ဆင်မြီးဆွဲမြို့: တည်းဖြတ်မှု မူကွဲများ

၁၅ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၈ နှစ်
အရေးမကြီး
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
No edit summary
အရေးမကြီးNo edit summary
ပြည်မြို့ ​မှ မီး​ရထား​နှင့်​ ထွက်လာလျှင် ​ရှေး​ဦး​စွာ သ​ရေ​ခေတ္တရာမြို့​ဟောင်း​နေရာ ​မှော်ဇာမြို့​ကို ​တွေ့​ရမည်။ ထိုမှ ​တောင်ဘက်သို့​ ( ၈ ) မိုင်ခန့်​တွင် ဆင်မြီး​ဆွဲမြို့​ ရှိ​ပေသည်။
သ​ရေ ​ခေတ္တရာ ပျူရှင်ဘုရင်များ​ ​ခေတ်က ဆင်အမှုထမ်း​များ​ ​နေထိုင်ရာဖြစ်၍ ဆင်​ခေါင်း​ရွာ၊​ ဆင်မြီး​ဆွဲရွာ၊​ ဆင်များ​လေ့​ကျင့်​ရာ ဆင်တိုက်ကုန်း​နေရာတို့​ကို အထင်အရှား​တွေ့​ရသည်။ ဆင်​ခေါင်း​ရွာသည် ဆင်အမှုထမ်း​အြကီး​အကဲတို့​ ​နေရာဖြစ်၍ ဆင်မြီး​ဆွဲမှာ ဆင်၏ ​နောက်ဆွယ်မှ ဝန်း​ရံလိုက်ပါရ​သော အမှုထမ်း​များ​ ​နေထိုင်ရာ ဖြစ်သည်။
==စာ​ပေထူး​ချွန်သူများ​==
ကိုလိုနီ ​ခေတ်က ​ကျောင်း​သုံး​ ရုံး​သုံး​ ပြုခဲ့​ရသည့်​ ကဝိမျက်မှန် သတ်ပုံကျမ်း​ကို ​ရေး​သား​ခဲ့​သူ ဦး​ကျော်ထွန်း​မှာ မူလတန်း​ကျောင်း​ ဆရာဖြစ်၍ ​ရွှေ​တောင်မြို့​ ကျီး​သဲ​လေး​ထပ်ဆရာ​တော်ကြီး​၏ တပည့်​ဖြစ်သည်။ ဆင်မြီး​ဆွဲရွာမှ ဖွား​မြင်သူ ဖြစ်သည်။
ကိုလိုနီ​ခေတ်မှလွတ်လပ်​ရေး​ ခေတ်အထိ စာ​ရေး​ဆရာ၊​ သတင်း​စာဆရာ၊​ ရုပ်ရှင်ဒါရိုက်တာ ဖြစ်သူ ဆရာဦး​ညာဏသည်လည်း​ ဆင်မြီး​ဆွဲဇာတိဖြစ်၍ မြို့​သစ်တန်း​နေ ​ကျောင်း​ဆရာကြီး​ ဦး​လူမှန်နှင့်​ တူဝရီး​တော်စပ်သည်။
စာ​ရေး​ဆရာ၊​ ကဗျာဆရာ ၊​ သု​တေသနပညာရှင် ဖြစ်သူ နန်း​ညွှန့်​ဆွေသည်လည်း​ ဆင်မြီး​ဆွဲမြို့​ အ​နောက်ဘက် ရပ်သာရွာ ဦး​သက်၊​ ​ဒေါ်​ရွှေဆိုင်တို့​မှ ဖွား​မြင်၍ ငယ်မည် ဦး​အောင်သိန်း​ ဖြစ်သည်။
==နိုင်ငံ​ရေး​ ပုဂ္ဂိုလ်များ​ပုဂ္ဂိုလ်များ==​
သခင်ဝတင်သည် ဆင်မြီး​ဆွဲဇာတိဖြစ်၍ ၁၉၃၃ ခုနှစ်၊​ ပြည်ခရိုင် ဒို့​ဗမာ အစည်း​အရုံး​ဖွဲ့​သောအခါ ဥက္ကဌ ဖြစ်လာသည်။ စစ်ပြီး​ခေတ် ဖဆပလ အဖွဲ့​ချုပ်ကြီး​တွင် အမှု​ဆောင်ဖြစ်လာ၍ ပင်လုံညီလာခံ ပြုလုပ်စဉ်က ဖဆပလအဖွဲ့​ကြီး​မှ ​စေလွှတ်သည့်​ မြန်မာအဖွဲ့​၏ ​ခေါင်း​ဆောင် ဖြစ်သည်။ ဖဆပလ အစိုး​ရ​ခေတ် ပြည်သူ့​လွှတ်​တော် ကိုယ်စား​လှယ်အြဖစ် ​နောင်တွင် နိုင်ငံ​ရေး​ မှ ထွက်၍ နား​လိုက်သည်။
