ထူးအိမ်သင်: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာကို ဗလာလုပ်လိုက်သည်
No edit summary
စာကြောင်း ၁ -
{{Infobox အဆိုတော်
| အခေါ်​အဝေါ် အသုံး​အနှုံး =
| အမည်(မြန်မာ​အက္ခရာ) = ထူး​အိမ်​သင်
| အမည်(အင်္ဂလိပ်​အက္ခရာ) = Htoo Ein Thin
| အမည်(အခြား​ဘာသာ​အက္ခရာ) =
| အမည်​ရင်း = ကျော်​မြင့်​လွင်
| အမည်​ကွဲ​၁ = သျှပ်၊ ဘဲ​ဥ ၊ငှက်ကြီး
| ဂုဏ်​ထူး​ဆောင်​အမည်​၁ =
| ကလောင်​အမည်​၁=
| ပုံ = Htooeinthin_cropped.jpg
| ဓါတ်​ပုံ​စာ​တမ်း =
| မွေး​ရက် = ၀​၁ ဇူလိုင် ၁​၉​၆​၃
| မွေး​နေ့ =
| မိဘ​များ(ရှိ/မ​ရှိ)- ရှိ​လျင် (ရှိ)ဟု​ရေး​၍ မ​ရှိ​လျင် ကွက်​လပ်​ချန်​ရန် = ရှိ
| ဖ​ခင်​အမည် = ဦး​ထွန်း​မြင့်
| မိ​ခင်​အမည် = ဒေါ်​မြ​ရီ
| မောင်​ရင်း​နှမ​၁ =
| တော်​ဆက်​ပုံ​၁=
| မွေး​ရပ်​ဇာတိ = ပုသိမ်မြို့
| လူ​မျိုး= မြန်မာ
| မြန်မာ​နိုင်ငံသား​ဖြစ်​က= ဟုတ်
| အခြား​နိုင်ငံသား​ဖြစ်​က =
| ဘာသာ =
| တက်​ရောက်​ခဲ့​သည့် ပညာ​ဘာသာ​ရပ်​၁ =
| ပညာ​စည်း​ပူး​ခဲ့​သည့် ကျောင်း​အမည်​၁ =
| အလုပ်အကိုင် = တေး​ရေး​ဆရာ၊ ကဗျာ​ဆရာ
| တည်ထောင်​ခဲ့​သည့် အဖွဲ့​အစည်း =
| နိုင်ငံ​ရေး ပါ​တီ =
| လူ​သိ​များ​ခြင်း= ကျော်​ကြား​သော အဆိုတော် တေး​ရေး​ဆရာ
| ကြင်ဖော်​၁= <!-- ကြင်ဖော် ၅ ယောက်​အထိ နံပါတ်​ပြောင်း​၍ တိုး​ခြဲ့​နိုင်​သည်-->
| သားသမီး​၁ =
| ကွယ်​လွန်​ရက် = ၁​၄ သြ​ဂုတ် ၂​၀⁠၀​၄
| ကွယ်​လွန်​ရာ​ဒေသ =
| သင်္ဂြိုလ်​ရာ​ဒေသ =
| ရ​ရှိ​ခဲ့​သော အထူး​ဆု​များ​၁ =
| ရ​ရှိ​ခဲ့​သော ခု​နှစ်​၁ =
| လက်မှတ် = Htooeinthin_signature.svg
| ဝဘ်​ဆိုတ် = http://www.htooeainthin.com
| ထွက်​ရှိ​ခဲ့​သည့် တေး​သီချင်း​အမည်​၁ = နာ​ရီပေါ်​က မျက်ရည်စက်​များ
| ထွက်​ရှိ​ခဲ့​သည့် ခု​နှစ်​၁ = ၁​၉​၈​၇
| ထွက်​ရှိ​ခဲ့​သည့် တေး​သီချင်း​အမည်​၂ = မှော်​ဆရာ​အိပ်မက်
| ထွက်​ရှိ​ခဲ့​သည့် ခု​နှစ်​၂ = ၁​၉​၈​၈
| ထွက်​ရှိ​ခဲ့​သည့် တေး​သီချင်း​အမည်​၃ = သက်​ငြိမ်
| ထွက်​ရှိ​ခဲ့​သည့် ခု​နှစ်​၃= ၁​၉​၈​၉
