ခင်သန်းနု: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၂၆ -
ခင်သန်းနုသည် မြန်မာ့ရုပ်ရှင်တွင် အကယ်ဒမီရ သရုပ်ဆောင်မင်းသမီးတစ်ဦး ဖြစ်သည်။
 
ခင်သန်းနုသည် ပျဉ်းမနားမြို့၌[[ပျဉ်းမနားမြို့]]၌ ဦးအောင်သန်းနှင့် ဒေါ်နုတို့မှ မွေးဖွားခဲ့သည့် သားသမီး လေးဦးအနက် အကြီးဆုံးသမီးဖြစ်သည်။ ခင်သန်းနုသည် [[ဘယ်သန်]] ဖြစ်သည်။
မိခင်ဖြစ်သူ၏ တိုက်တွန်းမှုကြောင့် အားကစား လိုက်စားခဲ့ပြီး မန်းတိုင်းမယ်၊ ဥတ္တရ တိုင်းမယ်တို့ကို ဆွတ်ခူးရရှိခဲ့ကာ ၁၉၆၁-ခုနှစ်တွင် ပြည်ထောင်စုမယ်ဘွဲ့ကို ရရှိခဲ့ပါသည်။ ၁၉၆၁-ခုနှစ်၊ ဧပြီလတွင် မယ်ဘွဲ့ရခဲ့ပြီး မေလတွင် ရုပ်ရှင်သရုပ်ဆောင်အဖြစ် ရိုက်ကူးဖို့ ကမ်းလှမ်းခြင်း ခံခဲ့ရသူ ဖြစ်သည်။ ဒါရိုက်တာ မောင်သင် ရိုက်ကူးသည့် တင့်လှပေဟန် ဇာတ်ကားတွင် စာရေးဆရာ ဆရာဝန် သရုပ်ဆောင် မောင်သင်၊ မေသစ် တို့နှင့်အတူ တွဲဖက်ပြီး ပါဝင်သရုပ် ဆောင်ခဲ့ပါသည်။ပါဝင်သရုပ်ဆောင်ခဲ့ပါသည်။
 
တင့်လှပေဟန် ရိုက်ကူး နေဆဲမှာပင် ဒါရိုက်တာ မင်းရှင်နောင်က ချစ်သောသူ တစ်ယောက် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းလာပြန်ပါသည်။ ထိုကားမှာ နာမည်ကြီး သရုပ်ဆောင် ကြည်စိုး၊ စာရေးဆရာ သရုပ်ဆောင် ဝင်းဦးတို့နှင့် တွဲဖက် ပါဝင်ရမှာ ဖြစ်သည်။ စာရေးဆရာ ဝင်းဦးသည်လည်း မြတ်မော်ဦး ရုပ်ရှင် ထုတ်လုပ်ရေးမှ ဒါရိုက်တာ ဦးတင်ယု သရုပ်ပြ အမွှန်းတင် ရိုက်ကူးနေတဲ့ နှစ်ယောက်တည်းနေချင်တယ် ဇာတ်ကားမှာ ရုပ်ရှင်မင်းသမီးကြီး တင်တင်မူ၊ သမီး ဒေစီကျော်ဝင်း၊ အောင်မိုးတို့နဲ့ ရိုက်ကူး နေဆဲ ဖြစ်သည်။
 
ချစ်သောသူ တစ်ယောက်ချစ်သောသူတစ်ယောက် ဇာတ်ကားသည် ဝင်းဦးရော ခင်သန်းနုပါ ဒုတိယမြောက် လက်ခံခဲ့ကြတဲ့ ရုပ်ရှင်ကားဖြစ်ပေမယ့် ပထမကားများက နောက်ကျပြီး ချစ်သောသူ တစ်ယောက်ကချစ်သောသူတစ်ယောက်က အရင် ရုံတင်နိုင်ခဲ့ပါသည်။ ထို့ကြောင့် ဝင်းဦးနှင့် ခင်သန်းနုတို့၏ ပွဲဦးထွက် ဇာတ်ကားဟု ဆိုနိုင်ပါသည်။
 
အဲဒီကားများက အစအဲဒီကားများကအစ ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးလာတဲ့ ခင်သန်းနုဟာ အဲဒီခေတ်က ရေပန်းစားနေဆဲ ဖြစ်တဲ့ ရွှေဘ၊ တင်ညွန့်တို့နဲ့ တွဲဖက်ပြီး မြေကြီးနဲ့ ရွှေထီး ရိုက်ကူးခဲ့ဖူးပါသေးတယ်။ ဝင်းဦး၊ ခင်သန်းနုတို့ အတွဲဟာ ပရိသတ်များ အတွက် အတွဲညီတဲ့ သူများဖြစ်သလို ညွန့်ဝင်း ပေါ်လာချိန်မှာလည်း ညွန့်ဝင်း၊ ခင်သန်းနုတို့ဟာ ပရိသတ်များ ပါးစပ်ဖျားမှာ ရေပန်းစားတဲ့ အတွဲဖြစ်ခဲ့ပါတယ်။
 
