ဘရှင်၊ ဗိုလ်မှူး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၄၀ -
 
== ကိုယ်ရေးဖြစ်စဉ် ==
ဗိုလ်မှူးဘရှင်ကို ကျောင်းအုပ်ဆရာကြီး ဦးဟိန်း၊ ဒေါ်စောရင်တို့မှ ၁၉၁၄ ခုနှစ်တွင် [[ပျဉ်းမနားမြို့]]၌ ဖွားမြင်ခဲ့သည်။ ၁၉၃၈-ခုနှစ်တွင် ဂျင်ဆင်​ကောလိပ်မှ အ​ရှေ့​တိုင်း​ရာဇဝင်ဖြင့်​ ဝိဇ္ဇာဂုဏ်ထူး​ဘွဲ့​ ရခဲ့​သည်။ ဝိဇ္ဇာတန်း၌ [[ကျောက်စာ]]၊ ပုဂံခေတ် သမိုင်း သုတေသန၊ အရှေ့တိုင်းရာဇဝင် (ရှေးဟောင်း)၊ ဥရောပ-ဗြိတိသျှ အင်ပါရာ စသည့် ဘာသာတွဲများကို သမိုင်း (ဂုဏ်ထူး) ဖြင့် အောင်မြင်ခဲ့သည်။ ခေတ်လယ် တရုတ်-မြန်မာ ဆက်ဆံရေးနှင့် တရုတ်-မြန်မာ ကျောက်စာ သမိုင်းတို့ကို သုတေသန ပြုလုပ်ခဲ့သည်။
 
ဒုတိယ ကမ္ဘာစစ် မတိုင်ခင်တွင် ဝိဇ္ဇာတန်း၌ [[ကျောက်စာ]]၊ ပုဂံခေတ် သမိုင်း သုတေသန၊ အရှေ့တိုင်းရာဇဝင် (ရှေးဟောင်း)၊ ဥရောပ-ဗြိတိသျှ အင်ပါရာ စသည့် ဘာသာတွဲများကို သမိုင်း (ဂုဏ်ထူး) ဖြင့် အောင်မြင်ခဲ့သည်။ ခေတ်လယ် တရုတ်-မြန်မာ ဆက်ဆံရေးနှင့် တရုတ်-မြန်မာ ကျောက်စာ သမိုင်းတို့ကို သုတေသန ပြုလုပ်ခဲ့သည်။
 
ဒုတိယ ကမ္ဘာစစ်အတွင်း၌ အရှေ့အာရှ လူငယ်များ အစည်းအရုံးတွင် ဉာဏဗလ တာဝန်ခံဖြစ်ခဲ့ပြီ ဘီဒီအေခေတ်၌ ပညာရေး ဌာနတွင် သမိုင်းဘာသာရပ်ကို သင်ပြခဲ့သည်။ ဂျပန် တော်လှန်ရေး တိုင်း(၄) တွင် တာဝန် ထမ်းဆောင်ခဲ့သည်။ တပ်မတော်တွင် ၁၉၅၆ ခုနှစ်ထိ ဒုတိယဗိုလ်မှူးကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် မြန်မာနိုင်ငံ သမိုင်း ကော်မရှင်သို့ ကူးပြောင်း တာဝန် ထမ်းဆောင်ခဲ့သည်။
 
