နှပ်ခြင်း: တည်းဖြတ်မှု မူကွဲများ

"== နှပ်ခြင်း (Braising)..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၆:၁၃၊ ၅ ဇူလိုင် ၂၀၁၄ ရက်နေ့က မူ

နှပ်ခြင်း (Braising)

နှပ်ခြင်းဆိုသည်မှာ ကြော်ချက်ခြင်း၊ ပြုတ်ချက်ခြင်းနှင့် ပေါင်းခြင်းတို့ကိုရိုးရိုးပေါင်းစပ်ထားသည့် သဘောဖြစ်သည်။ အသားတမျိုးမျိုးကို နှပ်မည်ဆိုလျှင် ပထမအမွှေးအကြိုင်တစ်ခုခုဖြင့် စိမ်ထားပြီး ဒုတိယဆီထည့်ကာ နောက်ဆုံးတွင် ဆီအညိုရောင်ရလာပါက အရည်နှင့် အမွှေးရနံ့များမပျက်အောင် ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်၍ ဖြည်းညင်းစွာ ချက်ပြုတ်ခြင်းမျိုးဖြစ်သည်။ မြန်မာတို့က အသားငါးများကို အတုံးကြီးကြီးလှီးဖြတ် နှပ်ထားသောသင်းကိုနှစ်သက်ကြသည်။ ထို့အပြင် ခရမ်းသီးကိုလည်း နှပ်ချက်ချက်လေ့ရှိတတ်ကြသည်။ ထမင်း၊ ဟင်း စသည်များကိုလည်း ချက်ပြီးနောက် မီးခဲကိုအသုံးပြုကာ အငွေ့ဖြင့် ဖြည်းညင်းစွာထား ၍ကျက်နပ်စေခြင်းကိုလည်း နှပ်သည် ဟု မြန်မာ့ချက်ပြုတ်နည်းတွင်ခေါ်တွင်သည်။ ငါးသလောက်ပေါင်း ဆိုသည်မှာလည်း ရေများများဖြင့်ပြုတ်ပြီး ရေခန်းဆီပြန် အရိုးနူးအောင်နှပ်ခြင်းဖြစ်သည်။

[၁]

  1. မြန်မာ​နိုင်ငံ​မိ​ခင်​နှင့်​ကလေး​စောင့်ရှောက်​ရေး​အသင်း​ချက်​ပြုတ်​အတတ်​ပညာ . စန်း​လေး(အိမ်​တွင်း​မှု)