ရဟန်း: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Undo revision 212845 by Mayor mt (talk)
စာကြောင်း ၁ -
==ရဟန်း==
[[File:Celebrating Full Moon Day of Tabaung in Bangkok, Thailand in Mar 2012.PNG|thumb|right|ဘန်ကောက်မြို့၊ ထိုင်း​နိုင်ငံ​တွင် တပေါင်း​ပွဲတော်​တွင် ရဟန်း​သံ​ဃာတော်​များ​အား လှူဒါန်း​နေ​ပုံ]]
[[File:Celebrating Full Moon of Tabaung (Magha Puja Buddhist festival) in Bangkok, Thailand in Mar 2012.PNG|thumb|right|တပေါင်းပွဲတော်ကို ဘန်​ကောက်​မြို့၊ ထိုင်း​နိုင်ငံ​တွင် ကျင်းပ​နေ​ပုံ]]
ရဟန်း​ဟူ​သော အမည်​သည် အရ​ဟန္တ​ပါဠိ​မှ ဖြစ်လာ​သော ရဟန္တာ​ကို အတို​ချုပ်ခေါ်​သော အမည်​ဖြစ်​ဟန်​တူ​သည်။ သို့ရာတွင် ဘိက္ခု၊ သမ​ဏ၊ ပဗ္ဗဇ္ဇိ​တ စ သော ပါဠိ​တို့​ကို ပြန်ဆို​ထား​သော မြန်မာ​အမည်​လည်း ဖြစ်​၏။ အသုံးအစွဲ​လည်း များ​လှ​သည်။ ပဗ္ဗဇ္ဇ​လေး​မျိုး​မှ​လာ​သော အလုံး​စုံ​သော ရဟန်း​နှင့် ဥပသမ္ပဒါ​လေး​မျိုး​မှ​လာ​သော အလုံး​စုံ​သော​ရဟန်း​နှင့် ဥပသမ္ပဒါ
ရှစ်​မျိုး​မှ​လာ​သော အလုံး​စုံ​သော​ရဟန်း​ကို ရ​သည်။
Line ၃၃ ⟶ ၃၂:

[[File:Celebrating Full Moon of Tabaung (Buddhist festival) in Bangkok in Mar 2012.PNG|thumb|right|ဘန်ကောက်မြို့၊ ထိုင်း​နိုင်ငံ​တွင် တပေါင်း​ပွဲတော်​ကို ကျင်းပ​နေ​ပုံ]]

[[File:Celebrating Full Moon of Tabaung (Magha Puja Buddhist festival) in Bangkok, Thailand in Mar 2012.PNG|thumb|right|တပေါင်းပွဲတော်ကို ဘန်​ကောက်​မြို့၊ ထိုင်း​နိုင်ငံ​တွင် ကျင်းပ​နေ​ပုံ]]

