အာဖရိကတိုက်ရှိ လူမျိုးများ: တည်းဖြတ်မှု မူကွဲများ

"အာဖရိကတိုက်၌ လ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၈:၃၄၊ ၂၀ ဇူလိုင် ၂၀၁၄ ရက်နေ့က မူ

အာဖရိကတိုက်၌ လူမျိုးပေါင်းများစွာ နေထိုင်ကြသည်။ နီဂရိုးခေါ် ကပ္ပလီလူမျိုးသည် လူဦးရေ အများဆုံးဖြစ်သည်။ အာရပ်တို့သည် အာဖရိကမြောက်ပိုင်းကို ခရစ်နှစ် ၆ဝဝ ကျော်လောက်က ဝင်ရောက် သိမ်းပိုက်လိုက်သောအခါ ယင်းတို့နှင့်အတူ အစ္စလာမ်ဝါဒပါ ရောက်ရှိလာလေသည်။ အာရပ်တို့ မရောက်မီ ယဟူဒီလူမျိုးများ၊ ဗာဗာလူမျိုးများ၊ တူးအားရက်လူမျိုးများ၊ အီဂျစ်မှာလာသော ကော့လူမျိုး၊ အီသီအိုး ပီးယားနှင့် ဆိုမာလီလူမျိုးတို့ ရှိနှင့်ပြီး ဖြစ်သည်။ အာရပ်နှင့် ယဟူဒီလူမျိုးတို့ကိုပေါင်း၍ ဆီမိုက်လူမျိုး များဟု ခေါ်၍ ဗာဗာ၊ တူအားရက်၊ ကော့၊ အီသီအိုးပီးယားနှင့် ဆိုမာလီလူမျိုးတို့ကိုပေါင်း၍ ဟမိုက်လူမျိုး များဟု ခေါ်သည်။ အာဖရိက မြောက်ပိုင်းတွင်နေသော ယင်းလူမျိုးများသည် တောင်ပိုင်း၌နေကြသော နီးဂရိုး လူမျိုးများနှင့် ရောမိကြသည်။ အာဖရိကရှိ နီးဂရိုးလူမျိုးတွင် ဓလေ့ထုံးစံ အနေအထိုင် ကိုစွဲ၍ အုပ်စုနှစ်စုကွဲသည်။ တစ်စုကား အနောက်အာဖရိက နီဂရိုးခေါ် ဆူဒန်နယ်သား အနွယ်များဖြစ်၍ ကျန်တစ်စုမှာ ဗန်တူနီးဂရိုး ဖြစ်သည်။ ဆူဒန်နီဂရိုးသည် အီကွေတာ၏ မြောက်ဘက် ဆဟာရသဲကန္တာရနား ကပ်နေသောဒေသတွင် နေထိုင်ကြ၍ နီးဂရိုးလူမျိုးများအနက် နီးဂရိုးလူမျိုးအစစ်ဆုံးဖြစ် ကြသည်။ ကြံ့ခိုင်၍ အရပ်အမောင်းကောင်းသည်။ အသားမဲ၍ မျက်နှာပြားသည်။ ယင်းလူမျိုးများနှင့် ဟမိုက်လူမျိုးများတို့ သွေးနှောကာ အာဖရိကမြောက်ပိုင်း၌ နေထိုင်၍ ကောက်ပင် သီးနှံများ စိုက်ပျိုးအသက်မွေးကြသည်။ ဗန်တူနီးဂရိုးများကိုမူ အာဖရိက တောင်ပိုင်း၌ တွေ့ရသည်။ ဗန်တူဘာသာစကားကို ပြောဆိုကြသည်ကိုစွဲ၍ ဗန်တူနီးဂရိုးဟု တွင်ခြင်းဖြစ်သည်။ ယင်းတို့တွင် ဆူဒန်နီဂရိုးတို့ထက် ပိုရိုင်း၍ အတိုက်အခိုက် ပိုမိုဝါသနာပါသည်။ တစ်နေရာ တည်း၌ အတည်တကျမနေဘဲ လှည့်လည်သွားလာ နေတတ်သည်။ အထက်ပါလူမျိုးများအပြင် အီကွေတာ သစ်တောဒေသ၌ နေထိုင်ကြသော ဗွတ်ရှမင်လူမျိုး၊ ပစ်ဂမီလူမျိုး၊ ဟော့တင်းတော့လူမျိုးများလည်း ရှိသေးသည်။ ဗွတ်ရှမင်လူမျိုးတို့သည် အာဖရိကတိုက်၌ နေထိုင်ကြသော လူမျိုးများအနက် ရှေးအကျဆုံးလူမျိုးများဟု အဆိုရှိသည်။ ရှေးက အာဖရိကတောင်ပိုင်းတစ်ခုလုံးလိုလိုတွင် တွေ့ရှိရသော် လည်း အခြားလူမျိုးများ ဝင်ရောက်လာသောအခါ ကလဟာရီ သဲကန္တာရနှင့် အခြားလူသူမနေသော အပိုင်းသို့စု၍ နေထိုင်ကြ သည်။ ယခုအခါ လူဦးရေ ၇၅ဝဝ ခန့်သာရှိတော့သည်ဟု ခန့်မှန်းရသည်။ အရပ်ပု၍ အသားညိုသည်။ ပစ်ဂမီ လူမျိုးများ သည် ဗွတ်ရှမင်တို့ထက် ပို၍ပုသည်။ အရပ်လေးပေခန့်သာ ရှိတတ်သည်။ များသောအားဖြင့် ကွန်ဂိုနှင့် ကင်ညာနိုင်ငံ သစ်တောများတွင် နေထိုင်ကြသည်။ အာဖရိကတိုက်တွင် ပစ်ဂမီလူမျိုး ၃ဝဝဝဝ ခန့်ရှိသည်ဟု ခန့်မှန်းကြသည်။

ဟော့တင်းတော့လူမျိုးသည် ပစ်ဂမီလူမျိုးနှင့် သွေးနီးစပ်၍ ဟမိုက်လူမျိုးသွေးလည်း ပါသည်။ အရပ်ပုသော် လည်း ဗွတ်ရှမင်တို့ထက်ထွား၍ မျက်နှာပို ပေါ်သည်။ ယခုမူ ယင်းလူမျိုးဟူ၍ အနည်းငယ်သာ ရှိတော့သည်။ အာဖရိက တိုက်၏ တိုင်းရင်းသားများအပြင် ပြင်သစ်၊ အင်္ဂလိပ်၊ စပိန်၊ ဒပ်ချ၊ ပေါ်တူဂီ၊ ဂျာမန်နှင့် ဗဲလဂျီယန်လူမျိုးများလည်း အများ အပြား လာရောက်နေထိုင်ကြသည်။ အထူးသဖြင့်အာဖရိကတိုက် တေင်ဘက်စွန်းနှင့် မြောက်ဘက်စွန်း ရာသီဥတုမျှတရာဒေသ တွင် အနေများသည်။ များသောအားဖြင့် အစိုးရအမှုထမ်းများ၊ သတ္တုတွင်းနှင့် စိုက်ခင်းပိုင်ရှင် များဖြစ်၍ စုစုပေါင်းလူဦးရေ လေးသန်းကျော်ကျော်ရှိသည်။အာဖရိကတိုက် မြောက်ပိုင်းတွင် အာရေဗစ်စကားကို အဓိကထား၍ ပြောဆိုကြသည်။ အာဖရိကတိုက် ရှေ့ပိုင်းတွင်မူ ဆွာဟိလိစကား အဓိကထား ပြောဆိုကြသည်။အာဖရိကတိုက်နေ လူမျိုးများသည် များသောအားဖြင့် စာရေးစာဖတ်ပင် မတတ်ကြချေ။ သူတို့ပြောဆိုသော စကားကို