ထူးအိမ်သင်: တည်းဖြတ်မှု မူကွဲများ

No edit summary
Undo revision 212312 by Mayor mt (talk)
စာကြောင်း ၆၁ -
မော်​လ​မြိုင်​မြို့​တွင် ဂီ​တ​ဆရာ ဦး​အောင်​စိုး (KC Francis) ထံ​မှ ဂီ​တ သင်္ကေတ​နှင့် ဂီ​တ​ပညာ သင်​ယူခဲ့​သည်။ ၁​၉​၈​၆ ခု​နှစ်​တွင် '''နာ​ရီပေါ်​မှ​မျက်ရည်စက်​များ''' စီး​ရီး​ဖြင့် ဂီ​တ​လောက​သို့ စတင်​ဝင်​ရောက်​ခဲ့​သည်။ ထူး​အိမ်​သင်​သည် ကိုယ်​ပိုင်​သံ​စဉ်​သီချင်း​အများ​စု​ကို ရေးသား​သီကုံး​ခဲ့​ပြီး ဂီ​တ​ပညာ​ရှင်​တစ်​ဦး ဖြစ်​ရန် ကြိုးပမ်း​အားထုတ်​ခဲ့​သည်။ ထူး​အိမ်​သင်​၏ အခြား​တစ်​ကိုယ်တော် တေး​စီး​ရီး​များ​မှာ မှော်​ဆရာ​အိမ်မက်၊ သက်​ငြိမ်၊ အတ္တ​ပုံဆောင်​ခဲ​များ ၊ အရင်​အတိုင်း၊ စကားလုံး​မ​ရှိ​တဲ့​ကောင်းကင်၊ မြို့ပြ​လ​ရောင်​တမ်း​ချင်း၊ ဝန်​ရိုး​စွန်း​မီး ၊ အမေ (သို့မဟုတ်) မေတ္တာတော်​ဘွဲ့၊ အစိမ်း​ရောင်​ရက်စွဲ​များ၊ တစ်​နေ့​စာ​အလွဲ​များ၊ ချစ်​ခြင်း​အား​ဖြင့် စ​သည်​တို့​ဖြစ်​သည်။ ထူး​အိမ်​သင်​သည် ကဗျာ​များ​ကို​လည်း ရေးသား​ခဲ့​သည် ။
 
၁​၉⁠၉​၁​ခု​နှစ်​တွင်​ထွက်​ရှိ​ခဲ့​သည့် ရာဇဝင်​များ​ရဲ့ သတို့သမီး​အခွေ​ကြောင့် ပရိတ်​သက်​များ​မျက်​ခုံး​လှုတ်​ခဲ့​ရ​သည်၊ သီချင်း​သည် မြန်​မာနို်င်​ငံ​၏ အဓိက ရေစီး​ကြောင်း​ဖြစ်​သည့် ဧရာဝတီ​မြစ်​ကို ဖော်​ကျူး​ထားသော်​လည်း ၊ ဒီ​မို​က​ရေ​စီ​ခေါင်းဆောင် [[ဒေါ်​အောင်​ဆန်း​စု​ကြည်]]ကို ရည်စူး​၍ ရေးသား​ထား​သည်​ဟု အများ​က ထင်​ကြ​သည်။ ထို့​ကြောင့် သူ​၏ ဖျော်ဖြေ​တင်​ဆက်​ရေး​ပွဲ​များ​ကို စစ်​အစိုးရ​မှ ပိတ်​ပင်​ခဲ့​သည်။<ref name="irrawaddy2"/>
== နိုင်ငံ​ရေး​လှုပ်ရှား​မှု ==
၁​၉​၈​၈ အရေး​အခင်း​အပြီး​တွင် [[ကျောင်းသား​တပ်​မတော်|မြန်မာ​နိုင်ငံ​လုံး​ဆိုင်​ရာ​ကျောင်းသား​များ​ဒီ​မို​က​ရက်​တစ်​တပ်ဦး(ABSDF)]] ၌ ပြန်ကြား​ရေး​တာဝန်​ခံ​အဖြစ် အဆိုတော် [[မွန်း​အောင်‌]] နှင့် အတူ ခေတ္တ​မျှ တာဝန်​ထမ်း​ဆောင်ခဲ့​သည်။ "အရေးကြီး​ပြီ" ဆို​သော​တိုက်​ပွဲဝင်​သီချင်း​ကို ထို​စဉ်​က​ရေးစပ်​ခဲ့​ခြင်း​ဖြစ်​သည်။ ထို့နောက် မြို့ပေါ်​သို့​ပြန်လာ​ပြီး အနု​ပညာ​လုပ်​ငန်း​များ​ကို ဆက်လက်​လုပ်ဆောင်​ခဲ့​သည်။