​မော်ကွန်း​ဝင် ပထမ ဆင့်​၊​ နိုင်ငံ့​ဂုဏ်ရည် ပထမဆင့်​ ရခဲ့​သည်။ တို့​ဗမာ အစည်း​အရုံး​ သမိုင်း​ပြုစု​ရေး​ အဖွဲ့​ဝင် ဖြစ်သည်။
ဆင်မြီး ​ဆွဲမြို့​၌ သခင်သန်း​ဦး​၊​ သခင်အိ၊​ သခင်လှအုံး​၊​ သခင်ဥ၊​ သခင်စိန်​မောင်၊​ သခင် စံနွဲ့​တို့​သည် နိုင်ငံ​ရေး​တွင် ထင်ရှား​ကြသည်။
ဆင်မြီး ​ဆွဲမြို့​တွင် ​ရှေး​ခေတ် ဒွတ္တ​ဘောင်မင်း​ကြီး​ တည်ခဲ့​သည့်​ အိုင်ဘုရား​ရှိသည့်​ အိုင်​ကျောင်း​၊​ ဥသျှစ်ပင်​ကျောင်း​၊​ ​ညောင်ပင်ကြီး​ကျောင်း​၊​ မြင်း​နီ​ကျောင်း​တို့​သည် ပရိယတ္တိစာသင်တိုက်ကြီး​များ​ဖြစ်၍ ထင်ရှား​သည်။
==ဆင်း​မလား​ စီမံကိန်း​ ( စက္ကြဖူစာတမ်း​စက္ကူဖြူစာတမ်း​ )==
၁၉၄၅ ခုနှစ်၊​ မတ်လ ( ၂၇ ) ရက်​နေ့​တွင် ဖက်ဆစ်​တော်လှန်​ရေး​ ဆင်နွဲခဲ့​သည်။ ဗြိတိသျှစစ်တပ်များ​ လည်း​ မြန်မာပြည်တွင်း​ ပြန်လည် ဝင်​ရောက်လာကြသည်။ ထိုအချိန်မှာ စစ်အတွင်း​ကာလ ဖြစ်၍ ဗြိတိသျှတို့​သည် မြန်မာနိုင်ငံကို စစ်အုပ်ချုပ်​ရေး​ဖြင့်​ အုပ်ချုပ်ခဲ့​လေသည်။
မြန်မာပြည်ကို အုပ်ချုပ်ရန် ဗြိတိသျှ စစ်​သေနာပတိ၏ လက်​အောက်၌ မြို့​ပြအုပ်ချုပ်​ရေး​ဌာနခွဲ ( Civil Affairs Service ( Burma ) ) တစ်ခုကို ဖွဲ့​စည်း​၍ အုပ်ချုပ်​စေသည်။ ၎င်းကို ကက်စ်ဘီ [ C.A.S ( B )] အုပ်ချုပ်​ရေး​ဟု ​ခေါ်ကြသည်။
မြန်မာပြည်သူတို့​သည် စစ်အုပ်ချုပ်​ရေး​ကို မလိုလား​ပေ။ ထို့​ကြောင့်​ ၁၉၄၅ ခုနှစ်၊​ ဩဂုတ်လ (၁၉) ရက်​နေ့​တွင် ရန်ကုန်မြို့​ ဗဟန်း​ရပ် ​နေသူရိန်ပွဲရုံ၌ လူထုစည်း​ဝေး​ပွဲကြီး​တစ်ရပ် ကျင်း​ပခဲ့​သည်။ တိုင်း​ရင်း​သား​ လူမျိုး​ပေါင်း​စုံ တက်​ရောက်ခဲ့​ကြသည်။ ၎င်း​နေသူရှိန် အစည်း​အ​ဝေး​ကြီး​မှ စစ်အုပ်ချုပ်​ရေး​ကို အြမန်ဆုံး​အမြန်ဆုံး​ ရပ်စဲပစ်ရန် တစ်ခဲနက်​တောင်း​ဆိုကြသည်။ ၁၉၄၅ ခု၊​ ​အောက်တိုဘာလ ( ၁၅ ) ရက်​နေ့​တွင် စစ်အုပ်ချုပ်​ရေး​ကို ရပ်စဲ​ပေး​ခဲ့​သည်။
မြန်မာပြည်၏ စစ်​ပြေး​ဘုရင်ခံ ဆာရက်ဂျီရယ်​ဒေါ်မန်စမစ်သည် ၁၉၄၅ ခု၊​ ဧပြီလ ( ၁၆ ) ရက်​နေ့​တွင် ရန်ကုန်သို့​ ပြန်​ရောက်လာသည်။ သူနှင့်​အတူ ဆင်း​မလား​ စီမံကိန်း​ ဆိုသည်ကိုလည်း​ ယူ​ဆောင်လာခဲ့​သည်။ ဆာ​ဒေါ်မန်စမစ်နှင့်​ ဗြိတိသျှ စစ်​ပြေး​အစိုး​ရသည် အိန္ဒိယ အစိုး​ရ ​နွေရာသီ ရုံး​စိုက်ရာ ဆင်း​မလား​မြို့​တွင် ရှိခဲ့​စဉ်က မြန်မာပြည်ကို ပြန်လည်သိမ်း​ပိုက်မိပါက မည်သို့​ မည်ပုံ အုပ်ချုပ်မည်ကို စီမံချက်များ​ ပရိုဂျက်များ​ရေး​ဆွဲခဲ့​သည်။ ဆင်း​မလား​မြို့​တွင် ​ရေး​ဆွဲခဲ့​သော ​ကြောင့်​ ‘ဆင်း​မလား​စီမံကိန်း​’ ဟု အမည်တွင်ခြင်း​ ဖြစ်​လေသည်။
