စန္ဒာဒေဝီ မိဖုရားခေါင်ကြီး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၂၂ -
# ငယ်ကလွန်​သော သား​တော်တစ်ပါး​။
# သမီး​တော် သီရိမဟာမင်္ဂလာ​ဒေဝီ - သက္ကရာဇ် ၁၁၀ဝ ပြည့်​နှစ်ဖွား​သည်။ ခမည်း​တော်နှင့်​ ​မောင်​တော် နှစ်ပါး​လက်ထက် ကန်နီမြို့​ကို ကံ​ကျွေး​ခံရသည်။ ရတနာသိင်္ဃမြို့​ တုလွတ်ဘုံသာ​ကျောင်း​ ဒါယိကာမ ဖြစ်သည်။ ငယ်မည်မှာ မယ်သာ။
# သား​တော် သုဓမ္မရာဇာ - သက္ကရာဇ် ၁၁၀၂ ခုနှစ်ဖွား​သည်။ ခမည်း​တော်နှင့်​ ​နောင်​တောင် မင်း​နှစ်ပါး​လက်ထက်၊​ အမြင့်​မြို့​၊​ တလုပ်မြို့​များ​ကို ကံ​ကျွေး​ခံရသည်။ [[စဉ့်ကူးမင်း|ငစဉ့်​ကူး​မင်း​]] လက်ထက် ​ရေမှာ ​ဖျောက်ခံရသည်။ ငယ်မည်မှာ ​မောင်ပိုး​ ဖြစ်သည်။
# သမီး​တော် သီရိမဟာရတနာ​ဒေဝီ - သက္ကရာဇ် ၁၁၀၄ ခု ဖွား​သည်။ ခမည်း​တော်နှင့်​ ​မောင်​တော်နှစ်ပါး​ လက်ထက် မင်း​ခမ်း​မြို့​၊​ [[ဗဒုံမင်း​]]လက်ထက် ပန်း​တောင်း​မြို့​များ​ကို ကံ​ကျွေး​ခံရသည်။ အဝမြို့​ ဘုံသာစံလွတ်​ကျောင်း​ ဒါယိကာမ ဖြစ်သည်။ ငယ်မည်​တော်မှာ မယ်မြတ်လှ ဖြစ်သည်။
# သား​တော် သတိုး​မင်း​လှ​ရွှေ​ဘော်မှာ ခမည်း​တော်နှင့်​ ​နောင်​တော်နှစ်ပါး​လက်ထက် ဗဒုံ၊​ မြဝတီမြို့​များ​ကို ကံ​ကျွေး​ခံရ၍ ​နောက် မင်း​ဖြစ်​တော်မူသည်။ ငယ်မည်​တော် ​မောင်​ရွှေဝိုင်း​ တွင်သည်။ ဘိုး​တော်ဦး​ဝိုင်း​ဟု လူသိများ​၍ ဘိုး​တော်ဘုရား​ဟု ရာဇဝင်၌ တွင်သည်။