ယင်း ဥပသမ္ပဒါ​ရှစ်​မျိုး​ကား အောက်​ပါ​အတိုင်း ဖြစ်​သည်။
(၁) ဧ​ဟိ​ဘိက္ခူ​ပ​သမ္ပ​ဒါ-မြတ်​စွာ​ဘုရား​က ရဟန်း​လောင်း​အား
Line ၉၁ ⟶ ၉၀:
မိန်းမ​များ​နှင့်​သာ သက်ဆိုင်​သည်။ အထူး​အား​ဖြင့် ရဟန်း
ယောကျာ်း​များ​နှင့် သက်ဆိုင်​သော ဥပသမ္ပဒါ ငါး​မျိုး​တွင်
လည်း ရှေ့​လေး​မျိုး​ကား မြတ်​စွာ​ဘုရား​လက်ထက်​၌​သာ ဖြစ်
လည်း ရ
သော​ကြောင့်​၎င်း၊ ရဟန်း​မိန်းမ​များ​နှင့် သက်ဆိုင်​သော
ဥပသမ္ပဒါ သုံး​မျိုး​သည်​လည်း ယခု​အခါ ရဟန်း​မိန်းမ​များ မ​ရှိ
သော​ကြောင့်​၎င်း ရဟန်း​ယောကျာ်း​များ​နှင့် သက်ဆိုင်​သော
ပဉ္စမ​မြောက် ဉာ​ာတ္တိ​စတုတ္ထ​ကမ္မူ​ပ​သမ္ပ​ဒါ​ဖြင့်​ဖြစ်​သော ရဟန်း​များ
သာ ကျန်​ရှိ​တော့​သည်။သို့​အတွက် ယခု​အခါ ရဟန်းခံ​ကြ​သည်
ကား ဉာ​ာတ္ထိ​စတုတ္ထ ကမ္မူ​ပ​သမ္ပ​ဒါ​ဖြင့်​သာ ရဟန်းခံ​ကြ​ရ​သည်။
ရဟန်းခံ​ဆို​သည်မှာ​လည်း သိမ်​တွင်း​၌ ငါး​ပါး၊ ငါး​ပါး
ထက်​လွန်​သော သံဃာ​စည်းဝေး​၍ ရဟန်း​လောင်း​အား မြတ်​စွာ
ဘုရား ခွင့်​ပြု​ပညတ်​ထား​သော သိက္ခာပုဒ်​တို့​ကို စောင့်ရှောက်
ထိန်းသိမ်း​ရန် တာဝန်​ပေး​အပ်​ကာ သံ​ဃ​ဘောင်​သို့ သွင်း​ခြင်း​ကို
ဉာ​ာတ်​ကမ္မဝါ​ရွတ်​ဖတ်​၍ သံဃာ​အား သဘောတူ၊ မ​တူ ပန်ကြား
လျှောက်ထား​ရာ၊ ကန့်ကွက်​သူ​ရှိ​လျှင် ကံ​ပျက်​၍ ရဟန်းမ​ဖြစ်
ဘဲ၊ ကန့်ကွက်​သူမ​ရှိ​လျှင် သဘောတူ သံ​ဃ​ဆန္ဒ​ဖြင့် ရဟန်း
အဖြစ်​သို့ ရောက်​သည်။ ရဟန်းခံ​ခြင်း​၏ အဓိက​ရည်​ရွယ်​ချက်
မှာ​လည်း ဝဋ်​ဆင်းရဲ​ကုန်​ဆုံး​ရာ အရ​ဟတ္တ​ဖိုလ် နိဗ္ဗာန်​သို့ ဆိုက်
ရောက်​ရန် ဖြစ်​လေ​သည်။
ထို​ရဟန်း​မိန်းမ([[သီလ​ရှင်]]) ကား မြတ်​စွာ​ဘုရား လက်ထက် တော်
က​ပင် ရှိ​ခဲ့​၏။ မိ​ထွေးတော် ဂေါ​တ​မီ​သည် သာကီ​ဝင် မင်းသမီး ငါးရာ
နှင့်​တ​ကွ ရှေးဦးစွာ ရဟန်းပြု​၏။ နောက် အဆင့်ဆင့် ပွား​များ​လာ
၍ သာသနာ တော်​တွင် ရဟန်း​မိန်းမ သာသနာ ရဟန်း​မိန်းမ​သံဃာ​ဟု
သီးခြား​ဖြစ်လာ​သည်။ ထို​စဉ်​အခါ​က မဇ္ဈိမဒေသ​တွင် ရဟန်း​မိန်းမ​တို့​သည် အလွန်​များ​ကုန်​၏။

== ရဟန်း​ဖြစ်​ထိုက်​သော အင်္ဂါ ==
ရဟန်း​တ​ပါး ဖြစ်မြောက်​ရန် ဉတ္တိ​စတုတ္ထ​ကံ​ကို နည်း​လမ်း​တ​ကျ အောင်​အောင်မြင်​မြင် ဆောင်ရွက်​နိုင်​ဖို့ လို​အပ်​၏။ ယင်းသို့ ဉတ္တိ​စတုတ္ထ​ကံ အောင်မြင်​ရန်-
၁။ ဝတ္ထု-ရဟန်း​လောင်း။

၂။ ဉတ္တိ-ဉတ်။ ( ကမ္မဝါစာ နိဒါန်း )