ခင်သန်းနုဟာ ရုပ်ရှင် လောကမှာ မင်းသား အတော် များများနဲ့ တွဲဖက် သရုပ်ဆောင်ခဲ့ဖူး သူပါ။ ရွှေဘ၊ တင်ညွန့်၊ ဝင်းဦး၊ ညွန့်ဝင်း၊ စိန်မြင့်၊ မြတ်လေးတို့က အစ ဒီဘက်ခေတ် အထိဒီဘက်ခေတ်အထိ ခေါင်းဆောင်မင်းသမီး အဖြစ် ပါဝင် သရုပ်ဆောင်နိုင်စွမ်း ရှိခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်မှာ အေဝမ်း ရုပ်ရှင်မှ ဒါရိုက်တာ အေဝမ်းဦးတင်မောင် ရိုက်ကူး ခဲ့တဲ့ ကိုယ်ရယ်တိုးရယ် စိုးစိုးရယ် ဇာတ်ကားမှာ ယောက်ျားလျာလေး အသွင် သရုပ်ဆောင် မှုပီပြင်ခြင်းကြောင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူး ရရှိခဲ့ပါတယ်။
 
၁၉၇၅ ခုနှစ်မှာ ဗိုလ်မှူးကြီး မောင်မောင်ခင်နဲ့ဗိုလ်မှူးကြီးမောင်မောင်ခင်နဲ့ အိမ်ထောင်ပြုခဲ့ပြီး သား ဝေယံမင်းခင်၊ သမီး နှင်းလွှာနုတို့ ကို မွေးဖွားခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ စစ်သံမှူး အဖြစ် သွားရောက်တာဝန် ထမ်းဆောင်ရချိန်မှာ ခေတ္တ ခဏ လိုက်ပါသွားခဲ့ပေမယ့် ရုပ်ရှင်လောကနဲ့ အကြာကြီး အဆက်မပြတ်ခဲ့ပါဘူး။ ခင်သန်းနုက သားနဲ့သမီးကို ကိုယ်ဝန်ဆောင်ထားရတဲ့ အချိန်များမှာတောင် ကိုယ်ဝန် ခြောက်လအထိ ရုပ်ရှင်ကား များကို လက်ခံရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။
 
ခင်သန်းနုရဲ့ မိခင်ဖြစ်သူ ဒေါ်နုက သား ကျော်မောင်မောင်သွင် ခေါ် မောင်မောင်၊ သမီး ခင်ချိုဆက်၊ ခင်မြတ်ကြူတို့ကိုလည်း အစ်မဖြစ်သူအား အားကျဖို့ တိုက်တွန်းခဲ့တဲ့ အတွက် သူတို့ သုံးယောက်ဟာလည်း ရုပ်ရှင် သရုပ်ဆောင်များ ဖြစ်လာခဲ့ ကြဖူးပါတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင်က ရုပ်ရှင်ကို ဝါသနာ မထုံခြင်းကြောင့် ကြာရှည်ရိုက်ကူးခြင်း မပြုခဲ့ ကြပါဘူး။
စာကြောင်း ၅၀ -
မှုံရွှေရည် ရဲ့အဆက် ဖြစ်တဲ့ ခိုင်မာလာနှင်းဆီ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးရာ မှာ မင်းသမီးဇာတ် ဖြစ်တဲ့ အတွက် ဝင်းဦးက ခင်သန်းနု ထူးချွန်ဆု ဆွတ်ခူးနိုင်တယ် လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် ရိုက်ရင်းတန်းလန်းမှာ ဝင်းဦး ကွယ်လွန်သွားတဲ့အတွက် ကျန်အပိုင်းများကို ဒါရိုက်တာကြည်စိုးထွန်းက ဆက်လက်ရိုက်ကူးပြီး ဝင်းဦး နေရာမှာ ရန်အောင်က သရုပ် ဆောင်ခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှ ခိုင်မာလာနှင်းဆီ ကို ရုံတင်နိုင်ခဲ့ပြီး ထူးချွန်ဆုပေး ပွဲမှာ နှစ်ကိုယ်ခွဲ ပိုင်ပိုင်နိုင် နိုင်သရုပ်ဆောင်ခဲ့တဲ့ ခင်သန်းနုကို မျှော်လင့်ခဲ့ကြပေမယ့် ထူးချွန်ဆုနဲ့ လွဲခဲ့ပါတယ်။
 
၁၉၈၈ ခုနှစ်မှာ ဗိုလ်မှူးကြီး မောင်မောင်ခင်နဲ့ ကွာ ရှင်းပြတ်စဲပြီးဖြစ်တဲ့ ခင်သန်းနုက ဒေါက်တာမြတ်သူရစိုး နဲ့ ဒုတိယအိမ်ထောင် တည်ထောင်ခဲ့ပါတယ်။ သမီးလေး မြတ်သန်းနုစိုး မွေးဖွားခဲ့ပြန်ပါတယ်။ သမီးလေးကိုယ်ဝန် ဆောင်စဉ်ကာလ အတွင်းမှာ ဒါရိုက်တာ မီးပွား ရိုက်ကူးတဲ့ သမီးတစ်ကောင် နွားတစ် ထောင်နွားတစ်ထောင် ဗီဒီယိုကားကို သရုပ်ဆောင်ခဲ့ပြန်ပါတယ်။
 
ခင်သန်းနုဟာ ရုပ်ရှင် လောကထဲဝင်ရောက်လာတဲ့ အမျိုးသား သရုပ်ဆောင်သစ် များစွာတို့ကို လက်တွဲခေါ်ယူ စင်တင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ ဥပမာ လင်းအောင်၊ ဇော်လင်း၊ ထွန်းထွန်း ဝင်း၊ မောင်သန်းဝင်းတို့ဟာ ခင်သန်းနုနဲ့ တွဲဖက်ခဲ့ကြတဲ့ သရုပ်ဆောင်သစ်များ ဖြစ်ပါ တယ်။