| ထွက်​ရှိ​ခဲ့​သည့် တေး​သီချင်း​အမည်​၄ = အတ္တ​ပုံဆောင်​ခဲ​များ
| ထွက်​ရှိ​ခဲ့​သည့် ခု​နှစ်​၄= ၁​၉⁠၉​၁
| ထွက်​ရှိ​ခဲ့​သည့် တေး​သီချင်း​အမည်​၅ = အကြင်​နာ​အိပ်မက်
| ထွက်​ရှိ​ခဲ့​သည့် ခု​နှစ်​၅= ၁​၉⁠၉​၁
<ref>http://www.htooeinthin.com/%E1%80%9E%E1%80%B0%E1%82%95%E1%80%9E%E1%80%AE%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%B8/</ref>
}}
'''ထူးအိမ်သင်'''သည် ကျော်​ကြား​သော အဆိုတော် တေး​ရေး​ဆရာ​တစ်​ယောက်​ဖြစ်​သည်။
 
== ကိုယ်​ရေး​ကိုယ်​တာ ==
အဘ​ဦး​ထွန်း​မြင့်​နှင့် အမိဒေါ်​မြ​ရင်​တို့​မှ ၁​၉​၆​၃​ခု​နှစ် ဇူလိုင်​လ(၁)ရက်​နေ့​တွင် [[ပုသိမ်မြို့]]၌​မွေး​ဖွား​ခဲ့​သည်။ အဖေ ဗမာ၊ အမေ မွန်​ဖြစ်​သည်။
အမည်​ရင်း​မှာ ကျော်​မြင့်​လွင်​ဖြစ်​ပြီး သျှပ်၊ ဘဲ​ဥ ၊ငှက်ကြီး​စ​သည်​ဖြင့် ချစ်​စ​နိုးခေါ်ဝေါ်​ကြ​သည်။ ထူး​အိမ်​သင်​၏​ဇနီး​မှာ မ​သွယ်⁠သွယ်​ထွေး​ဖြစ်​ပြီး သူ​၏​တစ်​ဦး​တည်း​သော သမီး​အမည်​မှာ​မိ​ကွန်​ထော ဖြစ်​သည်။
 
== ပညာ​ရေး ==
အ.မ.က (၂​၀) ပု​သိမ်​တွင် မူလ​တန်း​ပညာ​ကို သင်ကြား​ခဲ့​ပြီး အ.ထ.က(၃) ပု​သိမ်​မှ အထက်​တန်း​အောင်မြင်​ခဲ့​သည်။ ၁​၉​၇​၉-၈​၀ တွင် [[ဧရာဝတီတိုင်း]] ရှိ [[ပု​သိမ်​ဒေသ​ကော​လိပ်]] သို့​တက်​ရောက်​ခဲ့​သည်။ ၁​၉​၈​၁ ခု​နှစ်​တွင် မိသား​စု​နှင့်​အတူ [[မော်​လ​မြိုင်]]သို့ ပြောင်းရွှေ့​ခဲ့​ပြီး​နောက် [[မော်​လ​မြိုင်​တက္ကသိုလ်]] မှ [[ရုက္ခ​ဗေဒ]] အထူး​ပြု​ဖြင့် သိပ္ပံ​ဘွဲ့​ရ​ရှိ​ခဲ့​သည်။
 
== အနု​ပညာ​လှုပ်ရှား​မှု ==
မော်​လ​မြိုင်​မြို့​တွင် ဂီ​တ​ဆရာ ဦး​အောင်​စိုး (KC Francis) ထံ​မှ ဂီ​တ သင်္ကေတ​နှင့် ဂီ​တ​ပညာ သင်​ယူခဲ့​သည်။ ၁​၉​၈​၆ ခု​နှစ်​တွင် '''နာ​ရီပေါ်​မှ​မျက်ရည်စက်​များ''' စီး​ရီး​ဖြင့် ဂီ​တ​လောက​သို့ စတင်​ဝင်​ရောက်​ခဲ့​သည်။ ထူး​အိမ်​သင်​သည် ကိုယ်​ပိုင်​သံ​စဉ်​သီချင်း​အများ​စု​ကို ရေးသား​သီကုံး​ခဲ့​ပြီး ဂီ​တ​ပညာ​ရှင်​တစ်​ဦး ဖြစ်​ရန် ကြိုးပမ်း​အားထုတ်​ခဲ့​သည်။ ထူး​အိမ်​သင်​၏ အခြား​တစ်​ကိုယ်တော် တေး​စီး​ရီး​များ​မှာ မှော်​ဆရာ​အိမ်မက်၊ သက်​ငြိမ်၊ အတ္တ​ပုံဆောင်​ခဲ​များ ၊ အရင်​အတိုင်း၊ စကားလုံး​မ​ရှိ​တဲ့​ကောင်းကင်၊ မြို့ပြ​လ​ရောင်​တမ်း​ချင်း၊ ဝန်​ရိုး​စွန်း​မီး ၊ အမေ (သို့မဟုတ်) မေတ္တာတော်​ဘွဲ့၊ အစိမ်း​ရောင်​ရက်စွဲ​များ၊ တစ်​နေ့​စာ​အလွဲ​များ၊ ချစ်​ခြင်း​အား​ဖြင့် စ​သည်​တို့​ဖြစ်​သည်။ ထူး​အိမ်​သင်​သည် ကဗျာ​များ​ကို​လည်း ရေးသား​ခဲ့​သည် ။
 
၁​၉⁠၉​၁​ခု​နှစ်​တွင်​ထွက်​ရှိ​ခဲ့​သည့် ရာဇဝင်​များ​ရဲ့ သတို့သမီး​အခွေ​ကြောင့် ပရိတ်​သက်​များ​မျက်​ခုံး​လှုတ်​ခဲ့​ရ​သည်၊ သီချင်း​သည် မြန်​မာနို်င်​ငံ​၏ အဓိက ရေစီး​ကြောင်း​ဖြစ်​သည့် ဧရာဝတီ​မြစ်​ကို ဖော်​ကျူး​ထားသော်​လည်း ၊ ဒီ​မို​က​ရေ​စီ​ခေါင်းဆောင် [[ဒေါ်​အောင်​ဆန်း​စု​ကြည်]]ကို ရည်စူး​၍ ရေးသား​ထား​သည်​ဟု အများ​က ထင်​ကြ​သည်။ ထို့​ကြောင့် သူ​၏ ဖျော်ဖြေ​တင်​ဆက်​ရေး​ပွဲ​များ​ကို စစ်​အစိုးရ​မှ ပိတ်​ပင်​ခဲ့​သည်။
== နိုင်ငံ​ရေး​လှုပ်ရှား​မှု ==
၁​၉​၈​၈ အရေး​အခင်း​အပြီး​တွင် [[ကျောင်းသား​တပ်​မတော်|မြန်မာ​နိုင်ငံ​လုံး​ဆိုင်​ရာ​ကျောင်းသား​များ​ဒီ​မို​က​ရက်​တစ်​တပ်ဦး(ABSDF)]] ၌ ပြန်ကြား​ရေး​တာဝန်​ခံ​အဖြစ် အဆိုတော် [[မွန်း​အောင်‌]] နှင့် အတူ ခေတ္တ​မျှ တာဝန်​ထမ်း​ဆောင်ခဲ့​သည်။ "အရေးကြီး​ပြီ" ဆို​သော​တိုက်​ပွဲဝင်​သီချင်း​ကို ထို​စဉ်​က​ရေးစပ်​ခဲ့​ခြင်း​ဖြစ်​သည်။ ထို့နောက် မြို့ပေါ်​သို့​ပြန်လာ​ပြီး အနု​ပညာ​လုပ်​ငန်း​များ​ကို ဆက်လက်​လုပ်ဆောင်​ခဲ့​သည်။
 
== ဘဝ​နိဂုံး ==
နောက်ဆုံး သီချင်း​ခွေ​အတွက် Oasis တေး​သံ​သွင်း​တွင် အသံ​သွင်း​မှု​များ ပြုလုပ်​ခဲ့​ကာ ၁​၄-၈-၂​၀⁠၀​၄ နံနက် ၁​၁:၄​၀ အသက်‌၄​၂​နှစ်​အရွယ်​တွင် ကွယ်​လွန်​ခဲ့​သည်။ သူ​ချစ်​တဲ့ ပရိသတ်​တွေ​က သူ့​ကို​အမှတ်တရ​အဖြစ် ဝက်​ဆိုဒ်​လေး​တစ်​ခု တည်ဆောက်​ပေး​ထား​ကြ​ပါ​တယ်။
<ref>[http://www.htooeainthin.com www.htooeainthin.com]</ref>
==တေး​သီချင်း​ခွေ​များ==
{| class="wikitable sortable"
! စဉ် !! တေး​အမည် !! ထုတ်​ဝေ​နှစ် !!စ​တီ​ဒီ​ယို !! တီး​ဝိုင်း!!တေး​သံ​သွင်း
