ဘီလူးပန်းဆွဲ: တည်းဖြတ်မှု မူကွဲများ

"==ဘီလူးပန်းဆွဲ==..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာကြောင်း ၁ -
==ဘီလူး​ပန်းဆွဲ==
==ဘီလူးပန်းဆွဲ==
ဘီလူး​ပန်းဆွဲ​ဟူ​သည်မှာ အစွယ်​ငေါ⁠ငေါ​ပြူ​ထွက်​နေ​သော ဘီလူး​ပါး​စပ်​အတွင်း​မှ ပုလဲပုတီး​ကုံး​များ တွဲရရွဲ​ကျနေ​သကဲ့သို့ ခြူးပန်း​ခြူး​နွယ်​များ စီရရီ​ကျနေ​ပုံ ပြုလုပ်​ထွင်း​ထု​ရေး​ခြယ်​ထား​သော အပြောက်​အမွှမ်း အဆင်​အယင် ဖြစ်​သည်။ မြေ​စိုက်​စေတီ​များ​တွင် ခေါင်းလောင်း​နား​နှင့် ရင်ဖွဲ့​စည်း​အကြား​တွင်​လည်းကောင်း၊ ကုလား​ကျောက်​ခံ​စေတီ​များ​တွင် အတွင်း​နံရံ၊ အပြင်​နံရံ​အထက်​ပိုင်း​ရှိ နဖူးစည်း​ပတ်လည်​တွင်​လည်းကောင်း ဘီလူး​ပန်းဆွဲ​ဖြင့် တန်ဆာ​ဆင်​ထား​သည်​ကို တွေ့​မြင်​နိုင်​သည်။ စေ​တီတော်​၏ အဆင်တန်​ဆာ​အပြောက်​အမွှမ်း​တွင်​သာ​မက အာနန္ဒာ​စေ​တီတော်​တွင်​ရှိ​သော မယ်တော်​မာယာ​နှင့် ညီ​မတော် ဂေါ​တ​မီ​တို့​၏ ခါး​ဝတ်​တန်ဆာ​တွင်​လည်း ဘီလူး​ပန်းဆွဲ​ဖြင့် အလှ​ဆင်​ထား​သည်​ကို တွေ့​ရ​သည်။
ဘီလူးပန်းဆွဲဟူသည်မှာ အစွယ်ငေါငေါပြူထွက်နေသော ဘီလူးပါးစပ်အတွင်းမှ ပုလဲပု​တီးကုံးများ တွဲရရွဲကျနေသကဲ့သို့ ခြူးပန်းခြူးနွယ်များ စီရရီကျနေပုံ ပြုလုပ်ထွင်းထုရေးခြယ်ထားသော အပြောက်အမွှမ်း အဆင်အယင် ဖြစ်သည်။ မြေစိုက်စေတီများတွင် ခေါင်းလောင်းနားနှင့် ရင်ဖွဲ့စည်းအကြားတွင်လည်းကောင်း၊ ကုလားကျောက်ခံစေတီများတွင် အတွင်းနံရံ၊ အပြင်နံရံအထက်ပိုင်းရှိ နဖူးစည်းပတ်လည်တွင်လည်းကောင်း ဘီလူးပန်းဆွဲဖြင့် တန်ဆာဆင်ထားသည်ကို တွေ့မြင်နိုင်သည်။ စေတီတော်၏ အဆင်တန်ဆာအပြောက်အမွှမ်းတွင်သာမက အာနန္ဒာစေတီတော်တွင်ရှိသော မယ်တော်မာယာနှင့် ညီမတော် ဂေါတမီတို့၏ ခါးဝတ်တန်ဆာတွင်လည်း ဘီလူးပန်းဆွဲဖြင့် အလှဆင်ထားသည်ကို တွေ့ရသည်။
 
ဘီလူး​ပန်းဆွဲ​ကို အင်္ဂတေ​ဖြင့် ဖောင်းကြွ​ဖြစ်​အောင် ပြုလုပ်​လေ့​ရှိ​ပြီး အချို့​သော​ဘီလူး​ပန်းဆွဲ​များ​ကို​မူ ကျောက်​သား​ပကတိ​ဖြင့် လက်ရာ​မြောက်​စွာ​ထွင်း​ထု​ထား​သည်။ ပုဂံ ကျောက်​ဂူ​ဥ​မင်​တွင် ကျောက်​ဖြင့်​ပြုလုပ်​ထား​သော ဘီလူး​ပန်းဆွဲ​များ​ကို လေ့​လာ​နိုင်​သည်။
ဘီလူးပန်းဆွဲကို အင်္ဂတေဖြင့် ဖောင်းကြွဖြစ်အောင် ပြုလုပ်လေ့ရှိပြီး အချို့သောဘီလူးပန်းဆွဲများကိုမူ ကျောက်သားပကတိဖြင့် လက်ရာမြောက်စွာထွင်းထုထားသည်။ ပုဂံ ကျောက်ဂူဥမင်တွင် ကျောက်ဖြင့်ပြုလုပ်ထားသော ဘီလူးပန်းဆွဲများကို လေ့လာနိုင်သည်။
 
