ဘသော် (ခ) မောင်သော်က၊ ဗိုလ်မှူး: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၇ -
မြန်မာ့ တပ်မတော် (ရေ) တွင် ဗိုလ်မှူးအဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့သည်။ ထို့ကြောင့် ဗိုလ်မှူး ဘသော်ဟု လူသိများသည်။ မေယုတိုက် သင်္ဘောကို အင်္ဂလိပ် အစိုးရထံမှ ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင် လွှဲယူခဲ့စဉ်က ဗိုလ်ဘသော်သည် သင်္ဘောပေါ်တွင် အလံတင်သည့် ဂုဏ်ပြု တပ်ဖွဲ့ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။
 
မောင်သော်က အမည်ဖြင့် စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။ အထူးသဖြင့် သရော်စာသရော်စာရေးရာတွင် ရေးရာတွင် နာမည်ကြီးသူ တဦးနာမည်ကြီးသူတဦး ဖြစ်သည်။ မဆလခေတ် တလျှောက်မဆလခေတ်တလျှောက် ခေတ်စနစ်နှင့် လူထု ဘဝကို ထင်ဟပ်၍ ထိထိမိမိ ဖွင့်ချရေးသားခဲ့သူ ဖြစ်သည်။ နိုင်ငံတကာ စာပေနိုင်ငံတကာစာပေ တချို့ကို ဘာသာ ပြန်ခဲ့သည်။ဘာသာပြန်ခဲ့သည်။ ၁၉၈၈ ခုနှစ် မတိုင်မီက ရေးသားခဲ့သည့် "တိုက်ရေယာဉ် ၁၀၃" အမည်ရှိ ဝတ္ထုဟန် ကိုယ်တွေ့ မှတ်တမ်းမှာ လူကြိုက်များ ထင်ရှားသည်။
 
၈၈၈၈၁၉၈၈ခု ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံတွင်ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံတွင် ရှေ့တန်းမှ ပါဝင်ခဲ့သည်။ ထို့နောက် စာနယ်ဇင်း သမဂ္ဂတွင် ဥက္ကဋ္ဌ အဖြစ် ရွေးချယ် ခံရသည်။ နိုင်ငံရေးပါတီများ ဖွဲ့စည်းချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ ဆက်လက်ပါဝင်သည်။ ဗဟိုဦးစီးအဖွဲ့ဝင်နှင့် စစ်ကိုင်းတိုင်း စည်းရုံးရေး တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၈၉ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ၁၉၅ဝ ပြည့်နှစ်၊ အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (က)၊ ၅ (ခ) တို့ဖြင့် ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်ခံရသည်။
ဦးဘသော်၏ လှောင်ပြောင် သရော်သော မိန့်ခွန်းများ၊ ကဗျာများနှင့် ဆောင်းပါးများမှာ မြန်မာနိုင်ငံတွင် နာမည်ကြီး လူကြိုက်များလှသည်။ "သူ့ စာပေက ပြည်သူတွေကို ရယ်စေတယ်။ တချိန်တည်းမှာ ဒေါသနဲ့ နာကြည်းမှုတွေကိုလည်း လှုံ့ဆော်ပေးတယ်" ဟု သူ့ မိတ်ဆွေတဦးက ပြောပြသည်။ သူသည် ကမ္ဘာ့စာပေထဲမှ အမြောက်အများကို မြန်မာဘာသာသို့ ပြန်ဆိုပေးခဲ့သည်။ သူ့အား ဖမ်းဆီးထောင်ချထားစဉ် ကာလမှာပင်လျှင် သူသည် ကဗျာများကို လျှို့ဝှက် ရေးခဲ့သေးသည်။