၃။ သီ​မာ-သိမ်။

၄။ အနု​ဿာ​ဝ​န-ကမ္မဝါစာ။

၅။ ပရိ​သာ-ပရိသတ်။ ( ကံ​ဆောင်​သံဃာ ) ( ဝတ်-ဉတ်-သိမ်-ကံ၊ ပရိ​သာ၊ ငါး​ဖြာ သမ္ပတ္တိ ။)

ဟူ​သော အင်္ဂါ​ငါး​ပါး ညီညွတ်​ပြည့်စုံ​ဖို့ လို​အပ်​၏။

ယင်း​ငါး​ပါး ညီညွတ်​ပြည့်စုံ​မှ ဉတ္တိ​စတုတ္ထ​ကံ အောင်မြင်​၍ ရဟန်း​ဖြစ်​နိုင်​၏။ ထို့​ကြောင့် ( သိက္ခာတင် ပဉ္စင်္ဂ ) ဟု ဆို​ကြ​သည်။ သိက္ခာတင်-( ရဟန်းခံ) ရာ​၌ အင်္ဂါ​ငါး​ပါး ရှိ​၏​ဟု ဆိုလို​သည်။

ထို​တွင် ဝတ္ထု​အရ ရဟန်း​လောင်း​သည် ယောကျာ်း​စစ် ဖြစ်​ရ​ခြင်း၊

အသက် ၂​၀-ပြည့်​ရ​ခြင်း၊

တိတ္ထိ ( ဒိဋ္ဌိ​အယူရှိ​သူ ) မဟုတ်​ရ​ခြင်း၊

ပဉ္စာ​နန္တ​ရိ​ယ ကံ​ကြီး​များ ကျူးလွန်​ထား​သူ မဟုတ်​ခြင်း-စ​သော အင်္ဂါ​တို့​နှင့် ညီညွတ်​သူ ဖြစ်​ရ​၏။

ဉတ္တိ​အနု​ဿာ​ဝ​န​တို့​အရ ဉတ်​ကမ္မဝါစာ​ကို ဌာန်၊ ကရိုဏ်း၊ ပ​ယတ်၊ သိ​ထိ​လ၊ ဓ​နိ​တ ပီ​သ​စွာ မှန်​မှန်ကန်​ကန် ရွတ်​ဖတ်​နိုင်​ရ​၏။

သီ​မာ-အရ သိမ်​သည် အောင်​အောင်မြင်​မြင် သမုတ်​ခဲ့​သော သိမ်​ကောင်း​ဖြစ်​ရ​၏။

ပရိ​သာ-အရ ကံ​ဆောင်​သံဃာ​သည် အနည်း​ဆုံး ရဟန်း​စစ်စစ် ငါး​ပါး​ရှိ​ရ​၏။

( မဇ္ဈိမဒေသ​ဖြစ်​လျှင် ၁​၀-ပါး​ရှိ​ရ​၏။ ယင်း​သံ​ဃာတော်​များ​က စုပေါင်း​ညီညာ ဆောင်ရွက်​ကြ​ရ​၏။ )

သံဃာ​က ရဟန်းခံ​ပေး​ရာ​၌​လည်း လူ​မြင်​တိုင်း ရဟန်းခံ
ပေး​ရ​သည်မ​ဟုတ်။ အပြစ်​ဒေါသ လွတ်​ကင်း စင်ကြယ်​၍
အသက်​နှစ်​ဆယ်​ပြည့်​သော သူ​ကို​သာ ရဟန်းခံ​ပေး​ရ​သည်။ (၁)
ပဏ္ဍ​က--ပဏ္ဍုတ်၊ ဖို​မ​လိင်​အင်္ဂါ ထင်ရှား​မ​ရှိ​သော​သူ၊ (၂)
ထေယျသံဝါသက--ကိုယ်တိုင် သင်္ကန်းဝတ်​၍ ရဟန်း​အသွင်​ကို
ခိုး​ယူ​သော​သူ​နှင့် ရဟန်း​စစ်​မဟုတ်​ဘဲ​လျက် ရဟန်း​စစ်​ယောင်
ရဟန်း​စစ်​တို့​နှင့် ပေါင်းသင်း​နေထိုင်​သူ၊ (၃) တိတ္ထိ​ယ​ပက္ကန္တ​က
--ရဟန်း​စစ်​ဖြစ်​လျက် ရဟန်း​ဘောင်​မှ စွန့်ခွာ​၍ တိတ္ထိ​ဘောင်
သို့ ဝင်​ကာ ရဟန်းခံ​သော​သူ၊ (၄) တိ​ရစ္ဆာ​န-ဗြဟ္မာ၊ နတ်၊
ဂဠုန်၊ နဂါး စ​သော တိရစ္ဆာန်၊ (၅) မာ​တု​ဃာ​တ​က--အမိ
ရင်း​ကို သတ်​သော​သူ၊ (၆) ပိ​တု​ဃာ​တ​က--အဘ​ရင်း​ကို သတ်
သော​သူ၊ (၇) အရ​ဟန္တ​ဃာ​တ​က--ရဟန္တာ​ကို သတ်​သော​သူ၊
(၈) လော​ဟိ​တုပ္ပါ​ဒ​က--မြတ်​စွာ​ဘုရား​အား သွေးစိမ်း​တည်
အောင်၊ သွေး​ခြည်​အု​အောင် ပြု​သော​သူ၊ (၉) သံ​ဃ​ဘေ​ဒ​က
--သံဃာ​ကို ဝိနည်း​ကံ​ဖြင့် ဂိုဏ်း​ခွဲ​သော​သူ၊ (၁​ဝ) ဘိက္ခု​နီ
ဒူ​သ​က--ရဟန်း​မိန်းမ​ကို ပေါင်းဖော်​ဖျက်ဆီး​သော​သူ၊ (၁​၁)
ဥ​ဘ​တော​ဗျဉ္စ​န​က--ဖို​မ​လိင်​အင်္ဂါ နှစ်​မျိုး​ပါရှိ​သော​သူ၊ ဤ​သူ
တစ်​ကျိပ်​တစ်​ယောက်​တို့​ကား အပြစ်​မ​လွတ်​ကင်း၊ မစင်​ကြယ်
သော အဘဗ္ဗ ပုဂ္ဂိုလ်​များ​ဖြစ်​၍ ရဟန်းမ​ခံ​ထိုက်၊ ရဟန်းခံ
မ​ပေး​ရ။ သံဃာ​က မ​သိ​၍​၎င်း သိလျက်နှင့်​၎င်း ရဟန်းခံ​ပေး
သော်​လည်း ရဟန်းမ​ဖြစ်။

အပြစ်​ဒေါသ လွတ်​ကင်း​၍ စင်ကြယ်​သော ပုဂ္ဂိုလ်​ပင်
ဖြစ်သော်​လည်း ရဟန်းခံ​ရာ​၌ (၁) ဝတ္ထု​သမ္ပတ္တိ -အဘဗ္ဗ​ပုဂ္ဂိုလ်
တစ်​ကျိပ်​တစ်​ယောက်​မှ လွတ်​ကင်း​၍ အသက်​နှစ်​ဆယ်​ပြည့်
သ​ဖြင့် ရဟန်း​လောင်း​၏ ပြည့်စုံ​ခြင်း၊ (၂) သီ​မ​သမ္ပတ္တိ--
သိမ်​၏ ပြည့်စုံ​ခြင်း၊ (၃) ဉာ​ာတ္တိ​သမ္ပတ္တိ--ဉာ​ာတ်​၏ ပြည့်စုံ​ခြင်း၊
(၄) အနု​သာ​ဝ​န သမ္မတ္တိ--ကမ္မဝါ​၏ ပြည့်စုံ​ခြင်း၊ (၅) ပရိ​သ
သမ္ပတ္တိ--ရဟန်း​စစ် ငါး​ပါး၊ ငါး​ပါး​ထက်​အလွန်​ရှိ​သ​ဖြင့်
ပရိသတ်​၏ ပြည့်စုံ​ခြင်း​ဟူ၍ အင်္ဂါ​ငါး​ပါး​ရှိ​သည်။ ထို​အင်္ဂါ
ငါး​ပါး​နှင့် ပြည့်စုံ​မှ ရဟန်း​ဖြစ်​သည်။ ထို​အင်္ဂါ ငါး​ပါး​နှင့်
ပြည့်စုံ​ခြင်း​ဟူ၍ အင်္ဂါ​ငါး​ပါး​ရှိ​သည်။ ထို​အင်္ဂါ​ငါး​ပါး​နှင့်
ပြည့်စုံ​မှ ရဟန်း​ဖြစ်​သည်။ ထို​အင်္ဂါ​ငါး​ပါး နှင့် ပြည့်စုံ​ခြင်း​ကို
အကြောင်းပြု​၍ ရဟန်း​ကို​ပင် ပဉ္စင်း​ဟု ခေါ်​ဆို​ကြ​ပြန်​သည်။
ရဟန်း​ဖြစ်​ကြ​ရာ​၌ ကောဏ္ဍ​ည​ထေရ်​သည် ဤ​ဘုရား​သာသနာ​၌
အစအဦး​ဆုံး ရဟန်း​ဖြစ်​သော ပုဂ္ဂိုလ်​တည်း။