==မူလ​အစ==
==မူလအစ==
ဘီလူး​ပန်းဆွဲ​၏ စတင်​မြင်​ဖျား​ခံ​ရာ​သည် အိန္ဒု​မြစ်​ဝှမ်း​ဒေသ​မှ​ဖြစ်​ပြီး မြန်မာ​နိုင်ငံ​အပါအဝင် အရှေ့တောင်​အာ​ရှ​သို့ ဗြာဟ္မ​ဏ​ဘာသာ​နှင့်​အတူ ဘီလူး​ပန်းဆွဲ​ရောက်​ခဲ့​ရာ မြန်မာ​နည်းတူ ခမာ​ယဉ်ကျေး​မှု​ထွန်းကား​ရာ​ဒေသ​များ​တွင် ဘီလူး​ပန်းဆွဲ​ကို တွေ့​နိုင်​သည်။
ဘီလူးပန်းဆွဲ၏ စတင်မြင်ဖျားခံရာသည် အိန္ဒုမြစ်ဝှမ်းဒေသမှဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှသို့ ဗြာဟ္မဏဘာသာနှင့်အတူ ဘီလူးပန်းဆွဲရောက်ခဲ့ရာ မြန်မာနည်းတူ ခမာယဉ်ကျေးမှုထွန်းကားရာဒေသများတွင် ဘီလူးပန်းဆွဲကို တွေ့နိုင်သည်။
 
==ကိတ္တိ​မု​ခ==
==ကိတ္တိမုခ==
ဘီလူး​ပန်းဆွဲ​ကို ကိတ္တိ​မု​ခ​ဟု ခေါ်​သည်။ ကိတ္တိ- ကျော်စော​သော၊ မု​ခ- မျက်နှာ သို့မဟုတ် နှုတ်​ခန်း​ဟု အဓိပ္ပါယ်​ရ​သည်။ ဗြာဟ္မ​ဏ​ပူ​ရာဏ်​ကျမ်း​တို့​တွင်​လာ​သော ကိတ္တိ​မု​ခ​၏ အဓိပ္ပာယ်​မှာ အောက်​ပါ​အတိုင်း​ဖြစ်​သည်။
ဘီလူးပန်းဆွဲကို ကိတ္တိမုခဟု ခေါ်သည်။ ကိတ္တိ- ကျော်စောသော၊ မုခ- မျက်နှာ သို့မဟုတ် နှုတ်ခန်းဟု အဓိပ္ပါယ်ရသည်။ ဗြာဟ္မဏပူရာဏ်ကျမ်းတို့တွင်လာသော ကိတ္တိမုခ၏ အဓိပ္ပာယ်မှာ အောက်ပါအတိုင်းဖြစ်သည်။
 
===ဗိ​ဿ​နိုး​နှင့် ရာဟု​အသူရာ​ဇာတ်​လမ်း===
===ဗိဿနိုးနှင့် ရာဟုအသူရာဇာတ်လမ်း===
နတ်​ဒေ​ဝ​တာ​တို့​သည် မ​အို၊ မ​နာ၊ မ​သေ အမြဲ​တည်​နေ​ပြီး နုပျို​ကျန်းမာ​စေ​သည့် အမ​တ အမြိုက်​ရေ​ကို ရ​ရှိ​ရန်​ကြိုးစား​ကြ​သော​လည်း မိမိ​တို့​ချည်း မ​စွမ်းနိုင်​သ​ဖြင့် အသူရာ​တို့​၏ အကူအညီ​ကို တောင်းခံ​ခဲ့​ရ​သည်။
နတ်ဒေဝတာတို့သည် မအို၊ မနာ၊ မသေ အမြဲတည်နေပြီး နုပျိုကျန်းမာစေသည့် အမတ အမြိုက်ရေကို ရရှိရန်ကြိုးစားကြသောလည်း မိမိတို့ချည်း မစွမ်းနိုင်သဖြင့် အသူရာတို့၏ အကူအညီကို တောင်းခံခဲ့ရသည်။
 
