​၈​၆​၅-ခု​နှစ်​တွင် ဖြစ်​သည်။ လစ်​စ​တာ​သည် ဗက်​တီး​ရီး​ယား​ကြောင့် ရောဂါ​ဖြစ်​သည်​ဟူ​သည် ပါး​စ​တား​၏​အဆို​ကို အခြေ​ပြု​ပြီး စုံစမ်း​မှု​များ​ကို ပြုလုပ်​ခဲ့​၏။