 
စစ်ပြီး​ခေတ်တွင် တပ်မ​တော်သို့​ ဝင်​ရောက်၍ စစ်မှတ်တမ်း​ရုံး​တပ်မှူး​အဖြစ်လည်း​ကောင်း​၊​ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး​ (ဗိုလ်မှူး​ကြီး​) အဖြစ် လည်း​ကောင်း​ ​ဆောင်ရွက်ခဲ့​သည်။ တပ်မ​တော်မှ အငြိမ်း​စား​ယူပြီး​သည့်​နောက် ကွယ်လွန်သည်အထိ သမိုင်း​ကော်မရှင်တွင် ကျမ်း​ပြုအရာရှိအဖြစ် အမှုထမ်း​ခဲ့​သည်။ ဗိုလ်မှူး​ဘရှင်သည် ရန်ကုန်တက္ကသိုလ်တွင် အ​ရှေ့​ဖျား​နှင့်​ မြန်မာ့​သမိုင်း​ကထိကအဖြစ်လည်း​ ​ဆောင်ရွက်ခဲ့​ပြီး​ သူပြုစုခဲ့​သော 'မြန်မာနိုင်ငံ​တော်သမိုင်း​'စာအုပ်မှာ တက္ကသိုလ်ဝင်တန်း​ ​ကျောင်း​သုံး​စာအုပ်အဖြစ် နှစ်အတန်ကြာ ပြဋ္ဌာန်း​သုံး​စွဲခဲ့​ရသည်။ ထို့​ပြင် သမိုင်း​နှင့်​ မြန်မာစာ​ပေဆိုင်ရာ သု​တေသန​ဆောင်း​ပါး​စာတမ်း​ အ​မြောက်အများ​ကိုလည်း​ ​ရေး​သား​ပြုစုခဲ့​သည်။ ဗိုလ်မှူး​ဘရှင်သည် မြန်မာနိုင်ငံ အစ္စလာမ်သာသနာ​ရေး​ကောင်စီဌာနချုပ် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ချုပ်အဖြစ်လည်း​ ​ဆောင်ရွက်ခဲ့​သည်။
 
ဗိုလ်မှူး​ဘရှင်အား​ နိုင်ငံ​တော်အစိုး​ရက ​ဇေယျ​ကျော်ထင်ဘွဲ့​ ချီး​မြှင့်​ခဲ့​လေသည်။
 
 
 
ဗိုလ်မှူး​ဘရှင်သည် တိုင်း​(၄)သတင်း​စာ ကိုလည်း​ထုတ်ခဲ့​သည်။ ထို့​ပြင် ၁၉၃၅ မှ ၁၉၄၁ အထိ မြန်မာ့​အလင်း​သတင်း​စာ၊​ သူရိယသတင်း​စာတို့​၏ သတင်း​ထောက်အဖြစ် တာဝန်ယူခဲ့​သည်။ ယုဒသန်​ကောလိပ်မဂ်ဂဇင်း​၏ မြန်မာအယ်ဒီတာအဖြစ်လည်း​ တာဝန်ယူခဲ့​သည်။ ဗိုလ်မှူး​ဘရှင်၊​ ဦး​ဘရှင် စသည့်​ က​လောင်အမည်များ​အပြင် စံ​အောင်၊​ ဗိုလ်မှူး​ဉာဏ၊​ ​မောင်ပင်တည်၊​ သု​တေသီ၊​ တိုင်း​(၄)ရဲ​ဘော်​ဟောင်း​၊​ ကင်း​ထောက်​မောင်၊​ ဝရီး​စံ စသည့်​က​လောင်ခွဲများ​ဖြင့်​လည်း​ သု​တေသန ​ဆောင်း​ပါး​များ​ ​ရေး​ခဲ့​သည်။
 
သမိုင်း ကော်မရှင်၌ ကျမ်းပြုအရာရှိအဖြစ် ဆောင်ရွက်နေစဉ် သမိုင်းတံခွန် ဂျာနယ်တွင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာတို့ဖြင့် သုတေသန စာတမ်းများကို ရေးသားခဲ့သည်။
Line ၅၂ ⟶ ၆၀:
 
တက္ကသိုလ်၊ အုပ်ချုပ်ရေးရုံးမှ ထုတ်ဝေသော ပညာပဒေသာ စာစောင်၊ ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ် မြန်မာစာ အသင်း၊ သတ္တဗေဒ အသင်း၊ မွတ်စလင် ကျောင်းသားများ အသင်း စသည်တို့မှ ထုတ်ဝေသော မဂ္ဂဇင်းများ၊ ငွေတာရီ၊ ပညာတန်ဆောင်၊ လုပ်သားပြည်သူ နေ့စဉ် (အင်္ဂလိပ်-မြန်မာ) သတင်းစာများတွင်လည်း သုတေသန ဆောင်းပါးများ ရေးသားခဲ့သည်။
 