ထို​အမ​တ​အမြိုက်​ရေ​ကို ရ​ရှိ​ရန်​အတွက် အပြော​ကျယ်​သည့် ပင်လယ်​သမုဒ္ဒရာ​ကြီး​ကို မွှေ​နောက်​နိုင်​ရ​မည်​ဖြစ်​သည်။ နတ်​ဒေ​ဝ​တာ​နှင့် အသူရာ​တို့ ပူးပေါင်း​ကြိုးစား​ပြီး ရ​ရှိ​လာ​သော အမြိုက်​ရေ​ကို ညီမျှ​စွာ ခွဲဝေ​ရန် ကတိထား​ခဲ့သော်​လဲ အသူရာ​တို့​က အကောက်ကြံ​ကာ အမြိုက်​ရေ​အကုန်​လုံး​ကို အပိုင်​စီး​သွား​သည်။ ထိုသို့ အဝေ​မ​တည့်​ဖြစ်​နေရာ ဗိ​ဿ​နိုး​နတ်​မင်းကြီး​ကို အမြိုက်​ရေ​ခွဲဝေ​ပေး​ရန် အကူအညီ​တောင်း​ကြ​သည်။ ဗိ​ဿ​နိုး​နတ်​မင်း​သည် အမြိုက်​ရေ​ကို အသူရာ​တို့​အား​မ​ပေး​ပဲ နတ်​တို့​အား လွှဲ​ပေးလိုက်​သည်။ ထို​အခါ ရာဟု မည်​သော အသူရာ​သည် နတ်​ယောင်​ဖန်ဆင်း​လျှက် အမြိုက်​ရေ​ကို ဝေစု​အဖြစ် လက်ခံ​သုံးဆောင်​လေ​သည်။
ထိုအမတအမြိုက်ရေကို ရရှိရန်အတွက် အပြောကျယ်သည့် ပင်လယ်သမုဒ္ဒရာကြီးကို မွှေနောက်နိုင်ရမည်ဖြစ်သည်။ နတ်ဒေဝတာနှင့် အသူရာတို့ ပူးပေါင်းကြိုးစားပြီး ရရှိလာသော အမြိုက်ရေကို ညီမျှစွာ ခွဲဝေရန် ကတိထားခဲ့သော်လဲ အသူရာတို့က အကောက်ကြံကာ အမြိုက်ရေအကုန်လုံးကို အပိုင်စီးသွားသည်။ ထိုသို့ အဝေမတည့်ဖြစ်နေရာ ဗိဿနိုးနတ်မင်းကြီးကို အမြိုက်​ရေခွဲဝေပေးရန် အကူအညီတောင်းကြသည်။ ဗိဿနိုးနတ်မင်းသည် အမြိုက်ရေကို အသူရာတို့အားမပေးပဲ နတ်တို့အား လွှဲပေးလိုက်သည်။ ထိုအခါ ရာဟု မည်သော အသူရာသည် နတ်ယောင်ဖန်ဆင်းလျှက် အမြိုက်ရေကို ဝေစုအဖြစ် လက်ခံသုံးဆောင်လေသည်။
 
ဤ​သည်​ကို နေ​နတ်​သား​နှင့် လ​နတ်​သား​တို့​က ရာဟု​အသူရာ​၏ လှည့်​ဖျား​မှု​ကို ရိပ်မိ​ပြီး ဗိ​ဿ​နိုး​နတ်​မင်းကြီး​ကို တိုင်တန်း​လျှောက်ထား​ကြ​သည်။ ထို​အခါ ဗိ​ဿ​နိုး​နတ်​မင်းကြီး​က ရာဟု​အသူရာ​၏ ခေါင်း​ကို ဖြတ်​လိုက်​လေ​သည်။
ဤသည်ကို နေနတ်သားနှင့် လနတ်သားတို့က ရာဟုအသူရာ၏ လှည့်ဖျားမှုကို ရိပ်မိပြီး ဗိဿနိုးနတ်မင်းကြီးကို တိုင်တန်းလျှောက်ထားကြသည်။ ထိုအခါ ဗိဿနိုးနတ်မင်းကြီးက ရာဟုအသူရာ၏ ခေါင်းကို ဖြတ်လိုက်လေသည်။
 
