ဆင်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၂၄၉ -
== မြန်မာ့ဆင်‌ ==
 
=== ဆင်နှင့် မြန်မာ့သမိုင်း ===
 
ဆင်သည် မြန်မာ့သမိုင်းတွင် အရေးပါသော သတ္တဝါ ဖြစ်သည်။ ရှေးခေတ်က မြန်မာဘုရင်များ စစ်မက်ဖက်ပြိုင်ရာတွင် ဆင်ကို စစ်အင်အားတစ်ခုအနေဖြင့် အသုံးပြုကြသည်။ ထိုမျှသာမက မြန်မာဘုရင်များသည် မိမိတို့ ပိုင်ဆိုင်သော ဆင်ဖြုအရေအတွက်ကို ဂုဏ်ယူဖွယ်တစ်ရပ်အနေဖြင့် ဘွဲ့အမည်တွင် ထည့်သွင်းမှည့်ခေါ်ကြသည်။ ဘုရင့်ကျော်ထင်နော်ရထာ၊ [[မြေဒူးမင်း]] စသူတို့သည် ဆင်ဖြူရှင် ဘွဲ့အမည်နှင့် ထင်ရှားကျော်ကြားသည်။
 
 
=== ဆင်နှင့်သစ်ထုတ်လုပ်ငန်း ===
 
ဆင်သည် မြန်မာ့သစ်ထုတ်လုပ်ရေးတွင် အရေးပါသော သတ္တဝါတစ်ကောင် ဖြစ်သည်။ စက်ယန္တရားများ မဝင်ရောက်နိုင်သော ဒေသများတွင် ဆင်ကို အသုံးပြု၍ သယ်ယူပို့ဆောင်မှု ပြုကြသည်။ ယနေ့ထက်တိုင် ဆင်များကို သစ်လုပ်ငန်းများတွင် အသုံးပြုဆဲ ဖြစ်သည်။
 
=== ဆင်အမျိုးအစားများ ===
အစွယ်အမျိုးအစားပေါ် မူတည်၍ ဆင်ထီးများကို လေးမျိုးလေးစားခွဲခြားနိုင်သည်။ အစွယ်နှစ်ဖက်ပါရှိသော ဆင်ကို စွယ်စုံဆင်ဟု ခေါ်သည်။ အစွယ်တစ်ဖက်သာပါရှိသောဆင်ကို တေဆင်(တယ်လူး)ဟုခေါ်ပြီး အစွယ်လုံးဝ မပါရှိသောဆင်ကို ဟိုင်းဆင်ဟု ခေါ်ဝေါ်ကြသည်။ အစွယ်အနည်းငယ်(တစ်မိုက်ခန့်)ရှိသော ဆင်ကို ဟန်ဆင်(ဟန်ကုပ်) ဟုခေါ်ပါသည်။
ဆင်မ များတွင် အစွယ်ရှိသော်လည်း စွယ်ဖုံးအပြင်သို့ မထွက်သောကြောင့် မမြင်ရချေ။
 
==== အခြားကြည့်ရန် ====
[[ဆင်အမျိုးအစားများ (မြန်မာ)]]
 
===ဆင် ( ၁၀ ) မျိုး===
မုံရွေးဇေတဝန် ဆရာတော်ကြီး၏ ဥတိန္နပျို့ ပုဒ်ရေ (၃၂) တွင် ဆင်များ ကို အချုပ်အားဖြင့် (၁၀) မျိုး ပြသထားသည်။
 
# ကာဠာ၀ကဆင် = ဆင်မည်း၊ ညင်းညင်းသာသာ မြည်တက်သော အသံရှိသည့်ဆင်။ ယောက်ျား (၁၀) ဦး၏ အားအစွမ်းနှင့် ညီမျှသော အားရှိသည်။
#ဂင်္ဂေယျဆင် = ဂင်္ဂါမြစ်အနီး၌ ပေါက်ဖွားသောဆင်။ယင်းဆင်သည် သရက်ရွက်နုနု အဆင်းရှိသည်။ အပေါင်းအသင်းတို့နှင့်မွေ့လျှော်တက်သောကြောင့်လည်းကောင်းအပေါင်းအသင်းတို့နှင့်မွေ့လျှော်တက်သောကြောင့်လည်းကောင်း၊ ၊ဥဒေါင်းမြီးစည်းနှင့်တူသောဥဒေါင်းမြီးစည်းနှင့်တူသော တင့်တယ်သော အမြီးရှိသောကြောင့် ကာလာပ ဟုခေါ်တွင်သေး၏။ ကာဠာ၀ကဆင် (၁၀) စီးအားနှင့် ညီမျှသော အားရှိသည်။
#ပဏ္ဍရဆင်= သစ်ရွက်ရော်အဆင်းရှိ၏ (ဝါဖန့်ဖန့် အရောင်အဆင်းရှိသည်)။ ဂင်္ဂေယျဆင် (၁၀) စီးအားနှင့် ညီမျှသောအားရှိသည်။
#တမ္ပဆင်=ကြေးနီရောင် အသွင်နီကြင်ကြင် အဆင်းရှိသည်။ ပဏ္ဍရဆင် (၁၀) စီးအားနှင့် ညီမျှသောအားရှိသည်။
"https://my.wikipedia.org/wiki/ဆင်" မှ ရယူရန်