ရှမ်းလူမျိုး: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၄ -
== နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ ==
ရှမ်းလူမျိုးတို့မှာ တိဘက်-တရုတ်မျိုးရင်း ဖြစ်သည်။ နန်ကျောက် (နန်ကျောင်းဟုလည်း အရေးအသားရှိ) အနွယ်ဝင် (ရှမ်း-တိုင်း)များ ဖြစ်သည်။ အေဒီ ၉ ရာစု အစဦးတွင် တရုတ်ထန်မင်းဆက်၏ တန်းခိုးထွားလာမှုအောက်တွင် နန်ကျောက်ပြည်ကြီး (ယခုယူနန်ပြည်နယ်၊ တာလီဒေသ) ပြိုလဲပြီး အင်အားနည်းပါးသွားခဲ့ရသည်။ သို့သော် အလုံးစုံ ပျက်စီးသွားသည်ဟု မဆိုနိုင်ဘဲ ထန်မင်းဆက်ကုန်၍ စုန်မင်းဆက် လက်ထက်ထိတိုင် ရပ်တည်နေနိုင်ခဲ့သေးသည်။
 
[[File:ShanLuuMyo.jpg|thumb|ရှမ်း လူမျိုး]]
[[File:Shannnnnnn.jpg|thumb|ရှမ်းပြည်နယ်]]
 
[[တရုတ်ပြည်]]ကို မွန်ဂို (တာတာ) တို့က ၁၁ ရာစုတွင် သိမ်းပိုက်ခဲ့ပြီး နယ်ပယ်များ ဆက်လက်ချဲ့ထွင်ခဲ့ရာ ၄င်း ရှမ်း-တိုင် တို့ကိုလည်း အလွတ်မပေးခဲ့ချေ။ ထိုသို့မွန်ဂိုတို့ရန်ကြောင့် လူမျိုးစုကြီးပြိုကွဲသည့် ရလာဒ်အဖြစ် တောင်ဖက်တစ်လျှောက် စုန်ဆင်းအခြေချခဲ့ရာမှ ရှမ်းလူမျိုးအဖြစ် ပေါ်ထွက်လာကြသည်။ ၁၃ ရာစုတွင် အလုံးအရင်းဖြင့် တောင်ဖက်တလွှားသို့ ဆင်းလာကြရာ အနောက်ဖက် အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှသည် မြန်မာနိုင်ငံ မြောက်ဖက်နှင့် အလယ်ပိုင်းဒေသများ အပါဝင်၊ လာအို၊ [[ထိုင်းနိုင်ငံ|ထိုင်း]]နှင့် [[ဗီယက်နမ်နိုင်ငံ]] မြောက်ဖက်ပိုင်း အထိကျယ်ပြန့်စွာ အခြေချကာနေထိုင်ကြသည်။