ရာဟု​အသူရာ​သည် အမြိုက်​ရေ​ကို သုံးဆောင်​စဉ် ခေါင်း​ဖြတ်​ခံ​လိုက်​ရ​သော​ကြောင့် ဦးခေါင်း​ပိုင်း​သည် အမ​တ​အမြိုက်​ရေ​၏ အရသာ​ကို ခံစား​ရ​လေ​တော့​သည်။ ထို​အချိန်​မှ​စ​၍ ရာဟု​အသူရာ​သည် နေ​နတ်​သား​နှင့် လ​နတ်​သား​တို့​အပေါ် ရန်​ငြိုး​ထား​ပြီး အမြဲ​တမ်း ကိုက်​ဝါး​စား​မျို​ရန် ကြံစည်​လေ​သည်။ တစ်​ခါ​တစ်​ရံ နေ​နှင့် လ​တို့​သည် ရာဟု​အသူရိန်​၏ ဖမ်းစား​ခြင်း​ကို ခံ​ရ​လေ​သည်။ ထိုသို့ ရာဟုဖမ်း​စား​ခံ​ရ​ခြင်း​ကို နေကြတ်​ခြင်း လကြတ်​ခြင်း​ဟုခေါ်​ကြ​သည်။ လ​ကို ရာဟုဖမ်း​စား​သည်၊ လ​ငပုပ်​ဖမ်း​သည်​ဟူ၍​လည်း ခေါ်​ကြ​သည်။
ရာဟုအသူရာသည် အမြိုက်ရေကို သုံးဆောင်စဉ် ခေါင်းဖြတ်ခံလိုက်ရသောကြောင့် ဦးခေါင်းပိုင်းသည် အမတအမြိုက်ရေ၏ အရသာကို ခံစားရလေတော့သည်။ ထိုအချိန်မှစ၍ ရာဟုအသူရာသည် နေနတ်သားနှင့် လနတ်သားတို့အပေါ် ရန်ငြိုးထားပြီး အမြဲတမ်း ကိုက်ဝါးစားမျိုရန် ကြံစည်လေသည်။ တစ်ခါတစ်ရံ နေနှင့် လတို့သည် ရာဟုအသူရိန်၏ ဖမ်းစားခြင်းကို ခံရလေသည်။ ထိုသို့ ရာဟုဖမ်းစားခံရခြင်းကို နေကြတ်ခြင်း လကြတ်ခြင်းဟုခေါ်ကြသည်။ လကို ရာဟုဖမ်းစားသည်၊ လငပုပ်ဖမ်းသည်ဟူ၍လည်း ခေါ်ကြသည်။
 
====မူကွဲမူ​ကွဲ====
တစ်​ချို့​အဆို​အရ ရာဟု​အသူရာ​သည် အမ​တ​အမြိုက်​ရေ​၏ တန်ခိုး​ကြောင့် ဦးခေါင်း​ဖြတ်​ခံ​ရသော်​လည်း အသက်​မ​သေ​ဘဲ ဂြိုဟ်​ကြီး​တစ်​လုံး​အဖြစ် ပြောင်း​သွား​သည်။ လ​ငပုပ်​ဖမ်း​ချိန်​မှ​လွဲ​၍ အခြား​အချိန်​များ​တွင် သူ့​ကို မ​မြင်​တွေ့​နိုင်​ချေ။ ရ​ဟု​၏ မိ​ခင်​မှာ ခြင်္သေ့​မ​ဖြစ်​ပြီး မူလ​က​ပင် အလင်း​ရောင်​နှင့် အမှောင်​ထု​ကို ဖန်တီး​နိုင်​စွမ်း​သည့် တန်ခိုး​စွမ်းအား​ကြီးမား​သူ​ဖြစ်​သော​ကြောင့် လူ​တို့​အား ကောင်းကျိုး​ဆိုး​ကျိုး ပေး​နိုင်​သည်​ဟု ယုံကြည်​ကြ​သည်။
တစ်ချို့အဆိုအရ ရာဟုအသူရာသည် အမတအမြိုက်ရေ၏ တန်ခိုးကြောင့် ဦးခေါင်းဖြတ်ခံရသော်လည်း အသက်မသေဘဲ ဂြိုဟ်ကြီးတစ်လုံးအဖြစ် ပြောင်းသွားသည်။ လငပုပ်ဖမ်းချိန်မှလွဲ၍ အခြားအချိန်များတွင် သူ့ကို မမြင်တွေ့နိုင်ချေ။ ရဟု၏ မိခင်မှာ ခြင်္သေ့မဖြစ်ပြီး မူလကပင် အလင်းရောင်နှင့် အမှောင်ထုကို ဖန်တီးနိုင်စွမ်းသည့် တန်ခိုးစွမ်းအားကြီးမားသူဖြစ်သောကြောင့် လူတို့အား ကောင်းကျိုးဆိုးကျိုး ပေးနိုင်သည်ဟု ယုံကြည်ကြသည်။
 
