နာဂစ်မုန်တိုင်း: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၆၇ -
As of June 26, 2008, United States assistance has totaled $41,169,769 and continues to be directed by the USAID DART stationed in Thailand. <ref>[http://www.usaid.gov/locations/asia/countries/burma/cyclone_nargis/ USAID Burma: Cyclone Nargis<!-- Bot generated title -->]</ref>
 
==ပုဂ္ဂလိက အကူအညီများ==
====တစ်ခြားကူညီရေးလုပ်ငန်း====
 
နာဂစ်မုန်တိုင်းဒဏ်ခံရပြီးနောက် မြန်မာနိုင်ငံသားတို့၏ စေတနာအရင်းခံသည် ရှင်းလင်းစွာ ပေါ်ထွက်လာခဲ့သည်။ မည်သူတစ်ဦးတစ်ယောက်၏ ခိုင်းစေချက် ညွှန်ကြားချက်မျှမပါဘဲ လူမျိုးစုံ၊ ဘာသာစုံ အတန်းအလွှာ အစုံတို့မှ ပုဂ္ဂလိက အလှူရှင်များစွာပေါ်ထွက်လာခဲ့သည်။ တစ်ဦးချင်းသော်လည်းကောင်း အစုအဖွဲ့လိုက်သော်လည်းကောင်း မျှော်လင့်မထားသော တန်ဖိုးပမာဏများ ပေါ်ထွက်လာသည်။ လုပ်အား၊ ငွေအား ဖြင့် ဘက်ပေါင်းစုံမှ ကူညီထောက်ပံ့ကြသည်။ သံဃာတော်များ၏ စွမ်းဆောင်မှုအခန်းကဏ္ဍသည် ပုဂ္ဂလိက လှူဒါန်းကူညီမှုတွင် ထိပ်ဆုံးအဆင့်ရှိသည်။ ယနေ့ထက်တိုင် လှူဒါန်းဆဲ ကူညီဆဲဖြစ်သည်။
 
နိုင်ငံတကhttp://wikimyanmar.co.cc/wiki/skins/common/images/button_bold.pngာ၏အကူအညီမှာလည်း ပုဂ္ဂလိကအဆင့်၊ နိုင်ငံအဆင့် အဖွဲ့အစည်းများ အဆင့် အလွှာအသီးသီးမှ ဝင်ရောက်ခဲ့၊ ဝင်ရောက်ဆဲ ဖြစ်သည်။ လောဘသားအချို့က သဘာဝဘေးဒဏ်ကိုအကြောင်းပြု၍ ကုန်ဈေးနှုန်းကို မြှင့်တင်ရန် ကြိုးစားသော်လည်း နေလာနှင်းပျောက်သကဲ့သို့ လူသားတို့၏ စေတနာတရားအောက်တွင် မှေးမှိန်သွားခဲ့ရသည်သာဖြစ်သည်။ ဈေးကွက်တွင် ကာလရှည်အကြီးအကျယ်ပြောင်းလဲမှု ထင်သလောက် မရှိပါ။ အလှူရှင်များမှာ ဖြစ်ပေါ်လာခဲ့သော မသမာမှုအချို့ကြောင့်လည်းကောင်း၊ သဟတိက ဒါနမြောက်စေရန်လည်းကောင်း၊ ဒုက္ခသည်များထံ လက်ရောက်လှူဒါန်းလိုမှုရှိကြသည်။ အစုလိုက်အဖွဲ့လိုက် အားလပ်ရက်များတွင် မုန်တိုင်းဒဏ်သင့် ဧရိယာအတွင်းဝင်ရောက် ဝေငှကြသည်။ ဤတွင် အစိုးရ၏ တားဆီးစစ်ဆေးခံရမှုများနှင့် ကြုံတွေ့ကြရသည်လည်း ရှိသည်။ အလှူရှင်များဘက်မှ ခံစားချက်မှာ အကြောင်းမဲ့ တားဆီးသည်၊ စေတနာနှင့်လှူသည့်အလှူကို တားဆီးသည်၊ ပြည်သူ့ဒုက္ခထက် နိုင်ငံရေးကိုဦးစားပေးသည် ဟူ၏။ အစိုးရ၏ အကြောင်းပြချက်မှာ လမ်းများပေါ်တွင် ပစ္စည်းများကို ဖြန့်ကြဲချမှုကြောင့် လူစုလူဝေးဖြင့် လုယက်ကောက်ယူကြသဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်ရခြင်း၊ ထိုသို့ ဖြစ်ရသဖြင့် နိုင်ငံတကာတွင် သိက္ခာကျသည်ဟု ဆိုသည်။ သို့သော် အောက်ခြေစခန်းများ၊ ကျေးရွာများတွင် မသမာမှုများကလည်း အမှန်တကယ်ရှိနေခဲ့သည်။ သို့ဖြစ်ရာ ပုဂ္ဂလိက အလှူရှင်များသည် အစိုးရ သက်ဆိုင်ရာများနှင့် အဆင်မပြေ ဖြစ်ကြရတော့သည်။
 
