လော်ဝေါ်လူမျိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:Mayu.jpg|right]]
== လော်ဝေါ်လူမျိုး (ခ) မရူလူမျိုး ==
::::::::::::::::::'''မြန်မာစကားနှင့် အဓိပ္ပါယ်တူ၊ အသံထွက်တူသော စကားလုံးပေါင်း မြောက်များစွာပါဝင်သည့်လူမျိုး'''
လော်ဝေါ်လူမျိုးသည် မြန်မာနိုင်ငံတွင်းမှ တိုင်းရင်းသား မျိုးနွယ်စုဖြစ်သည်။ လော်ဝေါ်လူမျိုးသည် ကချင်မျိုးနွယ်စုဖြစ်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်း [[ကချင်ပြည်နယ်]] [[မြစ်ကြီးနားခရိုင်]] အရှေ့မြောက်ဘက်ရှိ လောခေါင်း(lhao khaung:)နယ်၊ ထောလန်နယ်၊ တောင်ဘက် ဆဒုံးနယ်နှင့် ဗန်းမော်နယ်များ တွင် အများဆုံး နေထိုင်ကြသော တောင်ပေါ်သားများ ဖြစ်ကြသည်။ [[ရှမ်းပြည်မြောက်ပိုင်း]]တွင်လည်း နေထိုင်ကြသည်။
 
စာကြောင်း ၂၂ -
*(င) တောင်ဘက် ဆဒုံးနှင့် ဗန်းမော်နယ်များ၊ (ယင်းတို့တွင် မရူလူမျိုးအုပ်စု အနည်းငယ်နှင့် အခြားလူမျိုးများ၌ ကြားရောယှက်နေထိုင်လျက် ရှိသည်။)
 
မရူ ဆိုသည့် အမည်မှာ ဂျင်းဖော (ကချင်) လူမျိုးတိ့ ု၏လူမျိုးတို့၏ ခေါ်ဝေါ်အသုံးပြုသော အမည်သာဖြစ်သည်။ စင်စစ် လော်ဝေါ်တို့ ကမူ မိမိတို့ ကိုယ်ကို လောင်ဝေါ လူမျိုးဟု ခေါ်ဝေါ်ကြသည်။လော်ဝေါ်မှာလော်ဝေါ် ဘာသာအားဖြင့် ချောင်းရိုးတစ်လျှောက်နေသော လူမျိုးဟု အဓိပ္ပါယ်ရလေရာ၊ အဓိကအားဖြင့် မေခမြစ်ဝှမ်း တစ်လျှောက်တွင် မှီတင်းနေထိုင်ကြခြင်းကို ဆိုလိုဟန်တူသည်။ လော်ဝေါ်လူမျိုးသည် မိမိတို၏ဘိုးဘွားများ. အစဥ်အလာအတိုင်း တောင်ယာစိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့်သာ ဝမ်းစာအတွက် ရှာဖွေစားသောက် ကြသည်။ တောင်ယာများမှာ တစ်နှစ်ထက် တစ်နှစ် မြေဩဇာ ညံ့ဖျင်းလာသဖြင့် ဝမ်းစာ ဖူလုံရေးအတွက် အတော်ပင် ပင်ပင်ပန်းပန်း လုပ်ကိုင်ကြ ရသည်။ လော်ဝေါ်လူမျိုးသည် ရိုးရာအစဥ်အဆက်အားဖြင့် နတ်ကိုးကွယ်လာကြသူများ ဖြစ်သည်။ လွန်ခဲ့သော နှစ်များက ခရစ်ယာန် သာသနာပြု အဖွဲများ ကြိုးပမ်းမှုများကြောင့် ခရစ်ယာန် အယူဝါဒီများ တစ်စတစ်စ များပြားလာကြသည်။ နတ်ကိုးကွယ်သည့် အစဥ်အလာရှိသည့် အလျောက် ချင်းခွန်ခေါ် အိမ်စောင့်နတ်နှင့် စမ်နဲ(ခေါ် )မနောပွဲ နတ်များကို အိမ်အတွင်း နတ်စင်ထိုး ကိုးကွယ်လေ့ရှိကြသည်၊
 
== ရိုးရာဝတ်စုံ ==