ထိုးမြဲလက်မှတ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁၁ -
အိုင်​ယင်​ဖ​လင်း​မင်း​သည် ဆိုဗီယက်​ခေါင်းဆောင်​ကြီး [[စ​တာ​လင်]]၏ လက်မှတ်၊ အီ​တ​လီ​အာဏာ​ရှင် [[မူ​ဆိုလို​နီ]]၏ လက်မှတ်၊ ပန်း​ချီကျော် [[ပီ​ကာ​ဆို]]၏ လက်မှတ်၊ သိပ္ပံ​ပညာ​ရှင်​ကြီး [[အိုင်​စ​တိုင်း]]၏​လက်မှတ်၊ ဗြိတိသျှ ဝန်ကြီး​ချုပ် [[ဝင်​စ​တန်​ချာ​ချီ]]၏ လက်မှတ် စ​သည်​တို့​ကို ခဲ​ခဲယဉ်း​ယဉ်း​ရ​ယူ စုဆောင်း​ခဲ့​လေ​သည်။ ထို​ပုဂ္ဂိုလ်​များ ကွယ်​လွန်သွား​ပြီး​နောက် သူ​တို့​၏​ထိုး​မြဲ​လက်မှတ်​များ​သည် တန်ဖိုး​အဆ​မတန် ကြီးမား​လာ​ခဲ့​သည်။
 
ယခု​အခါ ကမ္ဘာပေါ်​တွင် ထင်ရှား​သော​ပုဂ္ဂိုလ်​များ ကိုယ်တိုင်​ရေးထား​သော အတွေး​အခေါ် စာ​တို​ပေ​စ​ကလေး​များ​နှင့် ထိုး​မြဲ​လက်မှတ်​ပါဝင်​သည့် စာ​ရွက်​စာ​တမ်း​များ​သည် အမှတ်တရ စုဆောင်း​လို​သူ​များ​အတွက် တန်ဖိုး​ကြီး⁠ကြီး​ပေး​၍ ဝယ်​ယူ​မှ​ရ​နိုင်​သော ပစ္စည်း​များ​ဖြစ်လာ​လေ​သည်။ အမေ​ရိ​ကန်​ပြည်ထောင်​စု​၏ ပထမ​ဆုံး သမ္မတ​ကြီး ဂျော့​ဝါ​ရှင်​တန်၊[[ဂျော့​ဝါ​ရှင်​တန်]]၊ သမ္မတ အီ​ဗာ​ရာ​ဟင်​လင်​ကွန်း၊[[အီ​ဗာ​ရာ​ဟင်​လင်​ကွန်း]]၊ သမ္မတ သော​မတ်​ဂျက်​ဖာ​ဆန်၊[[သော​မတ်​ဂျက်​ဖာ​ဆန်]]၊ ရုပ်​ရှင်​သရုပ်ဆောင် ဂျိမ်း​ဒင်း၊[[ဂျိမ်း​ဒင်း]]၊ စာရေး​ဆရာ​ကြီး မတ်​တွိုင်း၊[[မတ်​တွိုင်း]]၊ ဂျာမန်​စစ်ဗိုလ်​ချုပ် အာ​ဝင်​ရွမ်း​မဲလ်၊[[အာ​ဝင်​ရွမ်း​မဲလ်]]၊ သမ္မတ [[ဂျွန်​အက်ဖ် က​နေ​ဒီ​တို့​၏က​နေ​ဒီ]]တို့​၏ ထိုး​မြဲ​လက်မှတ်​ပါသော စာ​ရွက်​စာ​တမ်း​များ​ကို ယခု​အခါ တန်ဖိုး​များ⁠များ​ပေး​၍ ဝယ်​ယူ​နေ​ကြ​သည်။ ၁​၉⁠၉​၄-ခု​နှစ်၊ ဧပြီ​လ​အတွင်း​က သမ္မတ ဂျော့​ဝါ​ရှင်​တန်​၏ လက်မှတ်ထိုး​ထား​သော စာ​ရွက်​ဟူ​သ​မျှ​ကို အနည်း​ဆုံး ဒေါ်လာ ၆​၅​၀​၀ ပေး​၍ ဝယ်​ယူ​နေ​ကြ​သ​လို သမ္မတ​လင်​ကွန်း​၏ ထိုး​မြဲ​လက်မှတ်​တစ်​ခု​သည် ဒေါ်လာ ၄​၅​၀​၀ ပေါက်​စျေး​ရှိ​သည်။
 
==နာမည်ကြီး ဆိုးသွမ်း​သူ​တို့​၏ လက်မှတ်​များ==
သမိုင်း​ဝင် ထင်ရှား​သော ပုဂ္ဂိုလ်​များ​သာ​မဟုတ် နာမည်ကြီး ဆိုးသွမ်း​သူ​များ​၏ စာနှင့် သူ​တို့​၏​ထိုး​မြဲ​လက်မှတ်​များ​ကို​လည်း ယခု​အခါ စျေး​ကြီး⁠ကြီး​ပေး​၍ ဝယ်​ယူ​စုဆောင်း​နေ​ကြ​သည်။ သမ္မတ​လင်​ကွန်း​ကို လုပ်ကြံ​သော တရားခံ [[ဂျွန်​ဝီလ်​စီ​ဘုသ်]]၏ စာနှင့် လက်မှတ်​ကို ဒေါ်လာ ၂​၀⁠၀​၀ ဖြင့်​၎င်း၊ နာ​မည်ကျော် ဝရမ်းပြေး လူဆိုး​ကြီး[[ဂျက်​ဆီ​ဂျိမ်းစ်]]၏ လူ​သိ​များ​သော ၎င်း​လက်မှတ်ထိုး​ထား​သည့် စာ​နှစ်​စောင်​ကို ဒေါ်လာ ၅​၀⁠၀​၀ နှင့် ဒေါ်လာ ၁​၀⁠၀​၀​၀ အသီး​သီး​ပေး​၍ လေလံတင်​ယူခဲ့​ကြ​သည်။ <ref>သန်း​ဝင်း​လှိုင်​၏ စကားပြော​နေ​သော လက်ရေး​ကလေး​များ​နှင့် လက်မှတ်​ကို​ကြည့်​၍ လူကဲခတ်​ခြင်း စာအုပ်​မှ</ref>[[User:Mayor mt|Mayor mt]] ([[User talk:Mayor mt|talk]]) ၁​၇:၃​၄၊ ၂​၈ ဇွန် ၂​၀​၁​၄ (UTC)
 
<ref>သန်း​ဝင်း​လှိုင်​၏ စကားပြော​နေ​သော လက်ရေး​ကလေး​များ​နှင့် လက်မှတ်​ကို​ကြည့်​၍ လူကဲခတ်​ခြင်း စာအုပ်​မှ</ref>[[User:Mayor mt|Mayor mt]] ([[User talk:Mayor mt|talk]]) ၁​၇:၃​၄၊ ၂​၈ ဇွန် ၂​၀​၁​၄ (UTC)
==ကိုး​ကား==
<references/>