"ဝါဆိုလ" ၏ တည်းဖြတ်မှု မူကွဲများ

၇၇၂ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၅ နှစ်
အရေးမကြီး
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး
အရေးမကြီး
==မ္လယ်တာလ (ဝါဆိုလ) ==
'''ဝါဆို'''သည် [[မြန်မာပြက္ခဒိန်]]၏စတုတ္ထလ ဖြစ်သည်။ ယခင်အမည်မှာ '''နွယ်တာ'''ဖြစ်သည်။ ဝါဆိုလတွင် ၃၀ ရက်ရှိသည်။ ရက်စုံသောလ ဖြစ်သည်။
ဝါထပ်သောနှစ်တွင် ပထမဝါဆို နှင့် ဒုတိယဝါဆို ဟူ၍ နှစ်မျိုးရှိပါသည်။ ဝါဆိုလပြည့်​ကျော် ၁၅-ရက်သည် မိုး​ရာသီ၌ အကျုံး​ဝင်သည်။ ဝါဆိုလတွင် မိုး​များ​သည်း​ထန်စွာ ရွာသွန်း​သဖြင့်​ လယ်ကွင်း​ပြင်တခုလုံး​ ​ရေ​တွေ​ဖွေး​နေသည်။ ထို့​ကြောင့်​ ဝါဆိုဝါ​ခေါင် ​ရေ​ဖောင်​ဖောင်-ဟု ဆိုကြသည်။
 
ဝါဆိုလ ဟူသောအမည်၌ ရှေးနှင့်နှောင်းပညာရှင်တို့ဝိဝါဒကွဲပြားခြင်းမရှိချေ။ ဝါဆိုသည်မှာ ပါဋိ ဝါသမှတိုက်ရိုက်လာသောစကား ဖြစ်၍ နေခြင်းဟုအဓိပ္ပယ် ရသည်။ ဆို ဟူသည်မှာ ရွတ်ဆိုခြင်း အနက်ရသည်။ မိုးတွင်းသုံးလအတွင်း ရဟန်းတော်များ ကျောင်း၌နေပါမည်ဟု အဆိုပြုသော လကို ဝါဆိုလဟုခေါ်သည်။ ကျောက်စာအဦးပိုင်းတွင် ဝါဆိုလကို မ္လယ်တာဟူ၍လည်းကောင်း၊ မြွယ်တာဟူ၍လည်းကောင်း ရေးသည်။ နှောင်းပိုင်းတွင် နွယ်တာဟူ၍လည်းကောင်း၊ နွေတာဟူ၍ လည်းကောင်း ရေးလာကြသည်။ သို့သော် မ္လယ်တာသည်သာလျှင် အရင်းခံဖြစ်သည်။ မ္လယ် ကားလယ်ယာမိုးမြေကိုဟောသည်။ တာ ကား တိုင်းတာခြင်းပင်ဖြစ်သည်။ လယ်ယာမြေတို့ကို တိုင်းတာသောလဟူလေသည်။
 
မ္လယ်တာ (ဝါဆို) အမည်ရှိသည့်စတုတ္ထလသည် ဇွန်-ဂျူလိုင်တွင် ကျရောက်သည်။ 'မ္လယ်' သည် “မြေ” ကို ရည်ညွှန်းပြီး 'တာ' က “ထွန်ယက်စိုက်ပျိုးသည့် မြေကို လိုသလောက် တိုင်းတာသည်”ဟု အဓိပ္ပာယ်ရသောကြောင့် ယခုလသည် ကောက်ပင် စိုက်ပျိုးမည့် မြေကို အကွက်ငယ်များအဖြစ် တိုင်းကာမြေကွက်များအား ကဇင်းတင်သည့်လုဖြစ်ကြောင်း ပေါ်လွင်ပါသည်။ ထိုမြေကွက်အတွင်း ကောက်စိုက်ရသည်။ အခုအခါ ဝါဆိုဟု ပြောင်းလဲခေါ်ရခြင်းမှာ ယခုလကမှ အစပြုပြီး ရဟန်းသံဃာတို့အနေဖြင့် မိမိ သီတင်းသုံးမြဲ ကျောင်းသင်္ခမ်းကို ခွဲခွာ၍ အခြားအရပ်တပါးသို့ မသွားရဟု စတင် ကန့်သတ်သည့်ကာလ ဖြစ်ဖြစ်ခြင်းကြောင့်ဖြစ်သည်။ ယခုလ၏ အထိမ်းအမှတ် ပန်းမှာ [[မြတ်လေးပန်း]] (Pomea coccinea) ဖြစ်သည်။ ပုန်း​ညက်ပန်း​၊​ မု​လေး​ပန်း​၊​ မိ​ကျောင်း​ပန်း​တို့​ ပွင့်​ကြသည်။
 
 
 
ပြည့်တွင် နွေဥတုရာသီကုန်ဆုံး၍ အတိတ်ဖြစ်လာသောကြောင့် အဆုံးအဖျား
အပိုင်းအခြားရောက်သည်ဖြစ်၍ နွေတာလဟုခေါ်သည် စသည်ဖြင့် ဖော်ပြ
ထား၏။
ထား၏။ ဝါဆိုဟူသောစကားတွင် ဝါသည် ပါဠိဘာသာ နေခြင်းဟော
 
==ဝါ==
ထား၏။ ဝါဆိုဟူသောစကားတွင် ဝါသည် ပါဠိဘာသာ နေခြင်းဟော
ဝါသပုဒ် ဖြစ်သည်ဆိုသည်။ မြန်မာဘာသာ ရွတ်ခြင်း၊ ဟောခြင်း ဟော
သည်။ ဝါဆိုဟူသည် မှာရဟန်းတော်တို့သည် မိုးသုံးလအတွင်း အခြား
တစ်ပါးသို့ အကြောင်းမဲ့မသွားရဘဲ မိမိတို့၏ ကျောင်းအရံအတွင်း၌ နေခြင်း
ဖြစ်လေသည် ။
 
( ဝါ။)
 
ဤသို့ရဟန်းတို့ ဝါဆိုသည်ကိုစွဲ၍ ဝါဆိုလ ဟုခေါ်သည် ။
၂၅၄၃၆

တည်းဖြတ်မှုများ