|-
| ၁|| နာ​ရီပေါ်​က မျက်ရည်စက်​များ||၁​၉​၈​၇||Oasis||The Aces||ဂန္ဓမာ​တေး​သံ​သွင်း
|-
| ၂|| မှော်​ဆရာ​အိပ်မက်||၁​၉​၈​၈ (Feb)||Oasis||The Aces||ပန်းနု​လ​၀န်း​တေး​သံ​သွင်း
|-
| ၃|| သက်​ငြိမ်||၁​၉​၈​၉ (Oct)||Oasis||The Aces||Country Boy Recording
|-
| ၄|| အတ္တ​ပုံဆောင်​ခဲ​များ||၁​၉⁠၉​၁ (Jan)||Oasis||Emperor||စံပယ်​ဦး​တေး​သံ​သွင်း
|-
| ၅|| အကြင်​နာ​အိပ်မက်||၁​၉⁠၉​၁ (Jun)||Oasis, May||T Four, Emperor, Success||ယင်း​မာ​တေး​သံ​သွင်း
|-
| ၆|| အရင်​အတိုင်း||၁​၉⁠၉​၁ (Dec)||Oasis||Emperor||ဂျူ​ပီ​တာ​တေး​သံ​သွင်း, Ko Ye Music Production
|-
| ၇|| စကားလုံး​မ​ရှိ​တဲ့ ကောင်းကင်||၁​၉⁠၉​၅ (Feb)||Oasis||Emperor||နှင်းဆီ​လှိုင်း​တေး​ထုတ်​လုပ်​ရေး
|-
| ၈|| ထူး​အိမ်​သင် (Unplugged Live) (23-2-1995 One man show at Aung San Stadium)||၁​၉⁠၉​၆ (Dec)||May||Iron Cross||Sein Min Music Production
|-
|၉|| မြို့ပြ​လ​ရောင်​တမ်း​ချင်း||၁​၉⁠၉​၆ (Oct)||Oasis||Session Players||Mercury Recording
|-
|၁​၀|| ဝင်ရိုး​စွန်း​မီး||၁​၉⁠၉​၇ (Feb)||LYNN||Session Players||NASA Recording
|-
| ၁​၁|| အမေ (သို့) အကြွင်းမဲ့ မေတ္တာတော်​သီချင်း||၁​၉⁠၉​၇ (May)||LYNN||Iron Cross||IC Music Production
|-
| ၁​၂|| အမှတ်တရ ဒဏ်ရာ​သီချင်း​များ||၁​၉⁠၉​၉ (Jun)||Oasis||Emperor||Heart Music Production
|-
| ၁​၃|| အစိမ်း​ရောင် ရက်စွဲ​များ||၂​၀⁠၀​၁ (Nov)||Oasis||Iron Cross||စံပယ်​ဦး​တေး​သံ​သွင်း
|-
|၁​၄|| တစ်​နေ့​စာ​အလွဲ​များ||၂​၀⁠၀​၃ (Oct)||Oasis||Emperor||မန်း​သီ​ရိ​တေး​သံ​သွင်း
|-
| ၁​၅|| ချစ်​ခြင်း​အား​ဖြင့်||၂​၀⁠၀​၅ (Aug)||Oasis, PTL, Nawarat||Iron Cross, The Trees, Session Players||
|}
<gallery>File:Htooeainthin.jpg File:Htooeinthin.jpg</gallery>
==ကိုးကား==
<references/>
 
[[Category:မြန်မာ အဆိုတော်​များ]]
[[Category:မြန်မာ တေး​ရေး​ဆရာ​များ]]