ရဟန်း​များ​မှာ (၁) ကျောင်း၊ (၂) သင်္ကန်း၊ (၃) ဆွမ်း၊
(၄) ဆေး​ဟူ၍ မှီ​ရာ​ပစ္စည်း လေး​ပါး​ရှိ​သည်။ ထို​ပစ္စည်း​လေး​ပါး
ကို​မှီ​၍ သာသနာ​၌ ရှည်​မြင့်​စွာ တရား​အားထုတ်​နိုင်​သည်။
ထို​ပြင့် (၁) ခါး​ဝတ်​သင်းပိုင် သင်္ကန်း၊ (၂) ကိုယ်ဝတ်​ဧက​သီ
သင်္ကန်း၊ (၃) နှစ်​ထပ်​ဒုကုဋ်​သင်္ကန်းကြီး (၄) သပိတ်၊ (၅)
ပဲခွပ်၊ သို့မဟုတ် သင်​ဓုန်း​ထား၊ (၆) အပ်၊ (၇) ခါးပန်း​ကြိုး၊
(၈) ရေ​စစ်-ဓ​မက​ရိုဏ်​ဟူ၍ ပရိက္ခရာ​ရှစ်​ပါး​ရှိ​သည်။
( ပရိက္ခရာ။)
ထို​ပရိက္ခရာ ရှစ်​ပါး​ကို သုံးဆောင်​ကာ​နေထိုင်​ရ​သည်။
ထို​ပြင် (၁) ရဟန်း​ယောကျာ်း၊ (၂) ရဟန်း​မိန်းမ၊ (၃)
သာမဏေ​ယောကျာ်း၊ (၄) သာမဏေ​မိန်းမ၊ (၅) ရဟန်း​မိန်းမ
လောင်း သေက္ခ​မာန်​မ​ဟူ၍ သီတင်း​သုံးဖော် ငါး​ဦး​ရှိ​သည်။
ထို​သီတင်း​သုံးဖော် ငါး​ဦး​တို့ တစ်​ဦး​ကို တစ်​ဦး အမှီပြု​ကာ
နေထိုင်​ရ​သည်။ ယခု​အခါ ရဟန်း​ယောကျာ်း​နှင့် သာမဏေ
ယောကျာ်း​နှစ်​ဦး​သာ ရှိ​တော့​သည်။

ထို့​ပြင် ရဟန်း​များ​၏ ကျင့်ဝတ်​သိက္ခာပုဒ်​မှာ​လည်း
အကျဉ်း​ချုပ်​အား​ဖြင့် ရဟန်း​ယောကျာ်း​များ​အတွက် နှစ်​ရာ
နှစ်​ဆယ် ခုနစ်​ပါး၊ ရဟန်း​မိန်းမ​များ​အတွက် သုံး​ရာ​တစ်​ဆဲ့
တစ်ပါး၊ အကျယ်​အား​ဖြင့် ''နေ-နတ်-ဦး-တိုင်-၈-နိုင်-မိုး-
နံ-ဟုန်-ယာဉ်-ဈာန်၊ မှတ်​ရန် သိက္ခာ​ဂဏန်း​တည်း။''ဟု
ရှေး​ဆရာ​ကြီး​များ စပ်ဆို​ထား​သည့် ပဋိလောမ​အား​ဖြင့်
ကောက်ယူ​ရ​သော ပိဋကတ် သင်္ချာ လင်္ကာ​အရ ကုဋေ
ကိုး​ထောင်-တစ်​ရာ-ရှစ်​ဆယ်-ငါး​သန်း-သုံး​သောင်း-ခြောက်
ထောင် အရေအတွက်​ရှိ​သည်။ ထို​သိက္ခာပုဒ်​များ​ကို စောင့်
ရှောက် ထိန်းသိမ်း​၍ နေ​ရ​သည်။

