မက္ကထရောနစ်ပညာရပ်: တည်းဖြတ်မှု မူကွဲများ
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
No edit summary |
No edit summary |
||
MechatronicsဟူသောစကားလုံးကိုYaskawa Electric Corporation မှ လုပ်သက်ရင့်အင်ဂျင်နီယာ Mr.Tetsuro Mori က ၁၉၆၉ခုနှစ်တွင်"Japanese-English" စကားလုံးအဖြစ်စတင်တီထွင်သုံးစွဲခဲ့ပြီး ၁၉၇၁ ခုနှစ်တွင် မှတ်ပုံတင်နံပါတ် ၄၆-၃၂၇၁၄ အဖြစ် ဂျပန်နိုင်ငံတွင်မှတ်ပုံတင်ခဲ့သည်။သို့သော် ယင်းနောက်ပိုင်းတွင် ကုမ္ပဏီသည်အဆိုပါစကားလုံးကိုအများပြည်သူသုံးစွဲရန်အတွက်မူပိုင်ခွင့်ဖြေလျော့ပေးခဲ့သည်။ထို့နောက်၎င်းစကားလုံးသည် ဂျပန်စကားလုံးမှ Native English စကားလုံးအဖြစ်သို့ပြောင်းလဲလာခဲ့သည်။ ယခုအခါ ဘာသာအသီးသီးသို့ပြာင်းလဲပြန်ဆိုခဲ့ကြရာ စက်မှုလောကတွင် မရှိမဖြစ်စကားလုံးတစ်ရပ်ဖြစ်လာခဲ့သည်။
ပြင်သစ်စံနှုန်းအဖွဲ့အစည်း NF E 01-010 အရအဓိပါယ်ဖွင့်ဆိုထားသည်မှာ ’’ မက္ကင်းနစ်၊အီလက်ထရောနစ်၊ထိန်းချုပ်သီအိုရီနှင့် ကွန်ပြူတာသိပ္ပံ ပညာရပ်တို့ကို ထုတ်ကုန်ဒီဇီုင်းနှင့် ကုန်ထုတ်ပညာရပ်တို့တွင် တည်ဆောက်မှုပိုင်းအရ တိုးတက်စေရန် နှင့် စွမ်းဆောင်ရည်ကောင်းမွန်လာစေရန် ပေါင်းစပ်ဖွဲ့စည်းအသုံးချရသော ပညာရပ်’’တစ်ခုအဖြစ်အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။
|