===သီ​ဝ​နှင့် ရာဟု​အသူရာ ဇာတ်​လမ်း===
===သီဝနှင့် ရာဟုအသူရာ ဇာတ်လမ်း===
နောက်ထပ်​ဇာတ်​လမ်း​တစ်​ခု​မှာ ဤသို့​ဖြစ်​သည်။
နောက်ထပ်ဇာတ်လမ်းတစ်ခုမှာ ဤသို့ဖြစ်သည်။
ဇ​လန္တခေါ်​အသူရာ​သည် ယော​ဂ​အကျင့်​ကို လုံ​လ​စိုက်​ကာ ပြင်းထန်​စွာ​အားထုတ်​သ​ဖြင့် သိဒ္ဓိ​တန်ခိုး​အမျိုး​မျိုး​ဖြင့် ပြည့်စုံ​လေး​သည်။ ထို​အခါ မာန်​မာန ထောင်လွှား​ပြီး သီ​ဝ​နတ်​မင်းကို​ပင် ပမာ​မ​ခန့်​ပြု​လာ​သည်။ သီ​ဝ​၏ ကြင်​ယာတော်​လောင်း ပဗ္ဗ​တီ​နတ်​သမီး​ကို လိုချင်​နှစ်သက်​၍ တမန်​စေ​၍ ပဗ္ဗ​တီ​ကို တောင်းရမ်း​လက်ထပ်​ရန် စကား​ကမ်းလှမ်း​ခိုင်း​သည်။ သူ​စေလွှတ်​သောတ​မန်​ကား ရာဟု​အသူရာ​ပင်​ဖြစ်​သည်။ တမန် ရာဟု​အသူရာ​၏ စကား​ကို​ကြား​သော​အခါ သီ​ဝ​နတ်​မင်း​သည် ဒေါသ​အမျက်​ပြင်း​စွာ​ထွက်​၍ သူ​၏ နဖူး​အလယ်​ခေါင် (အာ​ဇ​ဉာ​စကြ)နေရာ​မှ ဆင်​ခေါင်း​နှင့် နတ်​ဘီလူး​တစ်​ကောင်​ကို ဖန်ဆင်း​လိုက်​သည်။
ဇလန္တခေါ်အသူရာသည် ယောဂအကျင့်ကို လုံလစိုက်ကာ ပြင်းထန်စွာအားထုတ်သဖြင့် သိဒ္ဓိတန်ခိုးအမျိုးမျိုးဖြင့် ပြည့်စုံလေးသည်။ ထိုအခါ မာန်မာန ထောင်လွှားပြီး သီဝနတ်မင်းကိုပင် ပမာမခန့်ပြုလာသည်။ သီဝ၏ ကြင်ယာတော်လောင်း ပဗ္ဗတီနတ်သမီးကို လိုချင်နှစ်သက်၍ တမန်စေ၍ ပဗ္ဗတီကို တောင်းရမ်းလက်ထပ်ရန် စကားကမ်းလှမ်းခိုင်းသည်။ သူစေလွှတ်သောတမန်ကား ရာဟုအသူရာပင်ဖြစ်သည်။ တမန် ရာဟုအသူရာ၏ စကားကိုကြားသောအခါ သီဝနတ်မင်းသည် ဒေါသအမျက်ပြင်းစွာထွက်၍ သူ၏ နဖူးအလယ်ခေါင် (အာဇဉာစကြ)နေရာမှ ဆင်ခေါင်းနှင့် နတ်ဘီလူးတစ်ကောင်ကို ဖန်ဆင်းလိုက်သည်။
 
ထို​ဘီ​လူ​၏ ဟိန်း​ဟောက်​သံ​သည် မိုး​ခြိမ်း​သံ​ကဲ့သို့ ကြောက်​ခမန်း​လိလိ​ဖြစ်​သည်။ မျက်လုံး​သည် မီးတောက်​မီးလျှံ​ကဲ့သို့ အလျှံ​တ​ညီး⁠ညီး​ထွန်းလင်း​လျက်​ရှိ​သည်။ လည်ဆံ​မွေး​တို့​သည်​လည်း စကြာ​စ​ဠာ​အနှံ့​ဖြန့်​ကျက်​မိုး​လျက်​ရှိ​သည့် အသား​စား​ကျူး​သည် မဟာ​ဧရာ​မ​ဘီလူးကြီး​ဖြစ်​လေ​သည်။ ထို​ဘီလူးကြီး​ကို မြင်​ရ​သော​အခါ ရာဟု​အသူရာ​သည် အားကိုး​ရာ​မ​ရ တုန်လှုပ်​ချောက်ချား​ကာ သီ​ဝ​နတ်​မင်း​ထံ အသက်​ဘေး​မှ ချမ်းသာပေး​ပါ​ရန် တောင်​ပန်​ရ​လေ​သည်။ သတ္တဝါ​တို့​ကို သနား​ညှာတာ​တတ်​သူမ​ဟာ​ကရုဏာ​ရှင် သီ​ဝ​နတ်​မင်းကြီး​သည် လောက​ကို အစဉ်​စောင့်ရှောက်​သူ​ဖြစ်​သော​ကြောင့် အသက်​ချမ်းသာ​ခွင့်​ပြု​ခဲ့​သည်။
ထိုဘီလူ၏ ဟိန်းဟောက်သံသည် မိုးခြိမ်းသံကဲ့သို့ ကြောက်ခမန်းလိလိဖြစ်သည်။ မျက်လုံးသည် မီးတောက်မီးလျှံကဲ့သို့ အလျှံတညီးညီးထွန်းလင်းလျက်ရှိသည်။ လည်ဆံမွေးတို့သည်လည်း စကြာစဠာအနှံ့ဖြန့်ကျက်မိုးလျက်ရှိသည့် အသားစားကျူးသည် မဟာဧရာမဘီလူးကြီးဖြစ်လေသည်။ ထိုဘီလူးကြီးကို မြင်ရသောအခါ ရာဟုအသူရာသည် အားကိုးရာမရ တုန်လှုပ်ချောက်ချားကာ သီဝနတ်မင်းထံ အသက်ဘေးမှ ချမ်းသာပေးပါရန် တောင်ပန်ရလေသည်။ သတ္တဝါတို့ကို သနားညှာတာတတ်သူမဟာကရုဏာရှင် သီဝနတ်မင်းကြီးသည် လောကကို အစဉ်စောင့်ရှောက်သူဖြစ်သောကြောင့် အသက်ချမ်းသာခွင့်ပြုခဲ့သည်။
 