ထို့​ပြင် ရဟန်း​များ​မှာ (၁) ဂန္ထ​ဓု​ရ-ဘုရား​ဟော ပိဋကတ်
ကျမ်းဂန်​တို့​ကို သင်​အံ ပို့ချ ကြည့်​ရှု မှတ်သား​ဆောင်ရွက်​ခြင်း၊
(၂) ဝိပဿနာ​ဓု​ရ-သမ​ထ​ဘာဝနာ၊ ဝိပဿနာ ဘာဝနာ​ကို
အားထုတ်​ကြိုးစား ပွား များ​ခြင်း​ဟူ၍ အမြဲ​မ​ပြတ် လုပ်​အပ်
သော လုပ်​ငန်း​နှစ်​မျိုး​သာ ရှိ​သည်။ ထို​နှစ်​မျိုး​သော လုပ်​ငန်း​မှ
အလွတ်​ဖြစ်​သော လုပ်​ငန်း​များ​ကား ရဟန်း​များ​နှင့် မ​သက်
ဆိုင်။ သာသနာ​ပြင်​ပ ဗာ​ဟိ​ရ​လုပ်​ငန်း​များ​သာ ဖြစ်​သည်။
ထို့​ပြင် ကမ္ဘာ​လောက​ကြီး​တစ်​ခု​လုံး​၌ အရောင်အဝါ​ကို
ပေး​တတ်​သော နေ၊ လ တို့​သည် (၁) မိုးတိမ်၊ (၂) ဆီးနှင်း၊
(၃) မီးခိုး​နှင့် မြူ၊ (၄) ရာဟု ဤ အညစ်အကြေး​လေး​ပါး
တို့​နှင့် တွေ့​ကြုံ​သော​အခါ အရောင်အဝါ မ​ထွန်းလင်း​နိုင်​ကုန်၊
မ​တောက်ပ​နိုင်​ကုန်၊ မ​တင့်တယ်​နိုင်​ကုန်​သကဲ့သို့၊ ထို့​အတူ
ရဟန်း​ပုဏ္ဏား​တို့​သည်​လည်း (၁) သေ​အရက်​သောက်​ခြင်း၊ (၂)
မေ​ထုတ်​မှီဝဲ​ခြင်း၊ (၃) ရွှေ​ငွေ​ကို သာယာ​ကိုင်​ခံ​ခြင်း၊ (၄)
မှားယွင်း​စွာ​အသက်မွေး​မြူ​ခြင်း​ဤ​အညစ်အကြေး​လေး​ပါး​တို့​နှင့်
တွေ့​ကြုံ​သော​အခါ သီလ​ရောင်၊ သမာဓိ​ရောင်၊ ပညာ
ရောင်​တည်း​ဟူ​သော အရောင်အဝါ​တို့​သည် မ​ထွန်းလင်း​နိုင်
ကုန်။ မ​တောက်ပ​နိုင်​ကုန်။ မ​တင့်တယ်​နိုင်​ကုန်။ ထို့​ကြောင့်
ရဟန်း​ပုဏ္ဏား​တို့​သည် ယင်း​အညစ်အကြေး လေး​ပါး​တို့​နှင့်
ကင်း​လွတ်​အောင် စောင့်ရှောက်​နေထိုင်​ကြ​ရ​သည်။
<ref>မြန်​မာ့​စွယ်စုံ​ကျမ်း၊ အတွဲ(၁​၁)</ref>

== ကိုး​ကား ==
<references/>
[[Category:ဗုဒ္ဓ​ဘာသာ]]