ထိုးမြဲလက်မှတ်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၇ -
လူ​တစ်​ယောက်​၏ အရည်အချင်း ငွေ​ကြေး​ဥစ္စာ ရာထူး​ဌာန္တ​ရ​မှ စ​၍ တ​ဖြေးဖြေး မြင့်​တက်​လာ​သည့်​အခါ ထို​သူ​၏ ထိုး​မြဲ​လက်မှတ်​တန်ဖိုး​သည်​လည်း မြင့်​တက်​လာ​ရ​စ​မြဲ ဖြစ်​သည်။ ဥပမာ - လူ​တစ်​ယောက်​သည် ဘဏ်​တွင် ငွေ​သိန်း​တစ်​ထောင် အပ်​နှံထား​သည် ဆို​ပါ​က သူ​၏​လက်မှတ်​သည် ငွေ​သိန်း​တစ်​ထောင်​တန်​ပြီး အကယ်၍ ဘဏ်​တွင် ငွေ​သန်း​တစ်​ထောင် အပ်​နှံထား​နိုင်​သည်​အထိ ကြွယ်​ဝ​လာ​ခဲ့​လျှင် ထို​သူ​၏ ထိုး​မြဲ​လက်မှတ်​သည်​လည်း ငွေ​သန်း​တစ်​ထောင်​တန်​လာ​လေ​သည်။ လူ​မှု​ရေး​နှင့် အခြား​အရေး​ကိစ္စ​များ​တွင်​လည်း ဤ​နည်း​အတိုင်း​ပင် ဖြစ်​သည်။ ပုဂ္ဂိုလ်​တစ်​ဦး​တစ်​ယောက်​၏ အနု​ပညာ၊ အတတ်​ပညာ၊ အား​ကစား​ထင်ပေါ်ကျော်​ကြား​မှု၊ ကြည်ညို​လေးစား​ခံ​ရ​မှု၊ သြ​ဇာ​အာဏာ​ရှိ​မှု စ​သည်​တို့ အပေါ်​တွင် မူ​တည်​၍​လည်း ထို​ပုဂ္ဂိုလ်​၏​ထိုး​မြဲ​လက်မှတ်​သည် တန်ဖိုး​ကြီးမား​လာ​ရ​ပြန်​သည်။
==ရှားပါး​သော ထိုး​မြဲ​လက်မှတ်​ကို ဝယ်​ယူ​ခြင်း==
ကမ္ဘာ​လောက​တွင် စား​သောက်​ဖွယ်​ဖြစ်​စေ၊ အထည်အလိပ်​ဖြစ်​စေ၊ လူ​သုံး​ပစ္စည်း​ဖြစ်​စေ ရှားပါး​လာ​လျှင် တန်ဖိုး​ကြီးမား​လာ​သည်မှာ ဓမ္မတာ​ပင်​ဖြစ်​သည်။ ယခု​အခါ ကမ္ဘာ​အရပ်​ရပ်​မှ ရှေး​ဟောင်း​ရှားပါး​ပစ္စည်း စုဆောင်း​သူ​များ​သည် လက်ရာ​မြောက်​ပစ္စည်း​များ၊ အမှတ်တရ ပစ္စည်း​များ၊ သမိုင်း​ဝင်​ပစ္စည်း​များ​သာ​မက အော်​တို​များ​နှင့် ရှားပါး​သော ထိုး​မြဲ​လက်မှတ်​များ​ကို​ပါ ဝယ်​ယူ​စုဆောင်း နေ​ကြ​သည်။ ထင်ပေါ်ကျော်​ကြား​သော ပုဂ္ဂိုလ်​တို့​၏ ရှားပါး​သော ထိုး​မြဲ​လက်မှတ်​များ​သည် တန်ဖိုး​ကြီးမား​သည်​သာ​မက အချိန်​ကြာမြင့်​သည်​နှင့်​အမျှ ငွေ​ကြေး​များ​စွာ​ပေး​မှ ဝယ်​ယူ​ရ​ရှိ​နိုင်​မည့် အကြောင်း​ကို လမ်း​ညွှန် ပြသ​သွား​သူ​များ​အနက် ထင်ရှား​သူ​တစ်​ယောက်​မှာ နာ​မည်ကျော် [[ဂျိမ်းစ်​ဘွန်း]]ရုပ်​ရှင်​ဝတ္ထု​များ​ကို ရေးသား​ခဲ့​သော စာရေး​ဆရာ​ကြီး [[အိုင်​ယင်​ဖ​လင်း​မင်း]] ပင်​ဖြစ်​သည်။
 
ထင်ပေါ်ကျော်​ကြား​သော ပုဂ္ဂိုလ်​တို့​၏ ရှားပါး​သော ထိုး​မြဲ​လက်မှတ်​များ​သည် တန်ဖိုး​ကြီးမား​သည်​သာ​မက အချိန်​ကြာမြင့်​သည်​နှင့်​အမျှ ငွေ​ကြေး​များ​စွာ​ပေး​မှ ဝယ်​ယူ​ရ​ရှိ​နိုင်​မည့် အကြောင်း​ကို လမ်း​ညွှန် ပြသ​သွား​သူ​များ​အနက် ထင်ရှား​သူ​တစ်​ယောက်​မှာ နာ​မည်ကျော် [[ဂျိမ်းစ်​ဘွန်း]]ရုပ်​ရှင်​ဝတ္ထု​များ​ကို ရေးသား​ခဲ့​သော စာရေး​ဆရာ​ကြီး [[အိုင်​ယင်​ဖ​လင်း​မင်း]] ပင်​ဖြစ်​သည်။
 
အိုင်​ယင်​ဖ​လင်း​မင်း​သည် ဆိုဗီယက်​ခေါင်းဆောင်​ကြီး [[စ​တာ​လင်]]၏ လက်မှတ်၊ အီ​တ​လီ​အာဏာ​ရှင် [[မူ​ဆိုလို​နီ]]၏ လက်မှတ်၊ ပန်း​ချီကျော် [[ပီ​ကာ​ဆို]]၏ လက်မှတ်၊ သိပ္ပံ​ပညာ​ရှင်​ကြီး [[အိုင်​စ​တိုင်း]]၏​လက်မှတ်၊ ဗြိတိသျှ ဝန်ကြီး​ချုပ် [[ဝင်​စ​တန်​ချာ​ချီ]]၏ လက်မှတ် စ​သည်​တို့​ကို ခဲ​ခဲယဉ်း​ယဉ်း​ရ​ယူ စုဆောင်း​ခဲ့​လေ​သည်။ ထို​ပုဂ္ဂိုလ်​များ ကွယ်​လွန်သွား​ပြီး​နောက် သူ​တို့​၏​ထိုး​မြဲ​လက်မှတ်​များ​သည် တန်ဖိုး​အဆ​မတန် ကြီးမား​လာ​ခဲ့​သည်။
 
 
<ref>သန်း​ဝင်း​လှိုင်​၏ စကားပြော​နေ​သော လက်ရေး​ကလေး​များ​နှင့် လက်မှတ်​ကို​ကြည့်​၍ လူကဲခတ်​ခြင်း စာအုပ်​မှ</ref>[[User:Mayor mt|Mayor mt]] ([[User talk:Mayor mt|talk]]) ၁​၇:၃​၄၊ ၂​၈ ဇွန် ၂​၀​၁​၄ (UTC)
==ကိုး​ကား==