သို့သော် အသား​စား​ကြူး​သည့် ထို​ဘီလူး​အတွက် အသား​လို​သည်။ ထို့​ကြောင့် ရာဟု​အသူရာ​၏ လက်​နှစ်​ဖက်၊ ခြေ​အစုံ​ကို အကုန်​စား​စေ​ရန် သီ​ဝ​နတ်​မင်း​က ဘီလူးကြီး​ကို အမိန့်​ပေး​လေး​သည်။ ဘီလူးကြီး​က စား​ကောင်း⁠ကောင်း​နှင့် စား​လိုက်​ရာ ကိုယ်​လုံး​ပါ​ကုန်​၍ ဦးခေါင်း​သာ​ကျန်​တော့​သည်။ ထို​အခါ သီ​ဝ​နတ်​မင်း​က ရာဟု​အသူရာ​ခေါင်း​ပြတ်​ကို "သင့်​အား ယနေ့​မှ​စ​၍ ကိတ္တိ​မု​ခ​ဟု ခေါ်တွင်​ကြ​စေ။ ငါ​စံမြန်း​ရာ ဗိ​မာန်​နန်း​တွင် အမြဲ​မ​ပြတ် စောင့်ကြပ်​ရ​မည့် ဒွါရ​ပါ​လ​တံခါးစောင့်​အရာ​တည်​စေ" ဟု အမည်ပေး​ကာ တာဝန်​ပေး​အပ်ခဲ့​သည်။
သို့သော် အသားစားကြူးသည့် ထိုဘီလူးအတွက် အသားလိုသည်။ ထို့ကြောင့် ရာဟုအသူရာ၏ လက်နှစ်ဖက်၊ ခြေအစုံကို အကုန်စားစေရန် သီဝနတ်မင်းက ဘီလူးကြီးကို အမိန့်ပေးလေးသည်။ ဘီလူးကြီးက စားကောင်းကောင်းနှင့် စားလိုက်ရာ ကိုယ်လုံးပါကုန်၍ ဦးခေါင်းသာကျန်တော့သည်။ ထိုအခါ သီဝနတ်မင်းက ရာဟုအသူရာခေါင်းပြတ်ကို "သင့်အား ယနေ့မှစ၍ ကိတ္တိမုခဟု ခေါ်တွင်ကြစေ။ ငါစံမြန်းရာ ဗိမာန်နန်းတွင် အမြဲမပြတ် စောင့်ကြပ်ရမည့် ဒွါရပါလတံခါးစောင့်အရာတည်စေ" ဟု အမည်ပေးကာ တာဝန်ပေးအပ်ခဲ့သည်။
 
ထို​မှ​စ​၍ ရာဟု​အသူရာ​သည် ကိတ္တိ​မု​ခ​ဟူ​သော အမည်​သစ်​ဖြင့် ဗြာဟ္မ​ဏ​ဝါ​ဒီ​တို့ ကိုးကွယ်​သော နတ်​တစ်ပါး​အဖြစ် ပါဝင်​လာ​သည်။
ထိုမှစ၍ ရာဟုအသူရာသည် ကိတ္တိမုခဟူသော အမည်သစ်ဖြင့် ဗြာဟ္မဏဝါဒီတို့ ကိုးကွယ်သော နတ်တစ်ပါးအဖြစ် ပါဝင်လာသည်။
 
