မေတ္တသုတ်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၆၈ -
၁။ မေတ္တသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော်အာနုဘော်ကြောင့် ဘီလူးကြမ်းတို့သည် ကြောက်မက်ဖွယ်သော အဆင်း အသံ အစရှိသော အာရုံတို့ကို မပြဝံ့ မခြောက်ဝံ့ကြလေကုန်၊ မေတ္တာသုတ်ပရိတ်တော်ကို ညဉ့်အခါ၌လည်းကောင်း၊ နေ့အခါ၌လည်းကောင်း၊ မပျင်းမရိ လုံ့လပြု၍ ရွတ်ဖတ်သောသူသည် ...<br />
 
၂။ ချမ်းသာစွာအိပ်ရ၏။ အိပ်သော်လည်း မကောင်းသော အိမ်မက်ကို တစိုးတစိမျှ မမြင်မက်၊ ဤသို့ အစရှိသော ဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံသော မေတ္တာသုတ်ပရိတ်တော်ကို အို - သူတော်ကောင်းတို့ ငါတို့ ရွတ်ဖတ်ကြပါကုန်စို့။ <br />
၃။ လောကီ လောကုတ္တရာအကျိုးစီးပွား၌ လိမ်မာသောသူသည် ငြိမ်သက်အေးချမ်းသော နိဗ္ဗာန်ကို အာရုံပြု၍ ဤဆိုလတ္တံ့သောသူတော်ကောင်းနည်းလမ်းကို ကျင့်ကြံအားထုတ် ပြုလုပ်အပ်၏။ ကိုယ်နှင့်အသက်တို့ကို မငဲ့ကွက် မညှာတာ ပြုလုပ်ခြင်းငှာ စွမ်းနိုင်ရာ၏။ ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်ရာ၏။ စိတ်သဘောထား ကောင်းစွာ ဖြောင့်မတ်ရာ၏။ ဆိုဆုံးမလွယ်ရာ၏။ နူးညံ့သိမ်မွေ့ရာ၏။ သူတပါးအပေါ် ထောင်လွှားသော မာန်မာနမရှိရာ။ <br />
 
 
{{DEFAULTSORT:မ}}