စာဖြင့်ရေးလေ့ မရှိကြသည့်အပြင် ပုံနှိပ်ခြင်းလည်း မရှိကြချေ။ ကလေးများသည် များသောအားဖြင့် ကျောင်းမနေကြချေ။ သို့သော် အာဖရိကတိုက်အတွင်း ဒေသအမြောက်အမြား၌ ပညာသင်ကြားရေးတွင် တိုးတက်စေရန် ပြုလုပ်လျက်ရှိကြ လေသည်။ သာသနာပြုကျောင်းများက ထိုကိစ္စကိုပို၍ ဆောင်ရွက်ကြလေသည်။ ဒေသအမြောက်အမြားရှိ အစိုးရများ က ယခုအခါ ပညာရေးတွင် တာဝန်ယူကာ ဆောင်ရွက်ပေး လျက် ရှိကြလေသည်။ အီဂျစ်နိုင်ငံတွင် တက္ကသိုလ်အတော် များများရှိ၍ တောင်အာဖရိကနိုင်ငံအတွင်း၌ တက္ကသိုလ်ကျောင်း ကိုးကျောင်း ရှိသည်။ ဒုတိယကမ္ဘာစစ်အတွင်းက အာဖရိက တိုက်အတွင်း၌ တက္ကသိုလ် အမြောက်အမြားကို စတင်၍ တည်ထောင်ခဲ့ကြလေသည်။ ဗန်တူလူမျိုးမှ လူအမြောက်အမြား၊ ဆူဒန်နီးဂရိုးလူမျိုးမှ လူအမြောက်အမြားနှင့် အာဖရိကတိုက်ရှိ လူဦးရေ တစ်ဝက် ကျော်ကျော်သည် နတ်ကိုကိုးကွယ်သူများ ဖြစ်ကြလေသေည်။ မှော်အတတ်တွင် ယုံကြည်သူ များလည်းများသည်။ အာဖရိကတိုက် မြောက်ဘက်ပိုင်း ဆဟာရသဲကန္တာရ၊ ဆူဒန်မြောက်ဘက်ပိုင်း၊ အာဖရိကတိုက် အရှေ့မြောက်ဘက် စွန်းနေ လူမျိုးများသည် များသောအားဖြင့် အစ္စလာမ် အယူဝါဒကို သက်ဝင်ယုံကြည်ကြသည်။ အီဂျစ်နှင့် အီသီအိုးပီးယားနိုင်ငံများအတွင်းရှိ လူပေါင်း ၅ဝဝဝဝဝဝ ခန့်သည် ခရစ်ယာန်အယူဝါဒကို ကိုးကွယ်ကြသည်။ တောင် အာဖရိကနိုင်ငံဘက်တွင် ခရစ်ယာန်အယူဝါဒကို ယုံကြည်ကြသူ သန်းပေါင်းများစွာ ရှိသည်။

အာဖရိကတိုက်သားတို့၏ နေထိုင်ပုံသည် တစ်နေရာနှင့် တစ်နေရာ ရာသီဥတု ကွဲလွဲသကဲ့သို့ မတူညီကြချေ။ အပူပိုင်းသစ်တော ဒေသနေ အာဖရိကတိုက်သားများသည် အစာများကို စုဆောင်းခြင်း၊ မုဆိုးတံငါ လုပ်ကိုင်ခြင်းဖြင့် နေထိုင်ကြသည်။ အချို့က လယ်ယာအနည်းငယ်ကို ထွန်ယက် စိုက်ပျိုးကြသည်။ ထိုဒေသ၌ ကျွဲ၊ နွား၊ တိရစ္ဆာန်များတွင် ရောဂါထူပြောသဖြင့် အသားစားသူ နည်းပြီးလျှင် ကျွဲ၊ နွား မွေးမြူသူလည်း နည်းပါးသည်။ ထိုဒေသ၏ မြောက်နှင့် တောင်ဘက်တို့တွင်မူ ဖူးပြောင်း၊ ဆန်ပြောင်း၊ လူးနှင့် မြေပဲများသည် အရေးကြီးသော အစားများ ဖြစ်ကြလေသည်။ သွေ့ခြောက်သော ဒေသများတွင် နေထိုင်ကြသူများကမူ ကျွဲ၊ နွားနှင့် သိုးများကို မွေးမြူကြသည်။ နို့၊ အသားနှင့် သားရေ အတွက် ဆိတ်များကိုလည်း မွေးကြသေးသည်။ အရှေ့အာဖရိ တိုက်နေ လူများက ကျွဲ၊ နွားများကို ဥစ္စာဓနအဖြစ် သဘောထားကြသောကြောင့် အစာအဖြစ် ကျွဲ၊ နွားများကို သတ်ခဲကြသည်။ ပို၍ ပူနွေးသောဒေသနေ အာဖရိကတိုက်သားများသည် အဝတ်ကို အနည်းငယ်မျှသာ ဝတ်ဆင်ကြလေသည်။ သစ်တော နေ လူမျိုး အမြောက်အများကမူ အဝတ်ပင် ဝတ်လေ့မရှိကြ ချေ။ ဝတ်ဆင်ကြလျှင်လည်း အနည်းငယ်မျှသာ ဝတ်ဆင်ကြ လေသည်။ နီးဂရိုးလူမျိုးများသည် များသောအားဖြင့် အရောင် နှင့် အလှအပ များကို လွန်စွာ စုံမက်ကြလေသည်။ အဝတ် ဝတ်သည်မှာ နည်းပါးလှသဖြင့် သူတို့၏ကိုယ်တွင် ဆေးများ ဖြင့် လိမ်းခြယ်၍ အလှအပများကို ဆွဲထားလေ့ရှိကြသည်။ ယခုအခါတွင်မူ ပူအိုက်သောဒေသတွင် နေထိုင်ကြသူများက ချည်ထည်များကို ဝတ်ဆင်ကြ၍ ပို၍အေးသောဒေသများတွင် နေထိုင်ကြသူများက သိုးမွေးထည် များကို ဝတ်ဆင်ကြလေ သည်။

သဲကန္တာရအတွင်း၌ လှည့်လည် နေထိုင်ကြသူများသည် နေပူနှင့် တိုက်ခတ်သည့်လေကြောင့် လွင့်စဉ်လာသော သဲမှုန့်များ၏ ဒဏ်ကို ကာကွယ်နိုင်ကြစေရန် ဝတ်ရုံပွကြီး များကို ဝတ်ဆင်လေ့ ရှိကြသည်။ ဗန်တူလူမျိုးတို့သည် များသောအားဖြင့် ရွာငယ်ကလေးများ ဖွဲ့ကာ နေလေ့ရှိကြသည်။ ထိုရွာငယ်ကလေး များထဲတွင် တဲများကို ဝိုင်း၍ ဆောက်လေ့ရှိကြပြီးလျှင် ထိုတဲဝိုင်းများကို တစ်ဖန် ဆူးများဖြင့် ခြံကာထားလေ့ ရှိကြသည်။ တစ်ဖန် ရွာတိုင်း၏ အလယ်တွင် ခြံကာထားသော တဲများကိုစု၍ ဆောက်ထားလေ့ ရှိကြပြန်သည်။ ထိုအလယ်တဲများသည် တိရစ္ဆာန်များထားရန်အတွက် ဖြစ်သည်။ ထိုသို့ပြုလုပ်ထား သဖြင့် လူနှင့် မွေးမြူထားသော တိရစ္ဆာန်များသည် ဘေးရန်မှ ကင်းရှင်းနိုင်ကြလေသည်။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)