====မူကွဲမူ​ကွဲ====
ပူ​ရာဏ်​ကျမ်း​တစ်​ခု​၏ အဆို​ကား ဤသို့​ဖြစ်​သည်။ ပဗ္ဗ​တီ​ကို လာ​ရောက်​တောင်းရမ်း​သော ရာဟု​အသူရာ​အား သီ​ဝ​နတ်​မင်းကြီး​က သူ​၏ တတိယ​မျက်လုံး (တြိ​လော​စ​န) မှ ကြောက်မက်​ဖွယ်​သတ္တဝါ​တစ်​ကောင်​ဖန်ဆင်း​ပြီး တိုက်ခိုက်​နှိမ်​နင်း​သည်။ ထိုသို့​မ​တိုက်ခိုက် မ​နှိမ်း​နင်း​မှီ ဖန်ဆင်း​ထား​သော သတ္တဝါ​ကြီး​အား မိမိ​ကိုယ်​ကို ပြန်​ပြီး ဝါး​စ​မျို​ရန် အမိန်​ပေးလိုက်​ရာ အမိန့်​ကို မ​လွန်​ဆန်​ဝံ့​ဘဲ မိမိ​ကိုယ်​ကို ပြန်​ဝါး​မျို​ရာ ဦးခေါင်း​သာ ကျန်​တော့​သ​ဖြင့် ထို​ဦးခေါင်း​ကို ကိတ္တိ​မု​ခ​ဟု ခေါ်တွင်​စေ​သည်။
ပူရာဏ်ကျမ်းတစ်ခု၏ အဆိုကား ဤသို့ဖြစ်သည်။ ပဗ္ဗတီကို လာရောက်တောင်းရမ်းသော ရာဟုအသူရာအား သီဝနတ်မင်းကြီးက သူ၏ တတိယမျက်လုံး (တြိလောစန) မှ ကြောက်မက်ဖွယ်သတ္တဝါတစ်ကောင်ဖန်ဆင်းပြီး တိုက်ခိုက်နှိမ်နင်းသည်။ ထိုသို့မတိုက်ခိုက် မနှိမ်းနင်းမှီ ဖန်ဆင်းထားသော သတ္တဝါကြီးအား မိမိကိုယ်ကို ပြန်ပြီး ဝါးစမျိုရန် အမိန်ပေးလိုက်ရာ အမိန့်ကို မလွန်ဆန်ဝံ့ဘဲ မိမိကိုယ်ကို ပြန်ဝါးမျိုရာ ဦးခေါင်းသာ ကျန်တော့သဖြင့် ထိုဦးခေါင်းကို ကိတ္တိမုခဟု ခေါ်တွင်စေသည်။
 
==ဘုရား​ကျောင်း၊ စေတီပုထိုး​များ​တွင် သုံးစွဲ​လာ​ပုံ==
==ဘုရားကျောင်း၊ စေတီပုထိုးများတွင် သုံးစွဲလာပုံ==
ဘီလူး​ပန်းဆွဲ​တို့​သည် သီ​ဝ​နတ်​မင်း​၏ ဗိ​မာန်​နန်း​၌ တပ်​ဆင်​ထား​သော တံခါး​ဝ​တွင် ဗိသုကာ အဆင်တန်​ဆာ​အဖြစ် ရောက်​ရှိ​လာ​ရာ​မှ နောင်​တွင် ဗြာဟ္မ​ဏ​ဝါ​ဒီ​တို့ ကိုးကွယ်​သည့် နတ်​ဘုရား​ကျောင်း​များ​တွင် ထည့်​သွင်း​တပ်​ဆင်​လာ​ကြ​သည်။
ဘီလူးပန်းဆွဲတို့သည် သီဝနတ်မင်း၏ ဗိမာန်နန်း၌ တပ်ဆင်ထားသော တံခါးဝတွင် ဗိသုကာ အဆင်တန်ဆာအဖြစ် ရောက်ရှိလာရာမှ နောင်တွင် ဗြာဟ္မဏဝါဒီတို့ ကိုးကွယ်သည့် နတ်ဘုရားကျောင်းများတွင် ထည့်သွင်းတပ်ဆင်လာကြသည်။
 
ဘီလူး​ပန်းဆွဲ​သည် ကျက်သရေ​မင်္ဂလာ​၏ အထိန်း​အမှတ်၊ ဘေး​အန္တရာယ်​တားဆီး​ကာ​ကွယ်​ခြင်း​၏ အမှတ်အသား​အဖြစ် သက်ဆိုင်​ရာ ဘာသာ​ဝင်​တို့​က သက်ဝင်​ယုံကြည် အသုံးပြု​လျက်​ရှိ​သည်။
ဘီလူးပန်းဆွဲသည် ကျက်သရေမင်္ဂလာ၏ အထိန်းအမှတ်၊ ဘေးအန္တရာယ်တားဆီးကာကွယ်ခြင်း၏ အမှတ်အသားအဖြစ် သက်ဆိုင်ရာ ဘာသာဝင်တို့က သက်ဝင်ယုံကြည် အသုံးပြုလျက်ရှိသည်။
 
