နယူတန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 1 interwiki links, now provided by Wikidata on d:q935 (translate me)
စာကြောင်း ၃၄ -
 
== သင်္ချာဘာသာရပ် ==
 
၁၆၆၃ နွေနှောင်းရာသီတွင် သူသည် သင်္ချာဘာသာရပ်ကို စတင်ကာ စိတ်ဝင်စားခဲ့သည်။ သင်္ချာဘာသာရပ်နှင့် ဆက်နွယ်ကာ နက္ခတ္တဗေဒ ဘာသာရပ်ကိုလည်း လေ့လာခဲ့သည်။ ၁၆၆၃ ပြီလ ၂၈ ရက်တွင် ကောလိပ်၏ ပညာသင်ဆုရ ကျောင်းသားအဖြစ် ရွေးချယ်ခြင်းကို ခံရသည်။ နယူတန်သည် ကျောင်းပညာရပ်များတွင်သာ စိတ်ဝင်စားနေရာ သူ၏ အချစ်ဇာတ်လမ်းမှာ အေးစက်သွားခဲ့ပြီး စေ့စပ်ထားသော ချစ်သူ Miss Storey က အခြားလူတစ်ယောက်နှင့် လက်ထပ်သွားလဲ့လေသည်။ နယူတန်သည် အချစ်ကို တန်ဖိုးထား မြတ်နိုးလေသူ ဖြစ်သဖြင့် နောက်ထပ် အချစ်မရှာ ၊ အိမ်ထောင်လည်း မပြုပေ။
 
Line ၄၀ ⟶ ၃၉:
 
နယူတန်သည် အိမ်မှာနေစဉ်အတွင်း သင်္ချာဘာသာရပ်ကို မပြတ်လေ့လာနေခဲ့သည်။ ကျောင်းပိတ်ထား၍ အိမ်မှာနေစဉ် ၂ နှစ်အတွင်းတွင် သင်္ချာနှင့် ရူပဗေဒ ဆိုင်ရာ ပြဿနာများကို တွေ့ရှိ ဖြေရှင်းနိုင်ခဲ့သည်။ ကမ္ဘာ မြေကြီးဆွဲအားနိယာမ (The Law of Universal Gravitation) ၊ အဖြူရောင်သည် သက်တန့်ရောင်စဉ်များဖြင့် ဖွဲ့စည်းထားကြောင်း (The Theory of Optics) ၊ သင်္ချာဘာသာရပ်ဖြစ်သော integral and differential calculus များကို ရှာဖွေတွေ့ရှိခဲ့သည်။
 
သူတီထွင်ခဲ့သော သင်္ချာ သီအိုရီများမှာ အလွန်အရေးပါပြီး သင်္ချာဘာသာ ပညာရပ်အတွက် အလွန်အသုံးဝင်လှသည်။ ဆာ အိုင်းဆက် နယူတန်ကိုသင်္ချာပညာပါရမီရှင် တစ်ဦးအဖြစ် ယူဆ သတ်မှတ်ထားသည်။ နယူတန်သည် " Principia " အမည်ရှိ စာအုပ်သုံးအုပ်တွဲ သင်္ချာကျမ်းကို ၁၆၈၇-ခုနှစ်တွင် ရေးသားထုတ်ဝေခဲ့သည်။ အဆိုပါ စာအုပ်များတွင် သူ့၏ ထင်ရှားကျော်ကြားသော နယူတန် ရွေ့လျားမှုနိယာမ (၃) မျိူးကို ရေးသား ဖော်ပြထားသည်။ နယူတန်၏ ရွေ့လျားမှု နိယာမကို မက္ကင်းနစ် ရူပဗေဒ ပညာရပ်၏ အဓိက အခြေခံ အဖြစ် ယူဆသတ်မှတ်ထားသည်။ အဆိုပါ စာအုပ်များထဲတွင် စကြာဝဠာ ဆွဲအား ဥပဒေသ နှင့် ဂြိုဟ်များ၏ ရွေ့လျားမှု ဆိုင်ရာ ကက်ပလာ ဥပဒေသ ( Kepler's Law ) များကိုလည်း ရေးသား ဖော်ပြထားသည်။
 
== ကမ္ဘာမြေကြီးဆွဲအား ==