၁၉၇၀ ပြည့်၊ ဇန်နဝါရီလ ရ ရက်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ မကွယ်လွန်မီက '''အနော်ရထာအရင်က မြန်မာနိုင်ငံ''' စာအုပ်ကို နောက်ဆုံး ရေးသားခဲ့သည်။ ကွယ်လွန်ချိန်တွင် မြန်မာနိုင်ငံ သမိုင်း ကော်မရှင်၌ အစောပိုင်း မြန်မာနိုင်ငံ သမိုင်းကျမ်း ပြုစု ရေးသားနေဆဲ ဖြစ်သည်။
ဗိုလ်မှူးဘရှင်သည် သင့်ဘဝ၊ ငွေတာရီ၊ မြဝတီ၊ စစ်ပညာဂျာနယ်၊ ပညာပဒေသာ၊ ပညာလောက၊ ပညာတန်ဆောင် ယဉ်ကျေးမှု စာစောင်၊ ခေတ်ကြေးမြင် နှစ်လည် မဂ္ဂဇင်း၊ ရန်ကုန် တက္ကသိုလ် သတ္တဗေဒ နှစ်ပတ်လည် စာစောင်နှင့် အခြားသော မဂ္ဂဇင်းများတွင် ဆောင်းပါးများ ရေးသား ခဲ့ပါသည်။
 
 
ထို့​နောက် သူ၏ ​နောက်ဆုံး​စာအုပ်ဖြစ်​သော 'အ​နော်ဂထာအရင်က မြန်မာနိုင်ငံ'အမည်ရှိစာအုပ်ကို ပုဂံစာအုပ်တိုက်မှ ထုတ်​ဝေရန် စီစဉ်​နေဆဲ ၁၉၇ဝပြည့်​နှစ် ဇန္နဝါရီလ (၇)ရက်​နေ့​ ည​နေ(၅း​၅၀)နာရီအချိန်တွင် ၊​ ပြည်လမ်း​ ​ခြောက်မိုင်ခွဲ၊​ ​ရွှေဟင်္သာလမ်း​၊​ အမှတ် (၅၁) ​နေအိမ်၌ နှလုံး​ရောဂါဖြင့်​ ကွယ်လွန်သွား​ခဲ့​သည်။
ကွယ်လွန်ချိန်တွင် ဇနီး​ ​ဒေါ်ခင်​မေကြီး​ (သတ္တ​ဗေဒဌာနကထိက)နှင့်​ သား​မောင်ဉာဏ်ထိန်၊​ သမီး​ မဉာဏ်သစ်၊​ မနီလာ၊​ မ​အေး​အေး​၊​ မ​ထွေး​ထွေး​တို့​ ကျန်ရစ်ခဲ့​သည်။
 
 
သူ၏ ထင်ရှား​သော စာအုပ်မှာ'​ခေတ်သစ်မာဃ'(၁၉၃၇)၊​ 'မြန်မာနိုင်ငံ​တော်သမိုင်း​'(၁၉၄၈)၊​ 'အ​နော်ရထာအရင်က မြန်မာနိုင်ငံ'(၁၉၇၁) စသည်တို့​ဖြစ်သည်။ '​လောကထိပ်ပန်' ကျမ်း​ကိုလည်း​ အင်္ဂလိပ်ဘာသာဖြင့်​ ပြုစုခဲ့​သည်။
== ဗိုလ်မှူး ဘရှင် ရေးသား ပြုစုခဲ့သော စာအုပ်များ ==
# ခေတ်သစ်မာဃ'(၁၉၃၇)
# အရှေ့အာရှစစ်ကြီးနှင့် သဘောတူညီမှု အကျိုးခံစားရေး စနစ် ၁၉၄၄
# ဥရောပ စီးပွားရေး ရာဇဝင် (ပထမပိုင်း) ၁၉၄၅
# မြန်မာနိုင်ငံတော်သမိုင်း ၁၉၅၆၁၉၄၈
# ပြည်သူ့ရေးရာ (ပထမတွဲ) ၁၉၆၀
# အစ္စလာမ်ဖြစ်စဉ်သမိုင်း ၁၉၆၀