ကိတ္တိ​မု​ခခေါ်​သော ဘီလူး​ပန်းဆွဲ​ကို ဗြာဟ္မ​ဏ​ဝါ​ဒီ​တို့​၏​ဘုရား​ကျောင်း​များ​တွင် စတင်​ပြုလုပ်​သုံးစွဲ​ခဲ့​ကြ​ပြီး ထို​မှ​စ​ကာ ဗုဒ္ဓ​ဘာသာ​ဝင်​တို့​၏ စေတီပုထိုး​များ​၌ စေ​တီတော်​၏ အဆင်တန်​ဆာ​အဖြစ် ထည့်​သွင်း​သုံးစွဲ​လာ​ကြ​သည်။ ပုဂံ​ခေတ်​တွင် ဦးခေါင်း​ပိုင်း​သာ​တွေ့​ရ​သော ဘီလူး​ပန်းဆွဲ​သည် နောက်​ပိုင်း​တည် စေတီပုထိုး​များ​တွင် အစွယ်​ငေါ⁠ငေါ​ပြူး​ထွက်​နေ​သော ဘီလူး​၏ အာခေါင်​နှစ်​ဘက်​ကို လက်​နှစ်​ဘက်​ဖြင့် အသား​ကုန်​ဖြဲ​ကာ ခြောက်လှန့်​နေ​သော ဘီလူး​ပန်းဆွဲ​ပုံစံ​ကို တွေ့​လာ​ရ​သည်။
ကိတ္တိမုခခေါ်သော ဘီလူးပန်းဆွဲကို ဗြာဟ္မဏဝါဒီတို့၏ဘုရားကျောင်းများတွင် စတင်ပြုလုပ်သုံးစွဲခဲ့ကြပြီး ထိုမှစကာ ဗုဒ္ဓဘာသာဝင်တို့၏ စေတီပုထိုးများ၌ စေတီတော်၏ အဆင်တန်ဆာအဖြစ် ထည့်သွင်းသုံးစွဲလာကြသည်။ ပုဂံခေတ်တွင် ဦးခေါင်းပိုင်းသာတွေ့ရသော ဘီလူးပန်းဆွဲသည် နောက်ပိုင်းတည် စေတီပုထိုးများတွင် အစွယ်ငေါငေါပြူးထွက်နေသော ဘီလူး၏ အာခေါင်နှစ်ဘက်ကို လက်နှစ်ဘက်ဖြင့် အသားကုန်ဖြဲကာ ခြောက်လှန့်နေသော ဘီလူးပန်းဆွဲပုံစံကို တွေ့လာရသည်။
 
==တစ်​ချို့​သော​သူ​များ​၏ အယူ​အဆ==
==တစ်ချို့သောသူများ၏ အယူအဆ==
ဘီလူး​ပန်းဆွဲ​၏ စတင်​မြစ်ဖျား​ခံ​ရာ​ကို မ​သိ​သူ​များ​က မေ​ရု​တောင်​သဏ္ဌာန်​တည်ထား​သော စေ​တီတော်​ကို မိမိ​တို့ အစောင့်အကြပ်​ကျ​ရာ အာ​လိမ်​ငါး​ဆင့်​မှ​နေ​၍ ယက္ခ​ကုမ္ဘဏ်​တို့ ဝိုင်း​ရံ​ခ​ပြီး စောင့်ရှောက်​ကြ​ဟန် ထည့်​သွင်း​ထား​ခြင်း​ဖြစ်​သည်​ဟု ထင်မြင်​ယူဆ​ကြ​သည်။
ဘီလူးပန်းဆွဲ၏ စတင်မြစ်ဖျားခံရာကို မသိသူများက မေရုတောင်သဏ္ဌာန်တည်ထားသော စေတီတော်ကို မိမိတို့ အစောင့်အကြပ်ကျရာ အာလိမ်ငါးဆင့်မှနေ၍ ယက္ခကုမ္ဘဏ်တို့ ဝိုင်းရံခပြီး စောင့်ရှောက်ကြဟန် ထည့်သွင်းထားခြင်းဖြစ်သည်ဟု ထင်မြင်ယူဆကြသည်။
 
<ref>မြန်မာ​နိုင်ငံ နတ်​ကိုးကွယ်​မှု​သမိုင်း​ပေါင်​ချုပ်။ မင်း​စည်​သူ။ ဒု​ကြိမ်။ ၂​၀​၁​၁ ဩဂုတ်​လ။ ပညာ​ရွှေ​တောင်​စာပေ။ ရန်ကုန်မြို့</ref>
<ref>မြန်မာနိုင်ငံ နတ်ကိုးကွယ်မှုသမိုင်းပေါင်ချုပ်။ မင်းစည်သူ။ ဒုကြိမ်။ ၂၀၁၁ ဩဂုတ်လ။ ပညာရွှေတောင်စာပေ။ ရန်ကုန်မြို့</ref>
 
==အကိုး​အကား==
==အကိုးအကား==
<references/>
[[Category:အနု​ပညာ]]