ဘုရင်ခံ ဆာ​ဒေါ်မန်စမစ်သည် ရန်ကုန်သို့​ ပြန်​ရောက်ပြီး​ မြကာမီ အဂင်္လန်အင်္ဂလန် သို့​ ထွက်ခွာသွား​ခဲ့​သည်။ ဆင်း​မလား​ စီမံကိန်း​ကို ဗြိတိသျှအစိုး​ရထံ တင်ပြ၍ သ​ဘောတူညီချက် ​တောင်း​ခံရန် ဖြစ်သည်။ ၎င်းစီမံ ချက်ကို ဗြိတိသျှ ပါလီမန်က အတည်ပြုပြဌာန်း​ပြီး​နောက် ၁၉၄၅ ခု၊​ ​မေလ ( ၁၇ ) ရက်​နေ့​တွင် တရား​ဝင် ထုတ်ပြန်​ကြေညာခဲ့​သည်။ ဗြိတိသျှ ပါလီမန်က စက္ကူဖြူစာတမ်း​ ( White Paper ) အ​နြေဖင့်​ ထုတ်ပြန်​ကြေညာခဲ့​ခြင်း​ ဖြစ်​သော​ကြောင့်​ ဆင်း​မလား​ စီမံကိန်း​ကို ‘စက္ကူဖြူစာတမ်း​’ ဟူ၍လည်း​ ​ခေါ်ဆိုကြ​လေသည်။
ဆင်း​မလား​ စီမံကိန်း​တွင် အချက်​ပေါင်း​ ( ၇ ) ချက်ပါဝင်သည်။ စီမံကိန်း​အရ စစ်ပြီး​ကာလ မြန်မာနိုင်ငံတွင် ပြန်လည်ထူ​ထောင်​ရေး​ လုပ်ငန်း​များ​ ပြုလုပ်ရန် လိုအပ်သည်ဟု ဆိုကာ ပရိုဂျက်များ​ ချမှတ်ပြီး​ မြန်မာနိုင်ငံတွင် ဗြိတိသျှအရင်း​ရှင်ကြီး​များ​ ပြန်လည် ရင်း​နှီး​ မြှုပ်နှံနိုင်ရန် အစီအစဉ် လုပ်​ပေး​သည်။ လက်ဝါး​ကြီး​ အုပ် အရင်း​ရှင်များ​ ပြန်လည် ရှင်သန်​အောင် အား​ပေး​သည်။ ရည်ရွယ်ချက်မှာ စီး​ပွား​ရေး​တွင် ဗြိတိသျှတို့​ ထင်သလို ချယ်လှယ် ​ခေါင်း​ပုံဖြတ်ခွင့်​ ရ​စေရန် စီမံ ​ပေး​ခြင်း​ ဖြစ်​ပေသည်။
၎င်းစီမံကိန်း​တွင် မြန်မာနိုင်ငံအား​ ကိုယ်ပိုင်အုပ်ချုပ်​ရေး​ ​ပေး​မည် ဟု ဆိုထား​သော်လည်း​ နှစ်ကာလ အပိုင်း​အြခား​ တိတိကျကျ ​ဖော်ပြထား​ခြင်း​ မရှိ​ချေ။ ထို့​ပြင် ကိုယ်ပိုင်အုပ်ချုပ်​ရေး​ မ​ပေး​မီ ၁၉၄၅ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ သုံး​နှစ်တိုင်တိုင် ဘုရင်ခံက အာဏာကျင့်​သုံး​၍ အုပ်ချုပ်မည် ဖြစ်သည်။ ဤပြဌာန်း​ချက်မှာ အသစ်အဆန်း​ မဟုတ်​ချေ။ ‘၁၉၃၅ ခုနှစ်၊​ မြန်မာပြည်အစိုး​ရအက်ဥပ​ဒေ’ ( The Government of Burma Act 1935 ) ၏ ပုဒ်မ ၁၃၉ အရ ဘုရင်ခံအား​ ‘မိမိကြိုက်နှစ်သက်သလို စီရင်အုပ်ချုပ်ပိုင်ခွင့်​ အာဏာ’ ( Discretionary ) ​ပေး​အပ်၍ အုပ်ချုပ်​စြေခင်း​ပင် ဖြစ်သည်။ ပုဒ်မ ၁၃၉ သည် ဘုရင်ခံ လက်သုံး​ ပုဒ်မပင် ဖြစ်​ပေသည်။
၂၆၈၁၆

တည်းဖြတ်မှုများ