မည်သို့ပင်ဖြစ်စေ၊ ပြည်တွင်းပုဂ္ဂလိက လှူဒါန်းမှုသည်ပင်လျှင် အစိုးရ လက်တံမဖြန့်နိုင်သော ဒေသများအတွက် အထူးတလည် အဆင်ပြေချောမွေ့စေသည်ကိုတွေ့ရသည်။ ပြည်ပအလှူများမှာ ပစ္စည်းများ၊ ပြန်လည်ထူထောင်ရေး အိမ်ယာ၊ပညာရေးအတွက်စာသင်ကျောင်း စသည့် ကမ်းလှမ်းချက်များဖြစ်ပြီး ကုလသမဂ္ဂ၊ အာဆီယံ၊ မြန်မာအစိုးရ တို့ပါဝင်သည့်[[သုံးပွင့်ဆိုင်ဗဟို (TCG)]] <ref>[http://news.xinhuanet.com/english/2008-06/03/content_8305944.htm Xin Hua News 2008-06-03]</ref> ကို အစိုးရမှ ဖွဲ့စည်းကာ အလှူရှင်နိုင်ငံတကာနှင့်ဆက်သွယ် အကောင်အထည်ဖော်လျက်ရှိသည်။ ပုဂ္ဂလိက ကုမ္ပဏီများ၏ အခန်းကဏ္ဍမှာလည်း လွန်စွာအရေးပါလှသည်။ ကျေးရွာအလိုက် တာဝန်ယူပြန်လည်တည်ဆောက်ပေးခြင်း၊ လမ်းများ ကူညီဖောက်လုပ်ပေးခြင်း အစရှိသဖြင့် တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီခဲ့ကြသည်ကိုတွေ့ရှိရသည်။ လယ်ယာများပြန်လည်ထူထောင်ရေး၊ မျိုးစပါးရရှိရေးအတွက် မုန်တိုင်းဒဏ်ကင်းလွတ်သော အခြားဒေသများမှ လယ်သမားများထံမှ မျိုးစပါးကောက်ခံရရှိခဲ့သည်။ လက်တွန်းထွန်စက်၊ ငါးဖမ်းလှေ အစရှိသည့် ပစ္စည်းများလည်း အကူအညီရရှိခဲ့သည့်အတွက် မူလ ခန့်မှန်းထားသလို လယ်ယာလုပ်ငန်း ရာနှုန်းပြည့် ရပ်တန့်မသွားပဲ ပြန်လည် စိုက်ပျိုးနိုင်သဖြင့် လာမည့်နှစ်တွင် ဆန်စပါးထွက်ရှိမှု အတန်အသင့် ပြန်လည်ရရှိမည်ဖြစ်သည်ဟု အစိုးရဘက်က မျှော်လင့်ထားသည်။
On 15 May, the United Nations [OCHA] launched the Myanmar HIC website (http://myanmar.humanitarianinfo.org). The purpose the site is to improve information exchange and collaboration between operational agencies responding to Cyclone Nargis. Based in Bangkok, the HIC is providing support to the Humanitarian Partnership Team and other humanitarian partners in Yangon, as well as those based in Bangkok.