ထိုးမြဲလက်မှတ်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
[[File:ThiPawmin Sing.jpg|thumb|300px|right|သီ​ပေါ​မင်း​၏ ထိုး​မြဲ​လက်မှတ်]]
==ထိုး​မြဲ​လက်မှတ် (Signature)==
လူ​တစ်​ဦး တစ်​ယောက်​အဖို့ သူ​၏ ထိုး​မြဲ​လက်မှတ်​သည် လူ​မှု​ရေး၊ စီးပွား​ရေး၊ နိုင်ငံ​ရေး​ပါ​မ​ကျန် တစ်​သက်​တာ​ပတ်လုံး သူ​၏​ကိုယ်စား​ဖြစ်​သည်​သာ​မက တစ်​ခါ​တစ်​ရံ အဖွဲ့​အစည်း​တစ်​ခု​မှ​သည် လူ​မျိုး​တစ်​မျိုး တိုင်း​ပြည်​တစ်​ပြည်​လုံး​အတွက် ကိုယ်စား​ပြု​ရ​သည်​အထိ တန်ဖိုး​ကြီးမား​နိုင်​ပါ​သည်။ ကမ္ဘာပေါ်​ရှိ ယဉ်ကျေး​သော​လူ​မျိုး​တွင် စာပေ​ဟူ၍ ဦး​စွာပေါ်​ပေါက်​ခဲ့​ပြီး​နောက် မိမိ​၏​အမည်​ကို ကမ္ပည်း​ရေး​ထိုး​ရာ​မှကမ္ပည်း​ရေး​ထိုး​ရာ​မှ​တစ်​ဆင့် လက်မှတ်​ရေး​ထိုး​ခြင်း အလေ့​အထ ပေါ်ပေါက်​လာ​ခဲ့​သည်။ အရေး​ပါ​အရာ​ရောက်​သော အကြောင်း​တစ်​ခု⁠ခု​ကို ခိုင်လုံ​တည်​မြဲ​စေ​ရန် ရေးမှတ်​ကြ​ရ​သည့်​အခါ (စာမ​တတ်​သူ​တို့​အဖို့ လက်မ​နှိပ်​ခြင်း၊ ကြက်ခြေခတ်​ခြင်း​များ ပြု​ကြသော်​လည်း) စာတတ်​သူ​အဖို့ ထိုး​မြဲ​လက်မှတ်​ကို သူ​၏ ကိုယ်စား​အဖြစ် ရေး​ထိုး​ကြ​သည်။
တစ်​ဆင့် လက်မှတ်​ရေး​ထိုး​ခြင်း အလေ့​အထ ပေါ်ပေါက်​လာ​ခဲ့​သည်။ အရေး​ပါ​အရာ​ရောက်​သော အကြောင်း​တစ်​ခု⁠ခု​ကို ခိုင်လုံ​တည်​မြဲ​စေ​ရန် ရေးမှတ်​ကြ​ရ​သည့်​အခါ (စာမ​တတ်​သူ​တို့​အဖို့ လက်မ​နှိပ်​ခြင်း၊ ကြက်ခြေခတ်​ခြင်း​များ ပြု​ကြသော်​လည်း) စာတတ်​သူ​အဖို့ ထိုး​မြဲ​လက်မှတ်​ကို သူ​၏ ကိုယ်စား​အဖြစ် ရေး​ထိုး​ကြ​သည်။
 
==တန်ဖိုး​အတက်အကျ​ရှိ​သော ထိုး​မြဲ​လက်မှတ်==
Line ၁၁ ⟶ ၁၀:
 
အိုင်​ယင်​ဖ​လင်း​မင်း​သည် ဆိုဗီယက်​ခေါင်းဆောင်​ကြီး [[စ​တာ​လင်]]၏ လက်မှတ်၊ အီ​တ​လီ​အာဏာ​ရှင် [[မူ​ဆိုလို​နီ]]၏ လက်မှတ်၊ ပန်း​ချီကျော် [[ပီ​ကာ​ဆို]]၏ လက်မှတ်၊ သိပ္ပံ​ပညာ​ရှင်​ကြီး [[အိုင်​စ​တိုင်း]]၏​လက်မှတ်၊ ဗြိတိသျှ ဝန်ကြီး​ချုပ် [[ဝင်​စ​တန်​ချာ​ချီ]]၏ လက်မှတ် စ​သည်​တို့​ကို ခဲ​ခဲယဉ်း​ယဉ်း​ရ​ယူ စုဆောင်း​ခဲ့​လေ​သည်။ ထို​ပုဂ္ဂိုလ်​များ ကွယ်​လွန်သွား​ပြီး​နောက် သူ​တို့​၏​ထိုး​မြဲ​လက်မှတ်​များ​သည် တန်ဖိုး​အဆ​မတန် ကြီးမား​လာ​ခဲ့​သည်။
 
ယခု​အခါ ကမ္ဘာပေါ်​တွင် ထင်ရှား​သော​ပုဂ္ဂိုလ်​များ ကိုယ်တိုင်​ရေးထား​သော အတွေး​အခေါ် စာ​တို​ပေ​စ​ကလေး​များ​နှင့် ထိုး​မြဲ​လက်မှတ်​ပါဝင်​သည့် စာ​ရွက်​စာ​တမ်း​များ​သည် အမှတ်တရ စုဆောင်း​လို​သူ​များ​အတွက် တန်ဖိုး​ကြီး⁠ကြီး​ပေး​၍ ဝယ်​ယူ​မှ​ရ​နိုင်​သော ပစ္စည်း​များ​ဖြစ်လာ​လေ​သည်။ အမေ​ရိ​ကန်​ပြည်ထောင်​စု​၏ ပထမ​ဆုံး သမ္မတ​ကြီး ဂျော့​ဝါ​ရှင်​တန်၊ သမ္မတ အီ​ဗာ​ရာ​ဟင်​လင်​ကွန်း၊ သမ္မတ သော​မတ်​ဂျက်​ဖာ​ဆန်၊ ရုပ်​ရှင်​သရုပ်ဆောင် ဂျိမ်း​ဒင်း၊ စာရေး​ဆရာ​ကြီး မတ်​တွိုင်း၊ ဂျာမန်​စစ်ဗိုလ်​ချုပ် အာ​ဝင်​ရွမ်း​မဲလ်၊ သမ္မတ ဂျွန်​အက်ဖ် က​နေ​ဒီ​တို့​၏ ထိုး​မြဲ​လက်မှတ်​ပါသော စာ​ရွက်​စာ​တမ်း​များ​ကို ယခု​အခါ တန်ဖိုး​များ⁠များ​ပေး​၍ ဝယ်​ယူ​နေ​ကြ​သည်။